အင်းလေး

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။

အင်းလေး ငလျင်ဘေး ၊ ရေဘေးသင့်ကြား ဖောင်တော်ဦးဘုရားပွဲ ကျင်းပမည်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ငလျင်ဘေး၊ ရေဘေးသင့်နေသည့်ကြားမှ ဖောင်တော်ဦးဘုရားပွဲကို စစ်ကော်မရှင်နှင့် PNOပြည်သူ့စစ်တို့ ဦးစီးပြီး ကျင်းပသွားမည်ဟု သတင်းရရှိသည်။ လာမည့် စက်တင်ဘာလ ၂၂ ရက်မှစပြီး အောက်တိုဘာလ ၉ ရက်အထိ အင်းလေး ဒေသတွင် ဖောင်တော်ဦး ဘုရားပွဲကို ၁၈ ရက်ကြာ ကျင်းပ...

အကြွေးယူပြီး စိုက်ထားသည့် စိုက်ခင်းများရေမြှုပ်သော်လည်း နေ့စားလိုက်ဆပ်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် အကြွေးယူပြီး စိုက်ပျိုးထားသည့် စိုက်ခင်းများ ရေမြှုပ်ပျက်စီးသွားသော်လည်း ဒေသခံများ နေ့စားလိုက်ပြီး အကြွေးပြန်ဆပ်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် (၁၀)ရက် မိုးဉီးကျချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများကြောင့် အင်းလေးကန် ရေကြီးမှုဖြစ်ပွားကာ အကြွေးယူပြီးစိုက်ပျိုးထာားသည့် သီးနှံများ ရိတ်သိမ်းရန် ရက် ၂၀...

မန္တလေး၊ အင်းလေး ငလျင်ထပ်မံလှုပ်

ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းအနီးတွင် ဗဟိုပြု၍ မဂ္ဂနီကျု ၅.၄ အဆင့်အားပြင်းသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ထိုမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ၊ တောင်ကြီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မြို့နယ် ထိသိသိသာသာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း...

အင်းလေး ရုတ်တရက် ရေမြင့်တက်မှုကြောင့် မြေပဲစိုက်ခင်းရေမြှုပ်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးထဲတွင် ရုတ်တရက် ရေမျက်နှာပြင် ၉ ပေခန့် မြင့်တက်လာသဖြင့် မြေပဲစိုက်ခင်းများ ရေမြှုပ်ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့မှ စပြီး ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် အင်းလေးဒေသတွင် ရုတ်တရက် ရေ (၄)ပေခန့် မြင့်တက်လာနေပြီး ဒေသခံများစိုက်ပျိုးထားသည့်...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာနှင့် ရေပူကျေးရွာဖက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီဘက်မှအပစ်ခတ်ရပ်စဲရေး ကို မေ ၃၁ရက် အထိ ထပ်မံတိုးထားသော်လည်း အင်းလေးဒေသဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် လက်နက်ကြီးဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ “စံကားအရှေ့ဘက်မှာတိုက်ပွဲ ဖြစ်ပွားနေတယ်။ ရေပူတို့ ညောင်လေးပင်တို့ဖက်မှာတော့...

အင်းလေး ကျေးရွာအချို့  အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါ စတင်ကြုံနေရ 

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါခံစားနေရသူများ များပြားလာနေပြီး ဆရာဝန်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သတင်းရရှိသည်။  ယခု မေလ ပထမပတ်အတွင်း အင်းလေးဒေသအတွင်းရှိ လယ်သစ် (၃) ရွာတွင် လူဦးရေ (၆၀) ကျော်အထိ ဝမ်းရောဂါခံစားလာနေရကြောင်း အချို့အိမ်များတွင်...

အင်းလေးဒေသ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေးပြားရောဂါများ ဖြစ်ပွားနေ

သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်ဒဏ်ကြုံပြီးနောက် သောက်သုံးရေးမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေပြားရောဂါများဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ဒုတိယပတ်မှ စတင်၍ ရာသီဥတုအကူပြောင်းများကြောင့် ငလျင်ဘေးသင့် အင်းလေး ဒေသခံများ ဖျားနာခြင်းများကို ခံစားနေရသည့်အပြင်၊ သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း အရေပြားရောဂါ နှင့် ဝမ်းပျက်ဝမ်းလျောများ စတင်ဖြစ်ပွားနေကြောင်း ကိုယ်တိုင်းကြုံတွေ့နေသည့် အသက် ၃၀...

အင်းလေးဒေသ ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထားပြောင်းလဲမှုရှိ၊ အိမ်ပြန်ဆောက်ရန် အခက်တွေ့

သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်လှုပ်ခတ်ပြီးနောက် မြေအနေအထား ပြောင်းသွားခြင်းကြောင့် အိမ်ပြန်ဆောက်ရန် အခက်တွေ့နေကြကြောင်း သတင်းရရှိသည်။ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ်များစွာပြိုကျ ပျက်စီးခဲ့ရသည်။ ထိုပြိုကျပျက်စီးသွားသည့် နေအိမ်များကို ဖြိုဖျက်ပြီး လက်ရှိတွင် ဝါးအိမ်များကို အစားထိုး ပြန်လည်တည်ဆောက်နေကြသည်။ ထိုငလျင်လှုပ်ခက်ခဲ့သည့်အတွက်ကြောင့်...

Latest news