သျှမ်း-ကရင်နီ နယ်စပ်နှင့် အင်းလေးဘက် တိုက်ပွဲ ပြင်းထန်၊ PNAဘက်မှ စစ်သုံ့ပန်း (၄)ဦး ဖမ်းမိ

သျှမ်း-ကရင်နီ နယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် အင်းလေးဒေသတို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး အင်းလေး တိုက်ပွဲတွင် PNAစစ်သုံ့ပန်း (၄)ဦး ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက် ညနေ (၂နာရီခွဲ) ဝန်းကျင်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့က အင်အား (၁၀၀)ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး တိုက်ပွဲအတွင်း PNAဘက်မှ စစ်သုံ့ပန်း (၄)ဦးကို ဖမ်းမိခဲ့သည်ဟု အင်းလေးPDFကထုတ်ပြန်ထားသည်။

“တိုက်ပွဲမှာ PNAတပ်သား(၄)ဦး ဖမ်းမိတယ်။ ၊သူတို့ဘက် သေဆုံးတာက (၅)ယောက်ရှိတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိဘူး။ လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်း ရမိလိုက်တယ်။”ဟု အင်းလေး PDFတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပွင့်လင်းရာသီရောက်လာသည်နှင့် အမျှ စစ်ကောင်စီဘက်မှ အင်းလေးဒေသအပါဝင် သျှမ်း-ကရင်နီ နယ်စပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်နေသည် ဟု ဒေသတစ်ဦးက ပြောသည်။

“အခုက ပွင့်လင်းရာသီလည်း ဖြစ်တော့ စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်လာတာဖြစ်မယ်။ ပြီးတော့ PNOတို့က အင်းလေးဒေသကို စိုးမိုးချင်နေတာဖြစ်မယ်။ ဒါကြောင့် လာပြီး တိုက်နေတာထင်တယ်။” ဟု ၎င်း အင်းလေးဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် လည်း စစ်ကောင်စီနှင့် KNDFတို့ တိုက်ပွဲ ပြင်းထန်နေပြီး လွိုင်ကော် အမြောက်တပ်နှင့် လွိုင်လင်လေး ခြေမြန်တပ်ရင်း (ခမရ- ၅၃၀) တပ်တို့က စစ်ကောင်စီကို လာကူညီနေပြီး လက်နက်ကြီး ၊လေကြောင်းတို့ဖြင့် တိုက်ခိုက်နေကြောင်း မိုးဗြဲ စစ်ဘေးရှောင် အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့် ကပြောသည်။

“မိုးဗြဲတို့ ဖယ်ခုံတို့က တိုက်ပွဲ ပြင်းထန်နေတာ တစ်လလောက်ရှိပြီ။ လက်နက်သံတွေလည်း အမြဲတမ်းကြားနေရတယ်။ မိုးဗြဲတို့ အနီးတဝိုက်က ရွာတွေလည်း စစ်ရှောင်နေရတယ်။ ပိုက်ဆံရှိတဲ့ သူတွေက တခြားမြို့တွေ သွားရှောင်ကြတယ်။ တစ်ချို့ကျတော့လည်း တောထဲတွေမှာ ရှောင်ကြတယ်။”ဟု ၎င်းကဆိုသည်။

ထို့အပြင် ယခုကဲ့သို့ သျှမ်း-ကရင်နီ နယ်စပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စစ်ကောင်စီဘက်မှ မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းနေသောကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနေခြင်း ဖြစ်သည်ဟု ၎င်းစစ်ဘေးရှောင် အမျိုးသမီးက ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် စစ်ကောင်စီက ဖယ်ခုံအနောက်ဖက် ကမ်းမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယခုလက်ရှိ ညောင်ရွှေမြို့နယ်တွင် ကျေးရွာ (၁၀)ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင် (၃ထောင်)ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...