ဒေါ်လာဂယက်ကြားက လူငယ်တွေ အလုပ်အကိုင်မဲ့လာ

“ကျနော် အခု အလုပ်လက်မဲ့ဖြစ်နေပြီ။ မိသားစု စားဝတ်နေရေး ဘာဆက်ဖြစ်လာမယ်ဆိုတာ မသိတော့ဘူး။ တဖက်ကလည်း ကုန်စျေးနှုန်းတွေက မြင့်နေတယ်” လို့ တောင်ကြီးမြို့ နိုင်ငံခြားဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ်ရှိ စိုင်းဖ က ညီးထွားနေပါတယ်။

အလုပ်လက်မဲ့ဖြစ်လာတဲ့လူငယ်များ

စစ်ကောင်စီရဲ့ သွင်းပို့ကုန် မူဝါဒပြောင်းလဲမှု၊ အမေရိကန်ဒေါ်လာ ဈေးမြင့်တက်မှုနဲ့ မြန်မာကျပ်ငွေ တရိပ်ရိပ် ကျဆင်းနေတဲ့ အတွက် နိုင်ငံခြားသွင်းကုန်ကုမ္ပဏီတွေ ပိတ်ဆိုင်းလိုက်ရတဲ့ အဆင့်ပါပဲ။

အဲ့ထဲမှာ စိုင်းဖ တို့ရဲ့ နိုင်ငံခြားဆေးကုမ္ပဏီ တခုအပါအဝင်ဖြစ်တဲ့အတွက် လက်ရှိအခြေအနေထားမှာတော့ စိုင်းဖ ဟာ အလုပ်လက်မဲ့ တစ်ဦးဖြစ်နေပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်တဲ့ ကုန်သွယ်မှု နဲ့ နိုင်ငံခြား ငွေလဲလှယ်မှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ဇူလိုင်လ ကစပြီး ဒေါ်လာစျေးတွေဟာ တရိပ်ရိပ်မြင့်တက်လာပြီး နိုင်ငံခြားကုန်ပစ္စည်းတွေကလည်း စျေးလိုက်မြင့်တက်လာပါတယ်။

“ဒေါ်လာစျေးတွေ အခုအရမ်းတက်ပြီး မြန်မာငွေစျေးကျရင် ကုမ္ပဏီကလည်း မခံနိုင်ဘူးလေ။ အခုဆိုရင် ကျနော်တို့ ကုမ္ပဏီတစ်ခုတည်း ဖြစ်တာတော့မဟုတ်ဘူး။ ပိတ်လိုက်ရတဲ့ကုမ္ပဏီတွေက များတယ်” လို့ စိုင်းဖ ကပြောပြပါတယ်။

လက်ရှိကာလမှာ စားသောက်ကုန်စျေးနှုန်းတွေကလည်း တရှိန်တိုးမြင့်တက်လာတဲ့အလျောက် အလုပ်လက်မဲ့ ဖြစ်တဲ့သူ တစ်ယောက်အနေနဲ့ နိုင်ငံခြားထွက်ပြီး ငွေရှာရန်သာ စဥ်းစားနေရတယ်လို့ စိုင်းဖက အားငယ်စွာ ပြောပြလာပါတယ်။

“ကျနော် အခု ထိုင်းဘက်သွားဖို့ စဥ်းစားထားတယ်။ ဒီမှာက ဘယ်လိုမှ ရပ်တည်မရတော့ဘူး။ ကုန်စျေးနှုန်းကလည်းတက် အလုပ်ကလည်းမရှိရင် မလွယ်ဘူး။ ဝင်ငွေရဖို့တော့လုပ်ရမှာပဲလေ” လို့ သူက ထပ်လောင်းပြောပါတယ်။

ဒေါ်လာစျေးတွေ မတည်ငြိမ်မှုကြောင့် နိုင်ငံခြား သွင်းကုန် ကုမ္ပဏီတွေကို ယာယီပိတ်လိုက်ရတာလည်း ရှိသလို အပြီးပိုင်ပိတ်လိုက်ရသည့် ကုမ္ပဏီများလည်းရှိပါတယ်။

တချို့ မပိတ်သိမ်းရသေးတဲ့ ကုမ္ပဏီတွေကလည်း ဝန်ထမ်းတွေကို လစာလျှော့ကျတာတွေ၊ ဝန်ထမ်းလျှော့ချတာတွေကို ပြုလုပ်နေတာတွေလည်း တွေ့မြင်နေရပါတယ်။

ပြည်တွင်းအလုပ်လက်မဲ့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်အလုပ်လုပ်တဲ့ လူငယ်များ

ဝန်ထမ်းတွေကို လစာလျှော့ချလိုက်ရတဲ့အတွက်ကြောင့် ဝန်ထမ်းမတည်မြဲတာ၊ နှုတ်ထွက်ခွင့်တောင်းတာတွေ နဲ့လည်း ရင်ဆိုင်နေရတယ်လို့ တောင်ကြီးမြို့က ကုန်ပစ္စည်း လက်လီ၊လက်ကာ ဖြန့်ဖြူးပေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာက ပြောပါတယ်။

“ စီးပွားရေးလည်းမကောင်းဘူး။ အခုက ဒေါ်လာဈေးလည်းတက်လာတော့ ပို့ဆောင်ရေးကလည်း အရင်လိုမလွယ်တော့ဘူး။ အဲ့လိုဖြစ်လာတော့ ဝန်ထမ်းတွေကို လစာလျှော့လိုက်ရတာပေါ့။ လစာလျှော့လိုက်တော့ ဝန်ထမ်းတွေ သိပ်မမြဲတော့ဘူး။ တစ်ချို့က အဆင်မပြေလို့ ထွက်လိုက်ကြတယ်” လို့ ၎င်းမန်နေဂျာက ပြောပြပါတယ်။

အရင်က ဝန်ထမ်းတွေကို လစာ ၅ သိန်းထိပေးနိုင်ခဲ့ပြီး အခု နောက်ပိုင်း ဝန်ထမ်းတစ်ဦးက ၂ သိန်းဝန်းကျင်လောက်တာ ပေးနိုင်တာကြောင့် စိတ်ဓာတ်ကျသွားတဲ့ ဝန်ထမ်းတွေလည်းရှိကြောင်း မန်နေဂျာက ဆိုပါတယ်။

“အရင်က စီးပွားရေးကောင်းတော့ လစာကောင်းကောင်းပေးနိုင်တယ်လေ။ ရောင်းလည်းရောင်း ကောင်းတယ်လေ။ အခုက နိုင်ငံရေးခြေနေတွေ နဲ့ စီးပွားရေးမကောင်းတော့ လစာတွေလျှော့လာပေးရတော့ သူတို့လည်း စိတ်ဓာတ်ကျ သွားမှာပေါ့။ ဝန်ထမ်းအသစ်တွေပြန်ခေါ်တော့လည်း အလုပ်တွေပြန်သင်ပေးရတယ်။ တစ်ချို့က အလုပ်တက်သွားပြီး အမြဲမလုပ်နိုင်တော့ အချိန်ကုန်ခက်ခဲတာပေါ့” ဟု ကုမ္ပဏီ မန်နေဂျာက လက်ရှိကြုံတွေ့နေရတာတွေကို ပြောလာပါတယ်။

စစ်ကောင်စီ ရဲ့ သွင်းပို့ကုန် မူဝါဒတွေပြောင်းလဲမှုကြောင့် နဲ့ ကုန်ပစ္စည်းတွေ သွင်းပို့ရတာခက်ခဲတာကြောင့် တစ်ချို့ရက်တွေမှာ ကုန်ပစ္စည်းတွေ မပို့ရတဲ့ရက်လည်းရှိတယ်လို့ ရန်ကုန်မြို့ ဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ သျှမ်းတိုင်းရင်းသားဝန်ထမ်း စိုင်းကျော်က ပြောပြပါတယ်။

“ အလုပ်ကတော့ အရင်လိုလုပ်ရတာပါပဲ။ နိုင်ငံခြားကနေ ကုန်ပစ္စည်းတွေတော့ သိပ်မဝင်တော့ဘူး။ လစာလည်း လျှော့ခံရတာပေါ့။ လစာနည်းလာတော့ ဒီမှာနေဖို့ အတွက် နည်းနည်းပြန်ခက်ခဲလာတယ်။ ပြီးတော့ အိမ်ကိုလည်း သိပ်မပို့နိုင်တော့ဘူး” လို့ စိုင်းကျော်က ပြောပါတယ်။

လတ်တလော နိုင်ငံရေး အခြေအနေ ကုန်စျေးနှုန်းမြင့်တက်မှုတွေကြား လစာလျှော့ခံရတဲ့ စိုင်းကျော်တယောက် ရန်ကုန်မြို့ကြီးမှာ နေထိုင်ရတာ ပိုမိုကြပ်တည်းလာပြီး သျှမ်းပြည်မှာကျန်ရှိတဲ့ မိသားစုကိုလည်း အပြည့်အဝ မထောက်ပံ့နိုင်တော့ပေ။

“ အလုပ်ကလည်း လစာလျှော့လာတော့ ကျနော်ဒီမှာ နေရတာလည်း ခက်ခဲလာတယ်။ အဆောင်ခလည်းဈေးတက်၊ ကုန်ပစ္စည်းတွေလည်းဈေးတက်လာတယ်။ တစ်လတစ်လ ဘာမှ မစုနိုင်တော့ဘူး။ ပြီးတော့ အိမ်ကိုလည်း ပုံမှန်မပို့ပေးနိုင်တော့ဘူး။ နောက်ဆိုရင် ကျနော်လည်း သူငယ်ချင်းတွေလို ထိုင်းနိုင်ငံကိုပဲ သွားရတော့မယ်” လို့ စိုင်းကျော်က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

အာဏာသိမ်းလာပြီး ၁ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတွေ ကမောက်ကမ ဖြစ်လာတဲ့အတွက် ဝန်ထမ်းတွေလည်း ထမင်းအိုးကွဲတဲ့ အဆင့်တွေဖြစ်လာပါတယ်။

“ ကျမဆိုရင် အသက်ကြီးတဲ့မိဘတွေကို ရှာကျွေးနေရတာ။ ဝင်ငွေမရှိရင် စားစရာမရှိ၊ မိဘတွေဆေးဖိုးမရှိတဲ့ ဘဝဖြစ်တော့မယ်။ လမ်းတွေပျောက်နေတယ်”လို့ နိုင်ငံခြားကုန်ပစ္စည်းတွေရောင်းတဲ့ အရောင်းစာရေး မသန္တာ က ပြောပါတယ်။

မြန်မာပြည်ရဲ့ အခြေခံစားသောက်ကုန်တွေ ဆေးဝါးတွေ စက်သုံးဆီတွေ အားလုံးဟာ ဒေါ်လာအတက်အကျနဲ့ သက်ဆိုင်တဲ့အတွက် ဒေါ်လာဂယက်ဟာ လူတန်းစားအားလုံးရဲ့ အရေးဖြစ်ပါတယ်။

ပြည်တွင်းအလုပ်လက်မဲ့ကြောင့် နယ်စပ်ထွက် အလုပ်လုပ်တဲ့လူငယ်များ

ဒီစစ်အာဏာသိမ်းပြီး စစ်ကောင်စီရဲ့ မျိုးစုံသော မူဝါဒတွေ ဒေါ်လာ ဂယက်ကြောင့် လခစား ဝန်ထမ်းတွေနဲ့ ပြည်သူလူထုတွေဘဝဟာ ပိုပြီးကြပ်တည်းလာပါတယ်။

ဒါ့ကြောင့် စစ်အာဏာသိမ်းမှုဟာ မြန်မာပြည်သားတိုင်းနဲ့ သက်ဆိုင်တဲ့အရာဖြစ်ကြောင်း၊ တော်လှန်ရေးကြီး မအောင်မြင်သရွှေ့ တိုင်းပြည်က ပိုမိုကြပ်တည်းလာမယ် လို့ မသန္တာ က ဆိုပြန်ပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရက်တွေဟာ မြန်မာပြည်လူသားတွေအားလုံးကို စိတ်ဒဏ်ရာရအောင် တနေ့တနေ့ ပြုလုပ်နေတဲ့သဘော ဖြစ်နေတယ်လို့ သျှမ်းပြည် လူငယ်တွေက မှတ်ချက်ပြုလိုက်ပါတယ်။

‘ အလုပ်လက်မဲ့ ဘဝဆက်ပြီး လရှည်ပါက မိသားစုစားဝတ်နေရေး ပိုခက်ခဲလာပြီး၊ စုဆောင်းထားတဲ့ဝင်ငွေမရှိတော့ပါက မိဘတွေရဲ့ နာတာရှည်ရောဂါအတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်”လို့ မသန္တာက အားငယ်စွာနဲ့ ပြောလာပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သျှမ်းပြည် အတွင်း အသက်မပြည့်သေးသည့် လူငယ်များကြား ဘိန်းစာရွက်ရည်ခေတ်စားနေ

0
သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည် သုံးစွဲသူများပြားပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းချမှုများလည်း ရှိနေကြောင်း စုံစမ်းသိရသည်။  စစ်အာဏာသိမ်းပြီးစ ၂၀၂၁ခုနစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဘိန်းစာရွက်ရည်သုံးစွဲမှုသည်  သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်။ မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်များတွင်သာ တွေ့ရသော်လည်း လက်ရှိတွင် သျှမ်းပြည် တဝှမ်းသို့ ပျံ့နှံ့လာပြီး အသက်မပြည့်သေးသည့်သူများလည်း သုံးစွဲနေသည်။  လက်ရှိ...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...