ကွတ်ခိုင်မြို့နယ် တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာအုပ်စု တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

Photo by ဒေသခံတဦး

ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက် ည ၇နာရီ ဝန်းကျင်တွင် တာမိုးညဲ ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသား ၂ဦးကို တအာင်း(ပလောင် ) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်(TNLA) တပ်သားမှ သေနတ်ပစ်လိုက်သဖြင့် အသက် ၃၀ အရွယ် ဒေါင်ဝ်ခေါင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ TNLA တပ်က မူးယစ်ဆေးစစ်ဖို့ တားတဲ့အချိန် ကျနော်တူတွေက ဆိုင်ကယ်မရပ်ဘဲ ဆက်မောင်းတယ်။ အဲ့မှာ TNLA တပ်သားတွေက သေနတ်နဲ့ ပစ်လိုက်တယ်လို့ ပြောတယ်။ ကျနော်တူ က မူးယစ်ဆေးလည်း မသုံးဘူး” ဟု သေဆုံးသွားသည့် ဒေါင်ဝ်ခေါင်၏ ဦးလေး ဖြစ်သူ ဒေါင်ဇေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဒေါင်ဝ်ခေါင် အတွက် TNLA တပ်ဖွဲ့ မှ ငွေ ၁၀သိန်း နှင့် ဆန် ၁၀အိတ်လာရောက် ပေးကြောင်း၊ လည်း ဦးဒေါင်ဇေ က ပြောသည်။

“ TNLA ကတော့ သူတို့သေနတ်နဲ့ ပစ်လိုက်တယ်ဆိုတာ ဝန်ခံပါတယ်။ မှားပစ်တယ်လို့ ပြောပါတယ်” ဟု ဦးဒေါင်ဇ က ထပ်လောင်းပြောသည်။

ထို့ပြင် သေဆုံးသွားသည့် အသက် ၃၀ အရွယ်ရှိ ဒေါင်ဝ်ခေါင်သည် ကလေး ၂ယောက်၏ ဖခင်ဖြစ်ပြီး၊ မိသားစုကို ရှာဖွေ ကျွေးမွေးသည့် သူ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ခေါယိန်း က “ သေနတ်ပစ်ခံရပြီး သေသွားတယ်။သူတို့ တာမိုးညဲဈေးကနေ ပြန်လာတာ။ မူးယစ်ဆေးဝါး စစ်တဲ့သူတွေက တား တာ ကို သူတို့က မရပ်ပေးလို့ TNLA တပ်သားက သူတို့ ကိုပစ်လိုက်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

TNLA တပ်သားများက မူးယစ်ဆေးဝါး စစ်ဆေးနေစဉ် ဆိုင်ကယ်မရပ်တဲ့ အတွက် ခြိမ်းခြောက်သည့်သဘောဖြင့် ပစ်လိုက်ရာ လူထိမှန်မှု ဖြစ်သွားသည် ဟု မော်ဟန်ကျေးရွာအုပ်စု တွင်နေထိုင်သူများ ပြောပြချက်အရသိရသည်။

“ တမင်ရည်ရွယ်ပြီး ပစ်တာမဟုတ်ဘူး။ ခြိမ်းခြောက်ရင်းနဲ့ မှန်သွားတယ်လို့ပြောတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာကို ကျနော်တို့မလိုလားပါဘူး။ ဒါပေမယ့် အဲ့လောက်ထိတော့ မလုပ်သင့်ဘူး” ဟု ခေါယိန်း က ဆိုသည်။

TNLA အနေဖြင့် မူးယစ်ဆေးဝါးကို စစ်ဆေးမည့်ကိစ္စ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အကြောင်းကြားခြင်းမရှိကြောင်း၊ နောက်နောင် ထိုကဲ့သို့မဖြစ်စေရန် လည်း တိုင်းရင်းသားလက်နက်ကိုင်များကို ပြောချင်သည် ဟု ခေါယိန်း က ထပ်လောင်းပြောသည်။

TNLA တပ်သားများ ထိုကဲ့သို့ သေနတ်ပစ်ဖြေရှင်းသည့်အပေါ် ဒေသခံများက ရှုပ်ချလိုက်သည်။

ကွတ်ခိုင်မြို့နယ် အတွင်းနေထိုင်သည့် ဒေသခံများအနေဖြင့် လက်နက်ကိုင်ဆောင်သည့် အဖွဲ့အစည်းတိုင်းကို ကြောက်နေရကြောင်း ဒေသခံများ က ပြောသည်။

“ ကျနော်အနေနဲ့တော့ နောက်နောင် ဒီလို မဖြစ်စေချင်ဘူး။ အခုတော့ ရွာသားတွေက ကြောက်နေရတယ်” ဟု ဒေါဝ်ခေါင်၏ ဦးလေးဖြစ်သူ က တောင်းဆိုလိုက် ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် ကိုင်ဆောင်သည့် ဖုန်းကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...