Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန် ကျေးရွာအုပ်စု တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

Photo by ဒေသခံတဦး

ဖြစ်စဉ်မှာ ဇန်နဝါရီ ၉ ရက် ည ၇နာရီ ဝန်းကျင်တွင် တာမိုးညဲ ဘက်မှ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသား ၂ဦးကို တအာင်း(ပလောင် ) အမျိုးသား လွှတ်မြောက်ရေး တပ်မတော်(TNLA) တပ်သားမှ သေနတ်ပစ်လိုက်သဖြင့် အသက် ၃၀ အရွယ် ဒေါင်ဝ်ခေါင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ TNLA တပ်က မူးယစ်ဆေးစစ်ဖို့ တားတဲ့အချိန် ကျနော်တူတွေက ဆိုင်ကယ်မရပ်ဘဲ ဆက်မောင်းတယ်။ အဲ့မှာ TNLA တပ်သားတွေက သေနတ်နဲ့ ပစ်လိုက်တယ်လို့ ပြောတယ်။ ကျနော်တူ က မူးယစ်ဆေးလည်း မသုံးဘူး” ဟု သေဆုံးသွားသည့် ဒေါင်ဝ်ခေါင်၏ ဦးလေး ဖြစ်သူ ဒေါင်ဇေ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဒေါင်ဝ်ခေါင် အတွက် TNLA တပ်ဖွဲ့ မှ ငွေ ၁၀သိန်း နှင့် ဆန် ၁၀အိတ်လာရောက် ပေးကြောင်း၊ လည်း ဦးဒေါင်ဇေ က ပြောသည်။

“ TNLA ကတော့ သူတို့သေနတ်နဲ့ ပစ်လိုက်တယ်ဆိုတာ ဝန်ခံပါတယ်။ မှားပစ်တယ်လို့ ပြောပါတယ်” ဟု ဦးဒေါင်ဇ က ထပ်လောင်းပြောသည်။

ထို့ပြင် သေဆုံးသွားသည့် အသက် ၃၀ အရွယ်ရှိ ဒေါင်ဝ်ခေါင်သည် ကလေး ၂ယောက်၏ ဖခင်ဖြစ်ပြီး၊ မိသားစုကို ရှာဖွေ ကျွေးမွေးသည့် သူ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး မော်ဟန်ကျေးရွာ အုပ်ချုပ်ရေးမှူး ခေါယိန်း က “ သေနတ်ပစ်ခံရပြီး သေသွားတယ်။သူတို့ တာမိုးညဲဈေးကနေ ပြန်လာတာ။ မူးယစ်ဆေးဝါး စစ်တဲ့သူတွေက တား တာ ကို သူတို့က မရပ်ပေးလို့ TNLA တပ်သားက သူတို့ ကိုပစ်လိုက်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

TNLA တပ်သားများက မူးယစ်ဆေးဝါး စစ်ဆေးနေစဉ် ဆိုင်ကယ်မရပ်တဲ့ အတွက် ခြိမ်းခြောက်သည့်သဘောဖြင့် ပစ်လိုက်ရာ လူထိမှန်မှု ဖြစ်သွားသည် ဟု မော်ဟန်ကျေးရွာအုပ်စု တွင်နေထိုင်သူများ ပြောပြချက်အရသိရသည်။

“ တမင်ရည်ရွယ်ပြီး ပစ်တာမဟုတ်ဘူး။ ခြိမ်းခြောက်ရင်းနဲ့ မှန်သွားတယ်လို့ပြောတယ်။ မူးယစ်ဆေးဝါး သုံးစွဲတာကို ကျနော်တို့မလိုလားပါဘူး။ ဒါပေမယ့် အဲ့လောက်ထိတော့ မလုပ်သင့်ဘူး” ဟု ခေါယိန်း က ဆိုသည်။

TNLA အနေဖြင့် မူးယစ်ဆေးဝါးကို စစ်ဆေးမည့်ကိစ္စ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး များကို အကြောင်းကြားခြင်းမရှိကြောင်း၊ နောက်နောင် ထိုကဲ့သို့မဖြစ်စေရန် လည်း တိုင်းရင်းသားလက်နက်ကိုင်များကို ပြောချင်သည် ဟု ခေါယိန်း က ထပ်လောင်းပြောသည်။

TNLA တပ်သားများ ထိုကဲ့သို့ သေနတ်ပစ်ဖြေရှင်းသည့်အပေါ် ဒေသခံများက ရှုပ်ချလိုက်သည်။

ကွတ်ခိုင်မြို့နယ် အတွင်းနေထိုင်သည့် ဒေသခံများအနေဖြင့် လက်နက်ကိုင်ဆောင်သည့် အဖွဲ့အစည်းတိုင်းကို ကြောက်နေရကြောင်း ဒေသခံများ က ပြောသည်။

“ ကျနော်အနေနဲ့တော့ နောက်နောင် ဒီလို မဖြစ်စေချင်ဘူး။ အခုတော့ ရွာသားတွေက ကြောက်နေရတယ်” ဟု ဒေါဝ်ခေါင်၏ ဦးလေးဖြစ်သူ က တောင်းဆိုလိုက် ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် မှ TNLA ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော် ကိုင်ဆောင်သည့် ဖုန်းကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...