Wednesday, January 28, 2026

သီပေါမြို့တွင် အမျိုးသား တဦး သေနတ်ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပန်းတိမ်တောင်ရပ်ကွက် ဘိုးတော်ကျောင်း အနီးတွင် အသက် ၅၀ ဝန်းကျင် အမျိုးသား တဦး သေနတ် ပစ်ခံရကြောင်း သတင်းရရှိသည်။

Photo Shar Htet Paing- သေနတ်ပစ်ခံရသည့် တာလုံဒေသခံ ဦးစိုင်းဇောတိက အား နယ်စည်းမခြား ပရဟိတအသင်း သီပေါ မှ ဆေးရုံသို့ သယ်ပို့ပေးစဉ်

စက်တင်ဘာလ ၁ ရက် ည ၈ နာရီ ဝန်းကျင် က သေနတ်ပစ်ခံရသူမှာ သီပေါမြို့ တာလုံကျေးရွာ တွင် နေထိုင်သည့် အသက် ၅၄ နှစ်အရွယ် ရှိ ဦးဇောတိက ဖြစ်ကြောင်း၊ ဇယ်ခုံတွင် ဇယ်တောက်နေစဉ် အမည်မသိ အမျိုးသားတဦးက သေနတ်ဖြင့်လာပစ်သွားကြောင်း သီပေါမြို့ ဒေသခံ စိုင်းဝင်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူ( ဦးဇောတိက) က ပန်းတိမ်တောင်ရပ်ကွက် မှာ နေတဲ့ သူ့မိတ်ဆွေဆီကိုလာလည်တာ။ သူတို့ ဇယ်ခုံမှာဇယ်တောက်နေကြရင်း လူတယောက်က ၀င်လာပြီး သူ့နာမည်ခေါ်တယ်။ သူပြန်ထူးတော့ သူ့ကိုသေနတ်နဲပစ်သွားတယ်။ ပေါင်နဲ့ ခါး ထိတယ်” ဟု စိုင်းဝင်း ကဆိုသည်။

တာလုံရွာသည် လက်ရှိ အထက်ရဲရွာ ရေကာတာ တည်ဆောက်နေသည့် နေရာ တခုဖြစ်ပြီး ရွာသားများနှင့် စီမံကိန်းကြား ပြသနာဖြစ်နေသောနေရာဖြစ်သည်။

“ တာလုံ ကတော့ ရေကာတာ ဆောက်တဲ့နေရာပါ။ ဦးဇောတိက က စီမံကိန်းနဲ့ပတ်သက်တာလားဘာလား ဆိုတာတော့ အသေအချာမသိရပါဘူး။ ဘာအကြောင်းရှိကြလို့လည်းတော့မသိပါဘူးခင်ဗျ ” ဟု စိုင်းဝင်း က ထပ်လောင်းပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ကို မည်သည့်အဖွဲ့ က ပစ်ခတ်သည်ကို မသိရှိကြောင်း၊ မည်သည့် ကိစ္စ ကြောင်း ပစ်ခတ်သည်ကိုလည်း အတိအကျ မသိရကြောင်း နယ်စည်းမခြား ပရဟိတ အသင်း(သီပေါ) က ပြောသည်။

“ ဒဏ်ရာကတော့ ပြင်းတယ်။ ည ၁၀နာရီ မှာတော့ သီပေါ ဆေးရုံ က နေ လားရှိုး ဆေးရုံ ကို ကျနော်တို့ အဖွဲ့ က ပို့ပေးတယ်” ဟု နယ်စည်းမခြား ပရဟိတအသင်း (သီပေါ) မှ ကိုမျိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သီပေါမြို့နယ် အတွင်း မကြာခဏ အရပ်သား များ သေနတ်ပစ်ခံရပြီး တရားခံ မပေါ်ခဲ့ပေ။

သီပေါမြို့နယ် တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ပြည်သူ့စစ်များ နှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှား နေသည့် ဒေသ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...