သျှမ်း-ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းပြီး “အမှတ်(၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ)”ဖွဲ့စည်း

သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားစုပေါင်းပြီး “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ (ဧပြီလ ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။

“အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် တပ်ပေါင်းစုညီလာခံ တစ်ရပ်ကို ဦးစွာကျင်းပခဲ့ပြီး အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ယမန်နေ့ (ဧပြီလ ၂၀ ရက်)တွင် “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”အဖြစ် စုပေါင်း ဖွဲ့စည်လိုက်ပြီး ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ကရင်နီ နယ်စပ်တကြောတွင် လှုပ်ရှားနေသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) လက်အောက်ရှိ ဗျူဟာအမှတ် (၁) နှင့် ဗျူဟာအမှတ် (၈) ၊ မိုးဗြဲဒေသရှိ (PDF) တပ်ရင်းတပ်ဖွဲ့ တချို့ နှင့် Local တပ်ရင်းတို့ ပါဝင်ကြောင်း သိရသည်။

“မိုးဗြဲမြို့မှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့အပြင် ဖယ်ခုံမြို့နယ်နဲ့ ကရင်နီ နယ်စပ်တကြောမှာ လုပ်ရှားနေတဲ့ တပ်ဖွဲ့တွေ ပူပေါင်းပါဝင်တာ ရှိပါတယ်။ စစ်ရေးအရတော့ ခုထိ ပူးပေါင်းမှုမှာ မပါဝင်သေးတဲ့ အဖွဲ့ရှိသလို မပါဝင်တော့တဲ့ အဖွဲ့တွေလည်း ရှိတယ်။ လက်ရှိမှာ တစ်ဖွဲ့လုံး ပါဝင်ပူ‌ပေါင်းတာမျိုး မဟုတ်သေးပါဘူး၊ ရဲဘော်တချို့တော့ ပါဝင်ထားတာ ရှိပါတယ်ဗျ” စစ်ရေး သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်ပေါင်းစု အနေဖြင့် ပုဂ္ဂိုလ်စွဲ၊ တပ်ဖွဲ့စွဲများ မထားဘဲ တူညီသော စစ်ရေး နိုင်ငံရေး ခံယူချက်၊ တပ်အလံနှင့် ဘက်တံဆိပ်များကို ဝတ်ဆင်ကာ “အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” အမည်ဖြင့် ချီတက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်း -ကရင်နီနယ်စပ်ရှိ အချက်အချာကျသော နေရာများဖြစ်သည့် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့၊ ပင်လောင်းနယ်စပ်၊ ပေါင်းလောင်းနယ်စပ်နှင့် အနောက်ဘက် နေပြည်တော် ကောင်စီနယ်မြေ အထိ ကျယ်ပြန့်စွာ လှုပ်ရှားမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) အဖွဲ့ရဲ့ လှုပ်ရှားမှုက မိုးဗြဲအပြင် ဖယ်ခုံမြို့နယ်၊ ပင်လောင်း၊ ပေါင်းလောင်းနဲ့ နေပြည်တော် ကောင်စီနယ်မြေအထိ လှုပ်ရှားမှုရှိပါတယ်”ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ထပ်လောင်းပြောသည်။

ဧပြီလ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ (မိုးဗြဲနယ်)” ဖွဲ့စည်းမှု အခမ်းအနားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFဥက္ကဋ္ဌ ခွန်းဘီထူး၊ KNDF ဗဟိုကော်မတီဝင်များနှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC မှ တာဝန်ရှိသူများ အပါအဝင် ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်)” သည် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ကာကွယ်ရေးဌာန (DOD)၊ ကရင်နီ ပူးတွဲစစ်ဦးစီးကော်မတီနှင့် KNDF တို့၏ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်မှု လမ်းညွှန်ချက်အောက်တွင် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...