သျှမ်း-ကရင်နီ “၁၁.၁၁ စစ်ဆင်ရေး” လေကြောင်းဗုံးကြဲမှု အရပ်သား ၅၀ နီးပါးသေဆုံး

သျှမ်း – ကရင်နီ (ကယား) တကြော ဖြစ်ပွားနေသည့် “၁၁.၁၁ စစ်ဆင်ရေး” တွင် စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်း – ကရင်နီ နယ်စပ်တကြောတွင် နိုဝင်ဘာလ ၁၁ရက်မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲကြောင့် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ် နှင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးအပါအဝင်လူဦးရေ ၅၀ နီးပါး ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညား က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခု သေဆုံးသူက ၅၀ နီးပါးကပ်နေပါပြီ၊ ကျနော်တို့ ၁၁ ရက်နေ့ကနေ ၁၇ ထိပေါ့နော် အဓိက သေဆုံးမှု ကတော့ လက်နက်ကြီး တွေကျရောက်ပေါက်ကွဲ ပြီးတော့ သေဆုံးတာက အများဆုံးဖြစ်ပြီးတော့ လေယာဉ်ကနေ ဗုံးကြဲ တိုက်ခိုက်သေဆုံးတာ”ဟု ဦးဗညားက ပြောသည်။

“၁၁.၁၁ စစ်ဆင်ရေး”တွင် စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးမှုတွင် အမျိုးသားအများဆုံးဖြစ်ပြီး ကလေးသေဆုံးမှုများ ရှိနေကြောင်း သိရသည်။

“စစ်ကောင်စီတွေလုပ်တဲ့ဟာတွေက လူထုကို ပေးထွက်လိုက်ရင် အဲ့လောက်ထိ သေကျေပျက်စီးမှုရှိမှာ မဟုတ်ဘူး။ကျနော်တို့ ကောက်ယူထားတဲ့ သတင်းအချက်အလက်က အမျိုးသမီး ၆ ယောက် အများစု က ယောကျာ်းလေး ဒုတိယ သေဆုံးမှုအများဆုံးက ကလေး ၁၀ ယောက်ကျော်သွားပြီပေါ့နော်” ဟု ၎င်းက ဆိုသည်။

သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ မိနစ်ပိုင်းအတွင်း လက်နက်ကြီး ၄လုံး၊ ၅ လုံး ဆက်တိုက်ပစ်ခတ်ခြင်း၊ လေကြောင်း ဗုံးကြဲမှုများ ပြုလုပ်သည်။ ထို့ပြင် မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများကိုလည်း စစ်ကောင်စီဘက်မှ လူသားဒိုင်း အဖြစ်အသုံးပြုထားကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညား က ထပ်လောင်းပြောသည်။

“အရင်လို ပေါင် ၁၀၀၊ ၂၀၀ တွေမဟုတ်ဘူး ခုဆို ပေါင် ၅၀၀၊ ၁၀၀၀ ဗုံးတွေနဲ့ချနေတာ” ဟု ဦးဗညားက လက်ရှိမြေပြင် အခြေအနေကို ပြောသည်။

သျှမ်း-ကရင်နီနယ်စပ် တလျှောက်တွင် ယခုရက်ပိုင်း စစ်ရေးပြင်းထန်နေပြီး ထိုဒေသမှ ထွက်ပြေးတိမ်းရှောင် လာသူများကို တောင်ကြီး၊ အောင်ပန်း၊ ညောင်ရွှေ မြို့ များတွင် ဖြတ်သန်းခွင့်မပြုသည့်အပြင် ကျောင်းဆောင်များ ဆွေမျိုးနေအိမ်များ ခိုလှုံခွင့်မပြုရန် စစ်ကောင်စီက (နိုဝင်ဘာ ၁၅) ရက်တွင် ညွှန်ကြားထားကြောင်း ဒေသခံများ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...