သီပေါမြို့နယ် လူငယ်တဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာ တွင် အသက် ၁၈နှစ် အရွယ် လူငယ် သေနတ်ပစ်ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

Photo by နမ့်မ ဒေသခံ တဦး၊ သေနတ်ပစ်ခံရသည့် နမ့်မ ဒေသခံ လူငယ်တဦး

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက်နေ့မှ စတင်ပြီး ပျောက်ဆုံးနေသည့် စိုင်းအောင်လူ ကို ကျည်ဆံဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို ယမန်နေ့ (ဖေဖော်ဝါရီ ၂) ရက်နေ့ မနက် ၁၀နာရီခွဲ တွင် တွေ့ရှိခဲ့ကြောင်း နမ့်မ ဒေသခံ လူငယ် အဖွဲ့ စိုင်းထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လွန်ခဲ့တဲ့ ၃ရက်နေ့ က ပျောက်သွားတာ။ မနေ့က တော့သူ့ ရုပ်အလောင်းကိုတွေ့ရတယ်။ ဦးခေါင်းမှာ ကျည်ဒဏ်ရာရတယ်။ ဘယ်သူက ပစ်တယ်ဆိုတာ မသိဘူး” ဟု စိုင်းထွန်း က ဆိုသည်။

သေဆုံးသူသည် နမ့်မကျေးရွာ နှင့် တမိုင်ကျော်ခန့် ဝေးသည့်နေရာတွင် သေနတ်ဒဏ်ရာဖြင် သေဆုံးနေကြောင်း စိုင်းထွန်း က ပြောသည်။

“ သူက ဖရဲသီးခြံသွားစောင့်တာ။ အိမ်မပြန်လာတာ ၃ရက်ရှိတော့ အိမ်ကလူတွေစိတ်ပူပြီး သွားရှာကြတာ။ အဲ့မှာ သူ့အလောင်းကို တွေ့ရတာပဲ။ အဲ့နေရာမှာပဲ မြေမြုပ် လိုက်တယ်” ဟု စိုင်းထွန်း က ဆိုသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသည့် စိုင်းအောင်လူသည် အိမ်ထောင်သည် ဖြစ်ပြီး ကလေး မရသေးကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်သည့် လူငယ်ဖြစ်ကြောင်း လည်း နမ့်မ ဒေသခံ ပြည်သူများက ပြောဆိုသည်။

“ သူက အေးတယ်။ မူးယစ်ဆေး မသုံးဘူး။ တောထဲမှာ ပစ်ခံရတော့ လူမှား ပစ်တာလားမသိဘူး။ ဘယ်သူလာပစ်သွားလဲ မသိဘူး” ဟု နမ့်မ ဒေသခံ စိုင်းလှမောင် က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာအုပ်စု ကျောက်မီးသွေး တူးဖော်သည့် နေရာဖြစ်ပြီး၊ ထိုကျောက်မီးသွေး တူးေးဖာ်မှုကို ဒေသခံများ ကန့်ကွက်ဆန္ဒပြကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...