သီပေါတွင် အမျိုသား ၂ဦး၊ အမျိုးသမီး ၁ဦး သေနတ်ထပ်မံ ပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် ယနေ့ မနက်ပိုင်း ၌ အမျိုးသား ၂ဦး၊ အမျိုးသမီး ၁ဦး သေနတ် ထပ်မံ ပစ်ခံရကြောင်း သတင်းရရှိသည်။

Photo by Shar Htat Paing /facebook

ဖြစ်စဉ်မှာ ယနေ့မနက် ၈နာရီခွဲတွင် သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီး တွင် သေနတ်ပစ်ခံရသည့် အလောင်း ၃လောင်းတွေ့ရှိကြောင်း၊ အပစ်ခံရပြီး သေဆုံးသူများမှာ အမျိုးသား ၂ဦး နှင့် အမျိုးသမီး ၁ဦးဖြစ်ကြောင်း၊ ထိုမည်သည့်အဖွဲ့ က လာရောက် ပစ်ခတ်သည်ကို မသိရှိကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတ မှ ကိုမျိုး က ပြောသည်။

“ ကျနော်တို့ကို အကြောင်းကြားလာလို့ အလောင်းသွားသယ်ခဲ့တယ်။ ဘယ်သူတွေဆိုတာ တော့ မသိသေးဘူး။ပိုင်ရှင်လည်း မသိရသေးဘူး။ အလောင်းကိုသီပေါမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံ မှာ ပို့ထားပါတယ်” ဟု ကိုမျိုး က ပြောသည်။

အဆိုပါ သေနတ်ပစ်ခံရပြီး သေဆုံးသည့် နေရာ သည် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသည့်နေရာဖြစ်ပြီး ယခု သည် တတိယ အကြိမ် ပစ်ခံရခြင်းဖြစ်ကြောင်းလည်း သီပေါမြို့ ဒေသခံများက ပြောသည်။

Photo by Shar Htat Paing/ facebook

“ အဲ့နေရာက အခုနဲ့ဆို ၃ကြိမ်ရှိပြီး သေနတ်ပစ်ခံရတာ။ ဘာကြောင့် ပစ်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း တခါမှ မသိရဘူး။ အဲ့နေရာက မူးယစ်ဆေးသုံးစွဲတဲ့သူ၊ ရောင်းတဲ့သူတွေပဲ သွားတာ” ဟု သီပေါမြို့ ဒေသခံ အမျိုးသား တဦးဖြစ်သည့် စိုင်းစိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ မကြာခဏ သေနတ်ပစ်ခံရသည့်နေရာသည့် သာမာန် ပြည်သူများ မသွားရဲသည့်နေရာဖြစ်ကြောင်းလည်း စိုင်းစိုး က ပြောသည်။

ထို ကုံးမုံ ကျေးရွာ အနီးတွင် ယခုနှစ် ဇန်နဝါရီ ၁၁ရက်နေ့တွင် အမျိုးသား ၂ဦး သေနတ်ပစ်သတ်ခံရပြီး၊ ယမန်နှစ် ဒီဇင်ဘာ ၂၈ရက်တွင်လည်း အမျိုးသား ၃ဦး သေနတ်ပစ်သတ်ခံခဲ့ရသေးကြောင်း သိရသည်။

ထို့ပြင် ယခုလ ၁၅ ရက် တွင် လည်း လားရှိုးမြို့နောင်မွန်ကျေးရွာတွင် အမျိုးသား ၂ဦးလည်း ထိုနည်းတူ သေနတ်ပစ်သတ်ခံခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...