သီပေါမြို့နယ် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသား ၂ဦးထပ်မံ တွေ့

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံ ကျေးရွာ အနီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးနေသည့် အမျိုးသား ၂ဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။

Photo by Shar Htat Paing / facebook

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၁၁) ရက်တွင် သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ဦး ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပြီး သီပေါ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတ အသင်း မှ ကိုမျိုးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ နေ့လည် ၁၂နာရီလောက် ရဲစခန်း က ကျနော်တို့ ဆီကို ဖုန်းဆက်လာလို့ ကျနော်တို့ သေနတ်ဒဏ်ရာနဲ့သေဆုံးသူအလောင်းကို သွားသယ်ခဲ့တာပါ။ ဘယ်သူဆိုတာတော့ ရဲက စိစစ်နေတုန်းပါ” ဟု ကိုမျိုးက ဆိုသည်။

အဆိုပါ သေနတ်ပစ်ခံပြီး သေဆုံးသွားသည့် အမျိုးသား၂ဦး သည် ရင်ဘတ်၊ ရင်အုံနှင့် ဦးခေါင်းတို့တွင် ထိမှန်ကြောင်း၊ ထိုနေရာသည် မူးယစ်ဆေးသုံးစွဲသည့်လူများသွားလာလှုပ်ရှားသည့်နေရာ လည်းဖြစ်သည် ဟု ကိုမျိုးက ပြောသည်။

ထို သေနတ်ပစ်ခတ်ရသည့် အမျိုးသား ၂ဦး နှင့် ပတ်သက်ပြီး သီပေါမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းသည့် အခါ တရားခံကို စုံစမ်းနေဆဲ ဟု တာဝန်ကျ ရဲတဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by Shar Htat Paing/ facebook

လွန်ခဲ့သည့် နှစ် ဒီဇင်ဘာ လကုန် ရက်တွင်လည်း ထိုနေရာတွင် အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ မည်သည့်အဖွဲ့က လာရောက် ပစ်ခတ်သွားသည် ကို မသိရှိသေးကြောင်း သီပေါမြို့ ဒေသခံများ ပြောပြချက် အရသိရသည်။

“ အခု ယောင်္ကျား ၂ဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးတဲ့နေရာက သာမာန်ဘယ်သူမှ မသွားရဲဘူး။ မူးယစ်ဆေး သုံးစွဲတဲ့သူတွေပဲ သွားကြတယ်။ အရင်လကလည်း အဲ့နေရာ ယောင်္ကျား ၃ဦး ပစ်ခံရပြီးပြီ” သီပေါမြို့ ဒေသခံ စိုင်းလျန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ် တွင် မကြာခဏ သေနတ်ပစ်သတ်ခံရပြီး တရားခံ တကြိမ်တခါမျှ မတွေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...

မိုင်းရယ်မြို့ခံ အမျိုးသားတစ်ဦး နေအိမ်ရှေ့ သေနတ်ပစ်ခံရပြီး ဒဏ်ရာဖြင့်သေဆုံး

0
သျှမ်းပြည် မိုင်းရယ်မြို့နေ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက နေအိမ်ရှေ့တွင် သေနတ်ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁၉) ရက် ည ၁၁ နာရီခွဲခန့်တွင် မိုင်းရယ်မြို့ ရပ်ကွက်(၁) တွင် နေထိုင်သည့် အသက်(၄၅) နှစ်အရွယ် ဦးစိုင်းစိုင်း၏ အိမ်ရှေ့သို့ အမည်မသိ လက်နက်ကိုင်လူတစ်စုက ကားတစ်စီးဖြင့် ရောက်လာကာ...