Wednesday, January 28, 2026

သိန္နီမြို့နယ်

သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့်...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...

သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...

သိန္နီမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး ကို MNDAA စစ်ဆေးရိုက်နှက် သေဆုံး

သျှမ်းပြည် သိန္နီမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးကို ကိုးကန့်တပ်မတော် ( MNDAA) မှခေါ်ယူစစ်ဆေးပြီး ရိုက်နှက်ကာ အလောင်းကို ပြန်ပို့ခဲ့ကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့နယ် မိုင်းလီကျေးရွာ အုပ်ချုပ်ရေးမှူးကို ဇန်ဝါရီလ ၂၀ ရက် နံနက် ၇ နာရီဝန်းကျင်တွင် MNDAAမှ လာရောက် ခေါ်ယူ စစ်ဆေးခဲ့ပြီး ရိုက်နှက်ထားသည့်...

သိန္နီမြို့နယ် စာသင်ကျောင်းများ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေး ယန္တရားစတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး ညွှန်ကြားချက် ၆ ချက်ထုတ်ပြန်ပြီးနောက် စာသင်ကျောင်းများ၌ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား ဖြန့်ဝေနေသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် (မှိုင်းဝေ) အကောင်းတစ်ခုမှ “သိန္နီမှာ MNDAAက...

သိန္နီမြို့နယ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သီန္နီမြို့နယ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သီန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အတွင်း နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းတွင် လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း...

သိန္နီ တိုက်ပွဲကြားမှာ အခုထိ ဘယ်လိုမှ လုံခြုံမှု မရှိသေးဘူး

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ ၂၇ ရက် နံနက် ၄ နာရီခန့်မှစ၍ သိန္နီမြို့နယ်တွင် ချင်းရွှေဟော်၊ လားရှိုးမြို့တို့နှင့် အလားတူ သေနတ်သံ တစ်ပြိုင်နက် ထွက်ခဲ့သည့်အပြင် ယခုအခါ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသည်ဟု ကြေညာခံထားရပြီး စစ်ကောင်စီမှ...

သိန္နီမြို့နယ်အတွင်း (၃) ရက် ဆက်တိုက် လျှပ်စစ်မီး ပြတ်တောက် ဆက်သွယ်ရေး အခက်အခဲဖြစ်

သျှမ်းပြည် သိန္နီမြို့နယ်အတွင်း (၃) ည ဆက်တိုက် လျှပ်စစ်မီးပြတ်တောက်သည့်အတွက် ဒေသခံ ပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီ တို့ ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက် မှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ...

Latest news