Wednesday, January 28, 2026

သေနတ်ပစ်ခံရ

လားရှိုးမြို့တွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် ယမန်( ဇန်နဝါရီ ၁၄) ရက် ည ၇နာရီခွဲတွင် အမျိုးသား ၂ဦး ကို အမည်မသိ လက်နက်ကိုင်...

ကွတ်ခိုင်မြို့နယ် တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာအုပ်စု တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက် ည ၇နာရီ ဝန်းကျင်တွင် တာမိုးညဲ ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသား ၂ဦးကို တအာင်း(ပလောင် ) အမျိုးသား...

သီပေါမြို့နယ် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသား ၂ဦးထပ်မံ တွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံ ကျေးရွာ အနီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးနေသည့် အမျိုးသား ၂ဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၁၁) ရက်တွင် သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ဦး ရုပ်အလောင်းကို...

မိုင်းဖုန်းဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ပြီး အပြန် ကားမောင်းလာသည့် အမျိုးသမီး သေနတ်ပစ်ခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု ရှိ ဘုန်းကြီးကျောင်းသို့ ဆွမ်းကပ်ပြီး အပြန် အမျိုးသမီး တဦး မောင်းလာသည့် ကားတစီး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၄ ရက် မနက်(၁၀)နာရီ တွင် အသက် ၄၀ကျော် နန်းဝမ်းလီ သည် မိုင်းဖုန်းကျေးရွာ...

ကွတ်ခိုင်မြို့နယ် အရပ်သား တဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ပန်လော့ကျေးရွာ တွင် ယမန်နေ့ က အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် ည ၈နာရီ က ကွတ်ခိုင်မြို့နယ် ပန်ကိုင်၊ပန်လော့ကျေးရွာအုပ်စု ပန်လော့ကျေးရွာ တွင် အသက် ၄၄နှစ် အရွယ် အမျိုးသားတဦး...

လားရှိုးမြို့နယ်တွင် ကျေးလက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် နားကွန်းလုံ ကျေးရွာ အုပ်စု မန်ကောင်းကျေးရွာ၏ ကျေးရွာ အုပ်ချုပ်ရေးမှူးအား အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက အသက် ၆၀ အရွယ် မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး( ရွာသူကြီး) ဦးမာကူးအား အ မည်မသိ လက်နက်ကိုင်...

သီပေါမြို့တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပန်းတိမ်တောင်ရပ်ကွက် ဘိုးတော်ကျောင်း အနီးတွင် အသက် ၅၀ ဝန်းကျင် အမျိုးသား တဦး သေနတ် ပစ်ခံရကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁ ရက် ည ၈ နာရီ ဝန်းကျင် က သေနတ်ပစ်ခံရသူမှာ သီပေါမြို့ တာလုံကျေးရွာ တွင်...

ကွတ်ခိုင် တိုးဂိတ်အနီး အိမ်စီးကားတစီး သေနတ်ပစ်ခံရ ယာဉ်မောင်း ဒဏ်ရာရ

စစ်ရေးတင်းမာနေဆဲဖြစ်သော သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် တိုးဂိတ်တွင် အိမ်စီးကားတစီး သေနတ်ပစ်ခံရပြီး ယာဉ်မောင်း နားရွက်ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။   သြဂုတ်လ ၂၇ ရက် ယနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်က မူဆယ်မြို့အထွက် ကွတ်ခိုင်တိုးဂိတ် တွင် သေနတ်ပစ်ခံရသည့် အိမ်စီးကားသည် အနက်ရောင် Crown အမျိုးအစား...

မူဆယ်မြို့တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် အသက် ၄၀ ကျော် အမျိုးသား တဦး သေနတ် ပစ်ခံ သတ်ခံရကြောင်း သိရသည်။ ဇူလိုင်လ ၁၆ ရက် နေ့လည် ၁၁ နာရီခွဲက မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်း တွင် အမည်မသိ လက်နက်ကိုင်...

တာချီလိတ်တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။ မေလ ၁၃ ရက် ယနေ့မွန်းလွဲ ၃ နာရီခန့်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာစျေးအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၂ ဦးကို တခြား ဆိုင်ကယ် တစီး က...

Latest news