သျှမ်း-ကရင်နီ တကြောကို စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ

သျှမ်း-ကရင်နီ တကြော လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ တို့ကို စစ်ကောင်စီက လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ယခု ဖေဖော်ဝါရီလ၏ တတိယပတ် အတွင်းတွင် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၃၃၆ တပ်ရင်း က လက်နက်ကြီးဖြင့် မိုးဗြဲမြို့ထဲသို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း အသက် ၄၀ ဝန်းကျင် ဖယ်ခုံမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖယ်ခုံမြို့ထဲကနေ မိုးဗြဲဘက်ကို နေ့တိုင်း ပစ်နေတာပဲ ။ မနေ့ က ညထိကို ပစ်နေတာ။ ဒီမနက်ပိုင်းမှာတော့ ငြိမ်နေတယ်။ လက်နက်ကြီး အသံကတော့ နေ့တိုင်းပဲ။ မိုးဗြဲမြို့ရဲ့ ထိတွေ့ တိုက်ပွဲဖြစ်တဲ့ နေရာကို ပစ်တာပေါ့။ လေယာဉ်ကလည်း နေ့တိုင်းလာတယ် နေတိုင်းကြဲတယ် ဒီရက်ပိုင်းက နေ့တိုင်းကို လာတယ်”ဟု ၎င်းကပြောသည်။

မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်း ဒရုန်းများဖြင့် မီးလောင်ဗုံး၊ အဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း မိုးဗြဲမြို့တွင်းရှိ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“မိုးဗြဲမြောက်ဘက်ကိုလည်း ဒီရက်ပိုင်းက လေယာဉ်တွေနဲ့လည်း လာကြဲတယ်။ ထိတွေ့တိုက်ပွဲက နေ့တိုင်းကို ပစ်နေတယ်။ မိုးဗြဲမြို့မှာရှိတဲ့ ခမရ – ၄၂၂ အနီးတဝိုက်ကို ထိတွေ့တိုက်ပွဲဖြစ် နေတာပေါ့။လက်ရှိမှာလည်း မိုးဗြဲမြို့သွားလာတဲ့ လမ်းတွေကိုလည်း ပိတ်ထားတယ်”ဟု ၎င်းကပြောသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် တိုက်ပွဲများပြန်လည် စတင်ခဲ့ပြီး မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ၊ တော်လှန်ရေးပူးပေါင်းတပ်တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွား နေကြောင်း သိရသည်။

ထိုကြောင့် မိုးဗြဲမြို့အတွင်းသို့ ပြည်သူများ ဖြတ်သန်းသွားလာမှုကို ဖေဖော်ဝါရီ (၂၄) ရက် မှ (၂၈) ရက်ထိ ခေတ္တပိတ်ထားကြောင်း မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၀၀၁) နှင့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ရင်း အမှတ် (၃)တို့က ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...