Wednesday, January 28, 2026

ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး တွေ့ဆုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင်ပထမဆုံးအကြိမ်ကျင်းပ

သျှမ်းသံတော်ဆင့်/နန်းမောက်မိုဟျိုးခမ်း ။                  ။ ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအသင်းများ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို တောင်ကြီးမြို့ မြို့တော်ခန်းမ တွင်ပထမဆုံးအကြိမ် ကျင်းပခဲ့ပါသည်။

တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပ သည့် ရင်ခွင်မဲ့ကလေးလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအသင်းများ ဖွဲ့စည်းရေးတွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား

အဆိုပါ အခမ်းအနားကိုဂျူလိုင် ၂၄ ရက်၂၀၁၈ တွင်ကျင်းပ ရာ အမျိုးသမီးအသင်း ၊ လွှတ်တော်ဥက္ကဌ များ NLD ကိုယ်စားလှယ်များ၊မြို့မိမြို့ဖများ၊ မိဘမဲ့ဂေဟာမှဦးဆောင်သူများ နှင့်သားဖွားအဖွဲ့များ တက်ရောက် ဆွေးနွေးခဲ့ ပါသည်။

“ရင်ခွင်မဲ့ ကလေးငယ်များ ကိန်းဂဏန်း အတိအကျတော့မရှိဘူး။ ရပ်ကွက်နဲ့ ပုဂ္ဂလိက မှာစွန့်ပစ်တဲ့ကလေးတွေ ကျတော့စာရင်းကောက်ရခက်တယ်။ ဆေးရုံမှာတော့ စွန့်ပစ်ခံရတဲ့ကလေး ကိန်းဂဏန်းတက်လာတယ်” ဟု ရင်ခွင်မဲ့ ကလေးငယ် များလျော့ချရေးနှင့် ကာကွယ်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြသီတာ ကပြောသည်။

လက်ရှိတွင် ရင်ခွင်မဲ့ကလေးငယ်များ တနှစ်ထက်တနှစ် ပိုမိုများပြားလာနေရာ ၊ အဓိက မျိုးဆက်ပွားအသိပညာပေးလုပ်ခြင်းအားဖြင့် တဖက်တလမ်းကလျှော့ချနိုင်ကြောင်း ဒေါက်တာမြသီတာကပြောသည်။

သူငယ်တော်ရည်စူးကျောင်း မိဘမဲ့ဂေဟာမှ Sister Natalina Miza ကလည်း ” ကလေးတွေ လ သားအရွယ်ကစပြီး အများအားဖြင့်ရောက်လာတယ်။ သူတို့တွေရဲ့ ကျန်းမာရေး ရယ် အာဟာရ တွေကို ပြည့်ဝဖို့အတွက်ကျွေးမွေးစောင့်ရှောက်ပေးပါတယ်။ သူတို့ကြီးလာရင် ညာဏ်ရည်မမှီမှာစိုးလို့”ဟုသျှမ်းသံတော်ဆင့်ကိုပြောကြားသည်။

တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပသောအဆိုပါအခမ်းအနားတွင် တက်ရောက် သူပေါင်း၂၀၀ ကျော် ရှိပါသည်။

အဆိုပါအခမ်းအနားမျိုးကိုယခင်က နေပြည်တော် ကယားပြည် ကရင်ပြည် မွန်ပြည်နယ် တနင်္တာရီ မန္တလေး စစ်ကိုင်း မကွေးတို့တွင်ကျင်းပ ခဲ့ ကြောင်းသိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...