Wednesday, January 28, 2026

မိုင်းဖုန်းဘုန်းကြီးကျောင်းတွင် ဆွမ်းကပ်ပြီး အပြန် ကားမောင်းလာသည့် အမျိုးသမီး သေနတ်ပစ်ခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စု ရှိ ဘုန်းကြီးကျောင်းသို့ ဆွမ်းကပ်ပြီး အပြန် အမျိုးသမီး တဦး မောင်းလာသည့် ကားတစီး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

Photo by ဒေသခံ တဦး

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၄ ရက် မနက်(၁၀)နာရီ တွင် အသက် ၄၀ကျော် နန်းဝမ်းလီ သည် မိုင်းဖုန်းကျေးရွာ (က) တွင် အလှူအတန်းသွားလုပ်ပြီး အပြန်တွင် ဝမ်ပုံ ရဲစခန်း မှ ရဲသား များက ကားကို သေနတ်ပစ်ခဲ့ကြောင်း ဒေသခံများပြောကြားချက် အရ သိရသည်။

“ ဘုန်းကြီးကျောင်းဆွမ်း သွားကပ်ပြီး အပြန်မှာ ရဲ၁၀ယောက်စောင့်တယ်။ ကျမ ကား ရှေ့မှာ ကာ ၃စီးရှိတယ်။ ရဲတယောက်က လက်ပြတော့ ကျမ အထင် ရှေ့ ကားက ပြသာနာရှိနေလို့ လက်ပြ ပြန်ဆုတ်ခိုင်းတယ်။ ကျမလည်း ကားကို ဖြည်းဖြည်းပဲ လှည့်ပြီးဆုတ်နေချိန် ရဲတွေက ကျမကို လိုက်ပြီး ပစ်တော့တာပဲ။ ကျမလည်း ကြောက်ကြောက်နဲ့ သွားလှူခဲ့တဲ့ ဘုန်းကြီးကျောင်းကို ပြန်မောင်းသွားတယ်” ဟု သေနတ်ပစ်ခံရသည့် နန်းဝမ်းလီ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by ဒေသခံ တဦး

ဆက်လက်ပြီး ရဲများ သေနတ်ပစ်ခတ်မှု ကို ကြောက်လန့်ကာ ဘုန်းကြီးကျောင်းသို့ ပြန်လည် မောင်းလာကြောင်း၊ ရဲများသည် လက်နက်များဖြင့် ဘုန်းကြီးကျောင်းအထိ လိုက်လာကြောင်း နန်းဝမ်းလီ ကပြောသည်။

“ ရဲကတော့ မူးယစ်ဆေး သယ်တဲ့ကားထင်လို့ပစ်တယ်ဆိုပြီး ပြောသွားတာပဲ။ ဒါပေမယ့် ရွာကလူတွေ၊ တရားထိုင်တဲ့သူတွေ က ထိတ်လန့်တယ်။ ကျမလည်း လန့်သွားတယ်။ မသေတာပဲ ကံကောင်းတယ်” ဟု နန်းဝမ်းလီ က ဆိုသည်။

တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ များ မင်းမဲ့ ဆန်စွာ ရမ်း ပစ်ခတ်နေသည့် ကိစ္စ နှင့် ပတ်သက်ပြီး တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်စု နေထိုင်သူများက ရှုတ်ချကြောင်း ပြောဆိုလိုက်သည်။

Photo by ဒေသခံ တဦး

“ မိုင်းဖုန်းကျေးရွာ ပတ်ဝန်းကျင် မှာနေထိုင်တဲ့ ကျနော်တို့ ရှမ်းတွေပဲ။နောက် ခွင့်ပြုမိန့်မရှိဘဲ ဒီလို ပစ်နေတဲ့အပေါ် ကျနော်တို့ အထက်ကို တင်ပြမယ်။ မနက် ၁၀နာရီ ချိန် မှာ ဒီလိုပစ်တာကိုတော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ငြိမ်ခံမယ်ဆိုရင် သူတို့ ဆက်ပြီးတော့ အနိုင့်ကျင့်မယ်” ဟု ဒေသခံ စိုင်းသန်း က ပြောသည်။

ကားကို သေနတ်ပစ်ခတ်ခဲ့သည့် ဝမ်ပုံ ရဲစခန်းမှ ကားကို ပြန်လည်ပြင်ပါက လျော်ကြေးပေးမည်ဖြစ်ကြောင်း၊ ထို့ပြင် ကားကို ပြန်ရောင်းပြီး အသစ်ဝယ်မည်ဆိုပါကလည်း ပြန်လည် ဝယ်ပေးမည်ဟု ကားပိုင်ရှင်ကို ပြောဆိုခဲ့သည်။

“ ကျမကတော့ ကားလျော်ကြေးထက် ဒီလို ပစ်ခတ်တာကို လက်မခံဘူး။ ကျမတို့ကို သူတို့ ထပ်လုပ်မှာ ကြောက်တယ်” ဟု နန်းဝမ်းလီ က ပြောသည်။

ဒေသခံကားအား ရဲတပ်ဖွဲ့ ပစ်ခတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ များကို မြန်မာနိုင်ငံတော် သမ္မတ ထံ စာရေး တင်ပြသွားမည် ဟုလည်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

မိုင်းယောင်းမြို့ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင် သေနတ်ပစ်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ်ပစ်ခံရ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၈ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီး ဖွင့်လှစ်ထားသည့် “ဧဝရတ်”ရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်သူ လူငယ်...