သျှမ်း-ကရင်နီ
ဝဿန်မိုး နှင့်အတူ သောကမျက်ရည်စီးမျှောနေရသည့် စစ်ဘေးရှောင်
မိုးရာသီ ရောက်ပြီ။ မုတ်သုံအဝင် မိုးဦးအစမှာပင် မိုးအဆက်မပြတ် ရွာသွန်းနေသည်။ ဝဿန်ကာလ မိုးဦးကျသည်နှင့် တောင်သူများအတွက် လယ်ယာလုပ်ငန်းခွင်ဝင်ရမည့် အချိန်ဖြစ်သော်လည်း အိုးပစ်အိမ်ပစ်၊ လယ်ယာပစ်ကာ ထွက်ပြေးတိမ်းရှောင်နေရသည်မို့ ခြေဦးပင်လှည့်နိုင်မည် မဟုတ်ပေ။ လယ်ယာလုပ်ငန်းခွင်တို့ ခြေဦးမလှည့်နိုင်ခဲ့သည်မှာလည်း သုံးနှစ်သုံးမိုး ရှိလေပြီ။ တောင်သူများသည် ရုတ်တရက် ထွက်ပေါ်လာသော “ဒုန်းဒုန်းဒိုင်းဒိုင်း” သေနတ်သံများအကြားတွင် ဖိနပ်မပါ ခြေဗလာဖြင့်...
သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲဆည်မြောင်းအတွင်း ငါးများ အစုအပြုံလိုက်သေဆုံးနေ
သျှမ်း - ကရင်နီနယ်စပ် မိုးဗြဲမြို့ရှိ ဆည်၊ မြောင်းထဲတွင် အကြောင်းရင်းမသိရဘဲ ငါးများ အစုအပြုံလိုက် သေဆုံးနေကြောင်း စုံစမ်းသိရသည်။ သျှမ်း - ကရင်နီနယ်စပ် တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ရှိ ချောင်းနှင့် မြောင်းထဲတွင် မေလဆန်းပိုင်းမှ စတင်၍ ငါးများ အစုအပြုံလိုက် အကြောင်းရင်းမသိရဘဲ သေဆုံးနေကြပြီး စစ်ကောင်စီ၏...
သျှမ်း-ကရင်နီ တကြောကို စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ
သျှမ်း-ကရင်နီ တကြော လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ တို့ကို စစ်ကောင်စီက လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဖေဖော်ဝါရီလ၏ တတိယပတ် အတွင်းတွင် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၃၃၆ တပ်ရင်း က လက်နက်ကြီးဖြင့် မိုးဗြဲမြို့ထဲသို့ ပစ်ခတ်မှုများ...
သျှမ်း-ကရင်နီ နယ်စပ်နှင့် အင်းလေးဘက် တိုက်ပွဲ ပြင်းထန်၊ PNAဘက်မှ စစ်သုံ့ပန်း (၄)ဦး ဖမ်းမိ
သျှမ်း-ကရင်နီ နယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် အင်းလေးဒေသတို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး အင်းလေး တိုက်ပွဲတွင် PNAစစ်သုံ့ပန်း (၄)ဦး ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက် ညနေ (၂နာရီခွဲ) ဝန်းကျင်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်...
သျှမ်း-ကရင်နီ နယ်စပ် တကြောတွင် စစ်ကောင်စီနှင့် PNO ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားဖြည့်တင်း
SHAN -
သျှမ်း-ကရင်နီ တကြော ဖြစ်သည့် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ ဘက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့ လွိုင်ကော်မြို့အနီးရှိ ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO...
သျှမ်း-ကရင်နီ (ကယား)နယ်စပ် စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံး
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေတွင် ကရင်နီတော်လှန်ရေးအင်အားစုများက စစ်ဆင်ရေးတစ်ခု ဖော်ဆောင်ပြီး စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးခဲ့ကြောင်း Loikaw Local PDF က ယနေ့ (စက်တင်ဘာလ ၁၅) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်မှစ၍ လွိုင်ကော်ဒေသခံ...
သျှမ်း-ကရင်နီ နယ်စပ် စစ်ကောင်စီ လက်နက်ကြီးပစ်ခက်မှု သံဃာတော်များ၊ဒေသခံများ စစ်ရှောင်နေရ
သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် သံဃာတော်များ နှင့် ဒေသခံများ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ်တကြော တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် လွိုင်လင်လေးမြို့နှင့် အနီးတဝိုက် ကျေးရွာမှ သံဃာတော်များနှင့် ဒေသခံများပါ ဇန်နဝါရီလ လစမှစ၍ စစ်ဘေးရှောင်နေရပြီး...
သျှမ်းတောင်တွင် နေ့စဉ်စစ်ရှောင်ဦးရေ ရာနှင့်ချီဝင်ရောက်၊ လက်မခံဖို့ညွှန်ကြားထားရာ ကူညီပေးနေသူ အခက်အခဲဖြစ်
သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များ နေ့စဉ် ရာနှင့်ချီရှိနေသော်လည်း စစ်ကောင်စီက လက်မခံရန် ညွှန်ကြားထားသဖြင့် အကူအညီပေးနေသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး...
သျှမ်း-ကရင်နီ “၁၁.၁၁ စစ်ဆင်ရေး” လေကြောင်းဗုံးကြဲမှု အရပ်သား ၅၀ နီးပါးသေဆုံး
သျှမ်း - ကရင်နီ (ကယား) တကြော ဖြစ်ပွားနေသည့် “၁၁.၁၁ စစ်ဆင်ရေး” တွင် စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်း - ကရင်နီ နယ်စပ်တကြောတွင် နိုဝင်ဘာလ ၁၁ရက်မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး”...
ကရင်နီ စစ်ရှောင်များ အောင်ပန်းဂိတ်ဖြတ်ကျော်ခွင့်မရ
SHAN -
သျှမ်း-ကရင်နီ နယ်စပ်တစ်လျှောက် ၁၁.၁၁ စစ်ဆင်ရေးကြောင့် ထွက်ပြေးလာသည့် စစ်ဘေးရှောင်များ ကို အောင်ပန်းဂိတ် ဖြတ်ကျော်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။ နိုဝင်လာလ ၁၁ ရက်နေ့မှ စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးကြောင့် သျှမ်း-ကရင်နီနယ်စပ် တစ်လျှောက် အပါအဝင် တိုက်ပွဲများဖြစ်နေပြီး မြို့ပေါ် လူနေရပ်ကွက်များကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲကြောင့်...





