လားရှိုးမြို့တွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

Photo by Lashio media

ဖြစ်စဉ်မှာ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် ယမန်( ဇန်နဝါရီ ၁၄) ရက် ည ၇နာရီခွဲတွင် အမျိုးသား ၂ဦး ကို အမည်မသိ လက်နက်ကိုင် အဖွဲ့က သေနတ်ပစ်သွားကြောင်း လားရှိုးဒေသခံ အသိုင်းအဝန်း ကပြောသည်။

“သေနတ်သံ ၅ချက်ကြားတယ်။ အဲ့မှာ အမျိုးသား ၂ဦး သေနတ်ပစ်ခံလိုက်ရတာပဲ။ ဘယ်အဖွဲ့ဆိုတာတော့ မသိဘူး။ အဲ့နေရာက မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ သွားတဲ့နေရာပါ” ဟု လားရှိုးဒေသခံ စိုင်းဟန် က ပြောသည်။

အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံးသည့်နေရာသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့်နေရာဖြစ်ပြီး၊ လားရှိုးဒေသခံများ မသွားလာရဲသည့် နေရာဖြစ်သည် ဟုလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ အဲ့နေရာက မူးယစ်ဆေးတွေ ရောင်းနေတာ ပွဲဈေးတန်း ကျနေတာပဲ။ တဲတွေ ရာနဲ့ရှိတယ်။ ဘယ်သူမှ သွားမရှင်းကြဘူး။ ဒေသခံတွေ အဲ့နေရာကို ဖြတ်သွားဖို့ကြောက်နေကြတယ်” ဟု နောင်မွန်ကျေးရွာ တွင်နေထိုင်သည့် စိုင်းမောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသူ ၂ဦးကို ယမန်နေ့ ည ၁၁နာရီ တွင် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း လည်း စိုင်းမောင် က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ လားရှိုးမြို့ မ အမှတ်(၁) ရဲစခန်းကို ဖုန်းဆက်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

Photo by blueplanet

 

လားရှိုးမြို့နယ် အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများပြားလာသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မျိုးစုံဖြင့် သွားလာနေရကြောင်း၊ နေ့ခင်း အချိန် လုယက်မှုများ၊ ဓားခုတ်မှုများလည်း မကြာခဏ ဖြစ်သော်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ထိရောက်စွာ ဖြေရှင်းပေးချင်းမရှိကြောင်းကို လည်း လားရှိုးမြို့ လူမှုကူညီရေးတွင် အလုပ်လုပ်သည့် ကိုဝင်းကို က ပြောပြသည်။

“ ဆေးသမားတွေ များတော့ ကျနော်တို့ယောင်္ကျားတွေတောင် မလုံခြုံတဲ့နေရာဖြစ်နေတယ်။ အချိန်မရွေး လုယက်မှု ဖြစ်နိုင်တော့ ကိုယ့် လုံခြုံရေးနဲ့ကိုယ် သွားလာနေရတယ်” ဟု ကိုဝင်းကို က ဆိုသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ အနေဖြင့် မူးယစ်ဆေးဝါး ကိစ္စ၊ ဒေသလုံခြုံရေးကို သေချာလုပ်ပေးရန် လည်း လားရှိုးဒေသခံများက တောင်းဆိုကြသည်။

“ အခု လုယက်နေတဲ့သူက သူတို့ရဖို့ပဲသိတယ်။ ဗိုက်ကြီးသယ်တောင် မရှောင်ဘူး။ ကျမတို့ဘယ်သူ့ကို အားကိုးရမှန်းတောင်မသိတော့ဘူး” လားရှိုးမြို့ ဒေသခံ နန်းလင်းခမ်း က ပြောသည်။

ဇန်နဝါရီ ၁၁ရက်နေ့တွင်လည်း သီပေါမြို့နယ် ကုံးမုံကျေးရွာတွင် အမျိုးသား ၂ဦး သေနတ်ပစ်သတ်ခံရပြီး လက်ရှိ အချိန်ထိ တရားခံရှာဖွေ လွှတ်မြောက်နေဆဲ ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင်...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...