Wednesday, January 28, 2026

လယ်ဧကတသိန်းခွဲ ကျော် ပျက်စီးမည့် မိုင်းဖြတ် ရွှေတူးဖော်ရေးဒေသခံများကန့်ကွက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ရွှေတူးဖော်မည့်ကုမ္မဏီများ အားပြန် လည်စီစစ်ပေးရန်နှင့် ဒေသခံလူထုအလိုမရှိသော အဆိုပါစီမံကိန်းအား ရပ်တန့်ပေးရန် ရေးသားထားသည့် စာတစောင်အား ပြည်ထောင်စုအစိုးရထံ ပေးပို့မည်ဖြစ်ကြောင်းသိရသည်။

ရွှေတူးဖော်ရေးစီမံကိန်းကန့်ကွက်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့က မိုင်းဖြတ်မြို့မှာပြုလုပ်ခဲ့တဲ့ ဒေသခံလူထု၊ ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲ

ဇူလိုင်လ ၂၃ ရက်နေ့က မိုင်းဖြတ်မြို့တွင် ဒေသခံလူထု၊ ရပ်မိရပ်ဖ၊ လွှတ်တော်ကိုယ်စားလှယ်များ မိုင်းဖြတ် မြို့နယ်တွင် တွေ့ဆုံကာ မိုင်းဖြတ်မြို့နယ်အတွင်း လယ်ယာမြေဧက ၁ သိန်း ၄ သောင်းကျော်အတွင်း ပြုလုပ်မည့် ရွှေတူးဖော်ရေးစီမံကိန်းသည် ဒေသခံလူထုအတွက် ဆိုးကျိုးများစွာသက်ရောက် မည်ဖြစ်သဖြင့် အလိုမရှိကြောင်း ပြည်ထောင်စုအစိုးရထံ စာရေးသားပေးပို့မည်ဖြစ်ကြောင်း ဆွေးနွေး သဘောတူခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ် ကျားခေါင်းပါတီ SNDP မြို့နယ်ဥက္ကဌ စိုင်းခမ်းဇန် က – အရင်က ကျနော်တို့ အကြိမ်ကြိမ် စာရေးသားပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ ပြည်နယ်အစိုးရဆီကိုလည်း စာရေးသားပေးပို့ခဲ့ဖူးပါတယ်။ သို့ပေမယ့်ဘာမှထူးခြားလာတာမရှိတဲ့အပြင် ကုမ္မဏီတွေတောင်မှ မြေနေရာတွေကိုလာပြီး စမ်းသပ်ကြည့်ရှု နေကြပြီ။ အစိုးရဘက်ကလည်း ဒါကို ခွင့်ပြုပေးပြီးပြီလို့ကြားရပါတယ်။ဒါကြောင့် ပြည်ထောင်စုအစိုးရဆီကို တိုက်ရိုက်စာရေးသားပေးပို့မှာပါ။တကယ်လို့အစိုးရက မတားမြစ်ဘဲ ဆက် လက်ခွင့်ပြုထားမယ်ဆိုရင် ကျနော်တို့လည်းကိုယ့်နည်းကိုယ့်ဟန်နဲ့ဆက်ပြီး ဆန့်ကျင်ကန့်ကွက်သွားမယ် လို့လည်းသဘောတူ ထားကြပါတယ်။ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့က မိုင်းဖြတ်ဒေသခံများ စုပေါင်းကာ သျှမ်းပြည်နယ်အစိုးရထံ စာရေးသားပေးပို့ခဲ့ပြီးဖြစ်သည်။

အခုကျနော်တို့ ဒေသခံတွေရဲ့ အမည်စာရင်းတွေကိုကောက်ယူနေတုန်းပါ။ မကြာမှီမှာ ဒီဆန့်ကျင်ကန့်ကွက်တဲ့ စာနဲ့အတူ ဒေသခံလူထုရဲ့ထိုးမြဲလက်မှတ်တွေကို ပြည်ထောင်စုအစိုးရဆီကို ပေးပို့မှာဖြစ်ပါတယ်။ ဒီစီမံကိန်း ကြီးဆက်လက်အကောင်အထေည်ဖေါ်မယ်ဆိုရင် မိုင်းဖြတ်မြို့နယ်ဟာ လယ်ယာမြေတွေပျက်စီးမယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်၊ မြစ်ချောင်းအင်းအိုင်တွေပျက်စီးမယ်။ ဒါကြောင့် အနာဂတ်အတွက် စိုးရိမ်ကြတာဖြစ်ပါတယ်- ဟု စိုင်းခမ်းဇန်က ဆက်လက်ပြောပြသည်။

မိုင်းဖြတ်မြို့နယ်တွင် ရွှေတူးဖော်မည့် ကုမ္မဏီမှာ သြစတေးလျနိုင်ငံ၏ Access Resources Asia Co.Ltd ဖြစ်ကြောင်းသိရသည်။ ရွှေတူးဖော်ရေးစီမံကိန်းမှ ဆိုးကျိုးသက်ရောက်မည့် အုပ်စုပေါင်း ၁၃ အုပ်စုမှဒေသခံများဖြစ်ကြောင်းသိရသည်။

မိုင်းဖြတ်နှင့်ကျိုင်းတုံကြား ဧရိယာတခုလုံးနီးပါး Assess Resource Asia ကုမ္မဏီ မှရွှေတူးဖော်မည့်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ယမန်နှစ် ၂၀၁၇ သြဂုတ်လက တကြိမ် ဒီဇင်ဘာလကတကြိမ် နှင့် ယခုနှစ် ဇန်နဝါရီလ ရ ရက်နေ့ကတကြိမ် လူထုနှင့်တွေ့ဆုံမှုပြုခဲ့သည်။ ဒေသခံလူထုက ၃ ကြိမ်စလုံး သဘောမတူ ကြောင်း ငြင်းဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ကျွန်တော်တို့ ခံစားရတယ်”

0
စစ်ကော်မရှင် ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁) တွင် ကြိုတင်မဲများနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ SNDP) အပါအဝင် နိုင်ငံရေးပါတီ (၃) ခုမှ ခေါင်းဆောင်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ ဇန်နဝါရီလ ပထမပတ်တွင်...

“ကျနော်တို့နိုင်ငံမှာ ပြောရရင်တော့ အာဏာသုံးရပ်စလုံး တစ်ယောက်ထဲမှာပဲ စုစည်းနေတာ”

0
စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲ အပိုင်း(၁) ကို လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဩဂုတ်လ (၁၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မဲအများဆုံးရရှိသူ အနိုင်ရသည့် (First Past the Post – FPTP)...

နိုင်သူအကုန်ယူစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် နှစ်မျိုးလုံးကို လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည်ဟုဆို

0
၂၀၂၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာလတွင် စစ်ကောင်စီ ကျင်းပပြုလုပ်သွားမည့် ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ် (FPTP) စနစ်နှင့် အချိုးကျ ကိုယ်စားပြု (PR) စနစ် နှစ်မျိုးလုံးကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ယမန်နေ့ (မတ်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့်...

SNLD၊ SNDP၊ SSPP ခေါင်းဆောင်များအပြင် ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီ လူမှုထူးချွန်ဆုပေး

0
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ ယခင်နှင့် လက်ရှိခေါင်းဆောင်များအပြင် သျှမ်းပြည်တွင်း ပြည်သူ့စစ်ခေါင်းဆောင်များကို စစ်ကောင်စီက လူမှုထူးချွန်ဆု ပေးအပ်လိုက်ကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၇)...

စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ အလုပ်အဖွဲ့နှင့် NSPNC တို့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေး

0
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် နိုင်ငံရေးပါတီများ၏ အလုပ်အဖွဲ့တို့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၉၊ ၂၀ ရက်)တို့တွင် စစ်ကောင်စီထံ ပြန်လည်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...