သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။

သိန္နီမြို့

သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ သေဆုံးခဲ့ကြောင်း သိန္နီ ဒေသခံ အမျိုးသမီးတစ်ဦက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက အိမ်အနောက်ဖက်က ခြံထဲကို ဟင်းသွားခူးရင်းနဲ့ မိုင်းနင်းမိတာ။မိုင်းက သူ့ခြံဝန်းထဲမှာကို ရှိတာ။သူတို့ အိမ်က အရင်တိုက်ပွဲဖြစ်တုန်းက စစ်ကောင်စီတွေက လာနေသွားတာလေ။ခြေထောက်နှစ်ဖက်လုံး ပြတ်သွား တာ။သွေး အထွက်လွန်ပြီး သေသွားတာပေါ့။ မြေမြုပ်မိုင်းကတော့ စစ်ကောင်စီဟာတွေပါ။”ဟု သိန္နီမြို့ ဒေသခံ အမျိုးသားတစ်ဦက ပြောသည်။

ထိုသေဆုံးသွားသည့် အမျိုးသားသည် အသက် ၄၀ ဝန်းကျင် စိုင်းအောင်မင်း ဖြစ်ကြောင်းသိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်တွင်လည်း သိန္နီမြို့နယ် ဟိုသ ကျေးရွာတွင် အမျိုးသမီး ကလေးငယ် ၂ ဦး ဗုံးစ နှင်းမိ၍ ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး ဗုံးစများကြောင့်လည်း ဒေသခံများ စိုးရိမ်နေရကြောင်း သိန္နီဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီ ညီနောင်မဟာမိတ် ဆက်လက်သိမ်းပိုက်နေ

“တလောကလည်း စစ်ကောင်စီတွေ လေယာဉ်နဲ့ ဗုံးကြဲတုန်းက ကျန်ခဲ့တဲ့ အစတွေ အရမ်းချွန်တယ် အရမ်းထက်တယ်။အဲ့ဒါတွေကို ကလေးတွေက သွားနင်းမိတာ။သူတို့ အဲ့လို လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ကျန်ခဲ့တဲ့ ဗုံးစတွေက လယ်ကွင်း ထဲမှာကျတာတွေက အရမ်းစိုးရိမ်ရတယ်။သူတို့ ဗုံးတွေက ချွန်တယ် ထက်တယ်လေ လယ်လုပ်ရင် အခက်အခဲတွေရှိနိုင်တာပေါ့။” ဟု သိန္နီမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာ နောက်ဆုံးပတ်မှ စတင်ခဲ့သည် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့၏ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိန္နီမြို့ပေါ်နှင့်ကျေးရွာ ၁၀ရွာကျော်မှ ဘာသာ‌ရေးအဆောက်အဦးနှင့် နေအိမ် ၆၀၀ ထပ်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် သိန္နီဒေသခံများ လားရှို့မြို့သို့ ထွက်ပြေးကာ စစ်ဘေးတိမ်းရှောင်နေရပြီး၊ လက်ရှိမှာ သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...