၇ လအတွင်း ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်အား တာချီလိတ်သို့ ထိုင်းအစိုးရပြန်ပို့

ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေ နှင့် မကိုက်ညီသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့် အား ထိုင်းအစိုးရက ဖမ်းဆီးကာ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်တံတားမှ တဆင့် မြန်မာအစိုးရထံ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့က တာချီလိတ်-မယ်ဆိုင်နယ်စပ်သို့ အဖမ်းခံရ ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးအားထိုင်းရဲများ ထပ်မံပို့ဆောင်၊ မြန်မာအာဏာပိုင်များလက်ထဲပေးအပ်

ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ၇ လတာကာလအတွင်း ဖမ်းဆီးခံရသည့် ရွှေ့ပြောင်း အလုပ်သမားများအနက် တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ် ၂ မှတဆင့် မြန်မာအာဏာ ပိုင်များထံ တရားဝင်ပြန်လည် လွှဲအပ်ခံရသော အလုပ်သမား ၆၀၀ ရှိပြီဖြစ်ကြောင်း (ကျား ၃၉၉ နှင့် မ ၂၀၁ ဦး) ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ဇူလိုင်လ ၁၇ ရက်နေ့က ကားတစီးစာ ၁၄ ယောက် ထိုင်းရဲတွေ ထပ်လာပို့တယ်။ အဝင်လည်းနေ့တိုင်းတွေ့ရတယ်။ တချို့လည်းအလည်၊ တချို့လည်းဆေးကု၊ တချို့လည်း အလုပ်လုပ် ဖို့ပေါ့နော်။ အစက တင်းကျပ်စစ်ဆေးမယ်လို့ထိုင်းအစိုးရ ကြေငြာတော့ ၀င်တဲ့သူနဲနဲပါးမယ်။ ဒါမယ့် ဒီ ဂူတွင်းပိတ်မိတဲ့ကလေးတွေကိစ္စကြောင့် အာဏာပိုင်တွေက ဒီဘက်ကိုအာရုံစိုက်မှုနဲနဲပါးသွားတယ်လို့ထင် တာဘဲ။ မဟုတ်ရင်တော့ မယ်ဆိုင်ဘက်ခြမ်းစျေးဝယ်ဖို့တောင် သွားရဲကြမှာမဟုတ်ဘူး။ ဒါမယ့်တခြားနေရာ ကဖမ်းလာပြီး နယ်စပ်ကိုလာပို့တာတော့ မကြာမကြာတွေ့နေရတုန်းပါဘဲ” – ဟု မယ်ဆိုင်ဘက်ခြမ်း စျေးအတွင်း အသုံးအဆောင်ပစ္စည်းရောင်းနေသော စျေးသည်နန်းဆိုင် ကပြောသည်။

ထိုင်းရဲများဖမ်းဆီးကာနယ်စပ်ပြန်ပို့ခံရသည့် သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ်သမားများအား တာချီလိတ်မြို့ ဘက်ခြမ်းရှိ မြန်မာအာဏာပိုင်များက နေရပ်ပြန်ပို့ပေးမည်ဟု ပြောဆိုကြောင်း ထိုင်းသတင်းဌာနများ တွင်ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့် လက်မှတ်မရှိခြင်း၊ လက်မှတ်အတွင်းပါရှိသည့် လိပ်စာနှင့် လက်ရှိအလုပ်လုပ်ကိုင်နေသောနေရာ မညီညွတ်ခြင်း၊ ပတ်စပို့ သက်တမ်းကုန်ဆုံးခြင်း၊ ဗီဇာ သက်တမ်းကုန်ဆုံးခြင်း၊ ရက် ၉၀ သတင်းမပို့ခြင်း – စသည့်အလုပ်သမားများ စစ်ဆေးတွေ့ရှိပါက ဖမ်းဆီး အရေးယူခြင်းခံရမည်။

ဖမ်းဆီးခံရသည့် မြန်မာရွွှေ့ပြောင်းအလုပ်သမားများအား တာချီလိတ်-မယ်ဆိုင်ဂိတ် ချစ်ကြည်ရေးတံတား၊ မြဝတီ-မဲဆောက်ဂိတ်ချစ်ကြည်ရေးတံတားများ မှ တဆင့် မြန်မာအစိုးရထံ ပြန်လှယ်လွှဲအပ်ခြင်းရမည်။

ရွှေ့ပြောင်းအလုပ်သမားများအား စီမံကိန်းကာလ ၃ ခုဖြင့် အတင်းအကြပ်စစ်ဆေးဖမ်းဆီးသွားမည်ဟု ထိုင်းအစိုးရ အလုပ်သမားရေးရာဌာနက ပြီးခဲ့သည့်ဇွန်လဆန်းက ကြေငြာခဲ့ဖူးသည်။ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်နေ့အထိတကြိမ်၊ သြဂတ်စ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိတကြိမ်၊ စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိတကြိမ် စစ်ဆေးဖမ်းဆီးသွားမည်ဖြစ်ကြောင်းကြေငြာထားသည်။

ထိုင်းနိုင်ငံမှာအလုပ်လာလုပ်တယ်ဆိုတော့ အဖမ်းမခံရအောင် ထိုင်းအစိုးရကထုတ်ပြန်ထားတဲ့ စည်းကမ်း အတိုင်းတော့လုပ်ရမှာပေါ့နော်။ ဒီ ၂ လ ၃ လ အတွင်းမှာ ထိုင်းအာဏာပိုင်တွေကနေ ဆက်တိုက်စစ်ဆေး သွားမယ် လို့ထုတ်ပြန်ထားတဲ့အတွက် သတိထားနေထိုင်သင့်ပါတယ် ၊ အလုပ်သမားဥပဒေ မချိုးဖေါက် မိအောင်လဲ ဆင်ခြင်သင့်တယ် – ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအား အကူအညီပေးနေသည့် HRDF အဖွဲ့မှ အလုပ်သမား ဥပဒေပိုင်းဆိုင်ရာ ဆရာစိုင်းပိန်း ကပြောသည်။

ထိုင်းနိုင်ငံအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာဌာနတို့ ထုတ်ပြန်သော သတင်းအရ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံပူးပေါင်းအာဏာပိုင်များက အလုပ်ရှင် ၁၆၂၃ ဦး၏ လုပ်ငန်းခွင်များအား စစ်ဆေးရာတွင် တရားဝင်မဟုတ်သောအလုပ်ရှင် ၁၅၆ ဦးအားဖမ်းဆီးရမိပြီး အလုပ်သမားဦးရေ ၃ သောင်း ကျော်အနက် တရားဝင်မဟုတ်သောအလုပ်သမား ၈၁၆ ဦးအားဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ပါသည်။ ထိုအနက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားမှာအများဆုံးဖြစ်ကြောင်းဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို ID ကတ်ပြား ထုတ်ပေးသည့် အစီအစဉ် ထိုင်းအစိုးရ တရားဝင်စတင်

0
လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားသော ယာယီခိုလှုံရာစခန်းများ၌ အထူးခွင့်ပြုချက်ဖြင့် နေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား (ID cards) များ စတင်ထုတ်ပေးမည့် လူဦးရေစီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ထိုင်းနိုင်ငံ အုပ်ချုပ်ရေးဦးစီးဌာန (DOPA) က တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း Khaosod...