Thursday, April 25, 2024

သီပေါမြို့နယ် သေနတ်ဒဏ်ရာဖြင့် သေဆုံးသည့် အမျိုးသား ၂ဦးထပ်မံ တွေ့

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကုံးမုံ ကျေးရွာ အနီးတွင် သေနတ်ပစ်ခံရပြီး သေဆုံးနေသည့် အမျိုးသား ၂ဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။

Photo by Shar Htat Paing / facebook

ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၁၁) ရက်တွင် သီပေါမြို့နယ် ကုံးမုံကျေးရွာ အနီးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ဦး ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပြီး သီပေါ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတ အသင်း မှ ကိုမျိုးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ နေ့လည် ၁၂နာရီလောက် ရဲစခန်း က ကျနော်တို့ ဆီကို ဖုန်းဆက်လာလို့ ကျနော်တို့ သေနတ်ဒဏ်ရာနဲ့သေဆုံးသူအလောင်းကို သွားသယ်ခဲ့တာပါ။ ဘယ်သူဆိုတာတော့ ရဲက စိစစ်နေတုန်းပါ” ဟု ကိုမျိုးက ဆိုသည်။

အဆိုပါ သေနတ်ပစ်ခံပြီး သေဆုံးသွားသည့် အမျိုးသား၂ဦး သည် ရင်ဘတ်၊ ရင်အုံနှင့် ဦးခေါင်းတို့တွင် ထိမှန်ကြောင်း၊ ထိုနေရာသည် မူးယစ်ဆေးသုံးစွဲသည့်လူများသွားလာလှုပ်ရှားသည့်နေရာ လည်းဖြစ်သည် ဟု ကိုမျိုးက ပြောသည်။

ထို သေနတ်ပစ်ခတ်ရသည့် အမျိုးသား ၂ဦး နှင့် ပတ်သက်ပြီး သီပေါမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းသည့် အခါ တရားခံကို စုံစမ်းနေဆဲ ဟု တာဝန်ကျ ရဲတဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by Shar Htat Paing/ facebook

လွန်ခဲ့သည့် နှစ် ဒီဇင်ဘာ လကုန် ရက်တွင်လည်း ထိုနေရာတွင် အမျိုးသား ၃ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ မည်သည့်အဖွဲ့က လာရောက် ပစ်ခတ်သွားသည် ကို မသိရှိသေးကြောင်း သီပေါမြို့ ဒေသခံများ ပြောပြချက် အရသိရသည်။

“ အခု ယောင်္ကျား ၂ဦးသေနတ်ဒဏ်ရာနဲ့ သေဆုံးတဲ့နေရာက သာမာန်ဘယ်သူမှ မသွားရဲဘူး။ မူးယစ်ဆေး သုံးစွဲတဲ့သူတွေပဲ သွားကြတယ်။ အရင်လကလည်း အဲ့နေရာ ယောင်္ကျား ၃ဦး ပစ်ခံရပြီးပြီ” သီပေါမြို့ ဒေသခံ စိုင်းလျန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ နယ်နှင့် ကျောက်မဲမြို့နယ် တွင် မကြာခဏ သေနတ်ပစ်သတ်ခံရပြီး တရားခံ တကြိမ်တခါမျှ မတွေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article