သျှမ်း-ကရင်နီ နယ်စပ် စစ်ကောင်စီ လက်နက်ကြီးပစ်ခက်မှု သံဃာတော်များ၊ဒေသခံများ စစ်ရှောင်နေရ

သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် သံဃာတော်များ နှင့် ဒေသခံများ စစ်ဘေး‌ရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သျှမ်း-ကရင်နီ နယ်စပ်တကြော တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် လွိုင်လင်လေးမြို့နှင့် အနီးတဝိုက် ကျေးရွာမှ သံဃာတော်များနှင့် ဒေသခံများပါ ဇန်နဝါရီလ လစမှစ၍ စစ်ဘေး‌ရှောင်နေရပြီး စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရကြောင်း စစ်ရှောင်များက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“ပြောရရင်တော့ ၃ရွာ၊ ၄ရွာလောက်ရှိတယ်ပြေးနေရတာ။တစ်ရွာတစ်ရွာဆိုရင် စစ်ဘေးရှောင် လူဦးရေ ၁၅၀ ကနေ ၃၀၀ ကျော်လောက်ရှိတာပေါ့။လက်နက်ကြီး ပစ်တာကို စိတ်ပူရတယ်။ ဘယ်ချိန် ဘယ်နေရာပစ်မှာ လဲဆိုတာ သိမှမသိရတာ။တချို့လဲ ပြောင်းဖူးခြံတွေမှာအိပ်တာရှိတယ် လက်နက်ကြီး တွေလည်း ခြံထဲထိ လိုက်ကျနေတော့ ပြည်သူတွေလည်း ပြေးနေရတာပေါ့။”ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦး က ပြောသည်။

မြို့ထဲရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထွက်ပြေးနေရပြီး နေအိမ်ပျက်စီးမှုများ၊ လက်နက်ကြီး ထိခိုက်မှု နှင့် သေဆုံးမှုများရှိကြောင်းကိုလည်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဇန်နဝါရီ ၁၄ ရက်ကလည်း လက်နက်ကြီးတွေပစ်လို့ အိမ်တွေ၊လူတွေထိလို့ ထွက်ပြေးတာရှိတယ်။ ၂ ယောက်ထိတယ် ကျည်စမှန်တာပေါ့။မထွက်ပြေးခင်တုန်းကတော့ ၁၀ နှစ် မိန်းကလေးတစ်ယောက်ထိပြီး သေတယ်။ပြန်တာတော့ မပြန်ရဲသေးဘူး။ပြောင်းတွေလဲ မပြီးသေဘူး။တချို့ပြောင်းဖူးပြန် ယူတဲ့ဟာတွေလည်း ပြန်ပြေးနေရတယ်။”ဟု ‌စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ကပြောသည်။

ထိုစစ်ဘေးရှောင်လာသူများက သျှမ်း-ကရင်နီ နယ်စပ် ဆီဆိုင်မြို့နယ်နှင့် မိုးဗြဲမြို့နယ် တို့တွင် စစ်ဘေးရှောင် လာကြပြီး စားနပ်ရိက္ခာ နှင့် နေရာထိုင်ခင်းအခက်အခဲများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ချမှုကြောင်း လူနေအိမ်အချို့လည်းပျက်စီးခဲ့ပြီး နေရပ်ပြန်ရန်လဲ စိုးရိမ်မှုများရှိနေကြောင်းသိရသည်။

ထို့ပြင် သျှမ်းပြည် ဖယ်ခုံမြို့ရှိ ရပ်ကွက်အချို့နှင့်ရဲစခန်းအပါအဝင် အစိုးရဌာနများကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် လက်နက်ကြီးပစ်ခတ်မှုရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...