Thursday, April 25, 2024

ကျောက်မဲမြို့ အရက်မူးလွန်ပြီး သေနေသည့် အလောင်းတွေ့

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက် (၇) ရှိ ဂေါက်ကွင်းထဲတွင် အရက်မူးလွန်ပြီး သေနေသည့် အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၃၀ ရက် ည ၆ နာရီဝန်းကျင်အချိန်တွင် ဂေါက်ကွင်းထဲမှာ အသက် (၄၀) နီးပါးအရွယ်ခန့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသည့် အလောင်း

“ကျောက်မဲမြို့မှာတော့ အဲ့လိုအိမ်ခြေမဲ့၊ ပိုင်ရှင်မဲ့အလောင်းတွေ ခဏခဏတွေ့တယ်။ အခုအလောင်းက တပ်ကြပ်ရဲ့ သား အလောင်းလို့ပြောတယ်။ အခုသေသွားတာက အရက်သောက်လွန်ပြီး သေသွားတယ်လို့တော့ ကြားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူမှာ ကျောက်မဲမြို့နယ်ထဲရှိ စစ်ကောင်စီ တပ်ကြပ်တစ်ဦးရဲ့ သား ကိုထွန်းထွန်းဦး ဖြစ်ကြောင်း အရက်သောက်လွန်ပြီး သေဆုံးသွားခဲ့ကြောင်း ဆိုသည်။

ထို့အပြင် စက်တင်ဘာလအတွင်း ကျောက်မဲမြို့တွင် ပိုင်ရှင်မဲ့အလောင်း ၂ လောင်း တွေ့ရှိပြီး အများအားဖြင့် အရက်သောက်သုံးသူများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article