Wednesday, January 28, 2026

သီပေါမြို့နယ် လူငယ်တဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာ တွင် အသက် ၁၈နှစ် အရွယ် လူငယ် သေနတ်ပစ်ခံရသည့် အလောင်း တွေ့ရှိကြောင်း သတင်းရရှိသည်။

Photo by နမ့်မ ဒေသခံ တဦး၊ သေနတ်ပစ်ခံရသည့် နမ့်မ ဒေသခံ လူငယ်တဦး

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ရက်နေ့မှ စတင်ပြီး ပျောက်ဆုံးနေသည့် စိုင်းအောင်လူ ကို ကျည်ဆံဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ကို ယမန်နေ့ (ဖေဖော်ဝါရီ ၂) ရက်နေ့ မနက် ၁၀နာရီခွဲ တွင် တွေ့ရှိခဲ့ကြောင်း နမ့်မ ဒေသခံ လူငယ် အဖွဲ့ စိုင်းထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လွန်ခဲ့တဲ့ ၃ရက်နေ့ က ပျောက်သွားတာ။ မနေ့က တော့သူ့ ရုပ်အလောင်းကိုတွေ့ရတယ်။ ဦးခေါင်းမှာ ကျည်ဒဏ်ရာရတယ်။ ဘယ်သူက ပစ်တယ်ဆိုတာ မသိဘူး” ဟု စိုင်းထွန်း က ဆိုသည်။

သေဆုံးသူသည် နမ့်မကျေးရွာ နှင့် တမိုင်ကျော်ခန့် ဝေးသည့်နေရာတွင် သေနတ်ဒဏ်ရာဖြင် သေဆုံးနေကြောင်း စိုင်းထွန်း က ပြောသည်။

“ သူက ဖရဲသီးခြံသွားစောင့်တာ။ အိမ်မပြန်လာတာ ၃ရက်ရှိတော့ အိမ်ကလူတွေစိတ်ပူပြီး သွားရှာကြတာ။ အဲ့မှာ သူ့အလောင်းကို တွေ့ရတာပဲ။ အဲ့နေရာမှာပဲ မြေမြုပ် လိုက်တယ်” ဟု စိုင်းထွန်း က ဆိုသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသည့် စိုင်းအောင်လူသည် အိမ်ထောင်သည် ဖြစ်ပြီး ကလေး မရသေးကြောင်း၊ မူးယစ်ဆေးဝါး ကင်းစင်သည့် လူငယ်ဖြစ်ကြောင်း လည်း နမ့်မ ဒေသခံ ပြည်သူများက ပြောဆိုသည်။

“ သူက အေးတယ်။ မူးယစ်ဆေး မသုံးဘူး။ တောထဲမှာ ပစ်ခံရတော့ လူမှား ပစ်တာလားမသိဘူး။ ဘယ်သူလာပစ်သွားလဲ မသိဘူး” ဟု နမ့်မ ဒေသခံ စိုင်းလှမောင် က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ကျေးရွာအုပ်စု ကျောက်မီးသွေး တူးဖော်သည့် နေရာဖြစ်ပြီး၊ ထိုကျောက်မီးသွေး တူးေးဖာ်မှုကို ဒေသခံများ ကန့်ကွက်ဆန္ဒပြကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...

စစ်ကော်မရှင် သီပေါမြို့နယ်ထဲ လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေ

0
စစ်ကော်မရှင်သည် သီပေါမြို့နယ်အတွင်း ယနေ့ (အောက်တိုဘာ ၁၄)ရက် ညနေ ၄နာရီခွဲတွင် လေကြောင်းဖြင့် အဆက်မပြတ်ကြဲနေကြောင်း သတင်းရရှိသည်။ ထိုစစ်ကော်မရှင်လေကြောင်းဗုံးကြဲသည့်နေရာသည် သီပေါမြို့နယ် ဘော်ကြို၊ တိုးဂိတ်ဘက်တို့ဖြစ်ကြောင်း သီပေါမြို့ ဒေသခံတစ်ဉီးပြောပြချက်အရသိရသည်။ “ မြို့ထဲတော့ မပစ်သေးဘူး။ ၁၁ လုံးလောက်ရှိနေပြီ။ ဘယ်နားပစ်ချတာလဲတော့ အတိကျမသိဘူး။ မြို့နဲ့တော့ဝေးနေသေးတယ်။ တိုးဂိတ် ၊...

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

သီပေါမြို့နယ် ဘော်ကြိုကျေးရွာ စစ်ကော်မရှင် လေးကြောင်းဗုံးကြဲ အရပ်သားတစ်ဉီးထိခိုက်

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော သီပေါမြို့နယ်ကို စစ်ကော်မရှင်မှ ယနေ့​(စက်တင်ဘာ ၃)ရက် နေ့လည် ၂နာရီဝန်ကျင်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဉီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ ယနေ့ (စက်တင်ဘာ ၃ ရက်) နေ့လည် ၂ နာရီဝန်းကျင် သီပေါမြို့နယ် ‌ဘော်ကြိုကျေးရွာကို  စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိကြောင်း  သီပေါမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “လေယာဉ်နဲ့ ဗုံးကြဲသွားတဲ့နေရာကို ခဏကမှ...