Wednesday, January 28, 2026

နမ့်စန်မြို့လယ်ခေါင် အမျိုးသားတဦး သေနတ်ပစ်ခံရ

သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့ လယ်ခေါင်တွင် အမျိုးသား တဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။

Photo by U Nay Zaw/ နမ့်စန်မြို့လယ်ခေါင်တွင် သေနတ်ပစ်ခံရသည့် အမျိုးသားပုံ

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီ ၃၀) ညနေ ၄နာရီ ကျော် တွင် အမည်မသိ လက်နက်ကိုင် ၂ဦးက ဆိုင်ကယ်ဖြင့် မောင်းလာကာ ထူးဆန်း ယာဉ်ငယ်လိုင်း ဂိတ်မှူးကို သေနတ်ဖြင့် ၄ချက် ပစ်သွားကြောင်း နမ့်စန် ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သေနတ်ပစ်တာတော့ ၄ချက်၊ ထိတာတော့ ၃ချက်ပါ။ ခေါင်းတချက်၊ ဗိုက်တချက်၊ ဘယ်ဖက် လက်မောင်းတချက် ထိတယ်။ လောဆယ်တော့ ဒဏ်ရာကို ခွဲစိတ်ထားတယ်။ စိုးရိမ်စရာတော့ မရှိတော့ဘူး” ဟု ၎င်း က ပြောသည်။

သေနတ်ပစ်ခံရသူသည် အသက် ၄၈ အရွယ် ရှိ အမျိုးသားဖြစ်ပြီး၊ ဆိုင်ကယ်ဖြင့်လာရောက် ပစ်ခတ်သွားသည့် တရားခံ ၂ဦး ကို လက်ရှိ အချိန်ထိ မမိသေးကြောင်းလည်း သိရသည်။

“ ဆိုင်ကယ်နဲ့ ဆိုတော့ တရားခံမမိလိုက်ဘူး။ အခုတော့ မြို့ဝင်၊ မြို့ထွက် လုံခြုံရေးတွေ တင်းကြပ်ထားတယ်” ဟု အဆိုပါ အမျိုးသား က ဆိုသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် သူသည် သာမာန် အရပ်သားဖြစ်ပြီး နိုင်ငံရေး နှင့် မပတ်သက်ကြောင်း၊ လူအေးဆေး နေသည့် ဟုလည်း နမ့်စန်ဒေသခံများက ပြောသည်။

နမ့်စန်မြို့လယ်ခေါင်အတွင်း သေနတ်ပစ်မှု နှင့် ပတ်သတ်ပြီး နမ့်စန် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ “ တရားခံကို စုံစမ်းနေဆဲ ပါ” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

နမ့်စန်မြို့ လယ်ခေါင် တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင် က သေနတ်လာရောက်ပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်မှုဖြင့် နေထိုင်နေရကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

မုံးစီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးသူများကို ယနေ့ အသုဘချမည်၊ ဒဏ်ရာရသူများအတွက် MNDAA မှ ဆေးကုသစရိတ် ကျခံမည်ဟုဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင် MNDAA ၏ ရွှေတူးဖော်မှုကို သွားရောက်ကန့်ကွက်စဉ် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ (၆) ဦးကို ယနေ့ အသုဘချမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ မတ်လ ၅ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပိန်းခမ်ရွာရှိ ရေထွက်နေရာ၌ ရွှေတူးဖော်နေသည့် တရုတ်လူမျိုးများနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...

မိုင်းယောင်းမြို့ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင် သေနတ်ပစ်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့ရှိ “ဧဝရတ်”ရွှေဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ်ပစ်ခံရ၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၈ ရက်) မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိုင်းယောင်းမြို့ ရပ်ကွက်(၈) ဟိုခိုရပ်ရှိ ဈေးအနီး ဖွင့်လှစ်ထားသည့် “ဧဝရတ်”ရွှေဆိုင်ကို အမည်မသိ သေနတ်ကိုင်ဆောင်သူ လူငယ်...