Tuesday, January 27, 2026

သိန္နီမြို့နယ် စာသင်ကျောင်းများ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေး ယန္တရားစတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး ညွှန်ကြားချက် ၆ ချက်ထုတ်ပြန်ပြီးနောက် စာသင်ကျောင်းများ၌ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား ဖြန့်ဝေနေသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် (မှိုင်းဝေ) အကောင်းတစ်ခုမှ “သိန္နီမှာ MNDAAက ယနေ့ဝန်ထမ်းတွေကို အစည်းအဝေးခေါ်တယ်။ အုပ်ချုပ်ရေးစတင်ဖို့ ညွှန်ကြားချက် ခြောက်ချက် ထုတ်ပြန်တယ်။ စာသင်ကျောင်းတွေမှာ တရုတ်စာကလွဲလို့ အခြားဘာသာ စာမသင်ရ၊ မြန်မာငွေ မသုံးစွဲရလည်းပါတယ်”ဟု ဆိုကာ ပြည်သူလူထု စိုးရိမ်မှုမြင့်တက်အောင် ရည်ရွယ်ချက်ဖြင့် လှည့်ဖြားမှားယွင်းစွာ ရေးသား ဖြန့်ဝေနေသည်။

Archive Link- https://archive.ph/KnN5o
သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများက အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြု လုပ်ခဲ့သည်။ ယင်းမှာ အချက်အလက် မှားယွင်းနေကြောင်း တွေ့ရသည်။
ကိုးကန့်တပ်ဖွဲ့မှ ကြေညာထားသည့် အချက် ၆ ချက်ထဲမှာ ဒေသအတွင်းရှိ ဆရာဝန်နှင့် ဆရာ/ဆရာမ စာရင်းပေးပို့ရန်၊ ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန် နှင့် မူးယစ်ဆေးဝါး၊ ရာမဆေးပြား သုံးစွဲသူများကို ဖမ်းမိလျှင် စစ်သားအဖြစ် စုဆောင်းခံရမည် စသဖြင့် ညွှန်ကြားချက်များ သာပါရှိပြီး စာသင်ကျောင်းများ၌ တရုတ်စာလွှဲ၍ အခြားဘာသာ သင်ကြားခွင့်မရှိဆိုသည့် အချက်မပါရှိကြောင်း ဒေသခံများပြောချက်အရ သျှမ်းသံတော်ဆင့်မှ ရေးသားဖော်ပြထားသည်။

မူရင်လင့် – https://burmese.shannews.org/archives/38828

လွတ်လပ်ပြီး ယုံကြည်ရသည့် အခြားမီဒီယာများတွင်လည်း အဆိုပါအကြောင်းအရင်းကိစ္စနှင့် ပတ်သက်၍ ရေးသားဖော်ပြခြင်း မရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ သိန္နီမြို့ဒေသခံတစ်ဦးက “အစည်းအဝေးလုပ်တာတော့ သိတယ်။ စာသင်ကျောင်းမှာ တရုတ်စာကလွဲလို့ အခြားဘာသာ စကားတွေ သင်လို့မရဘူးဆိုတာ မကြားသေးဘူး။ ကျောင်းလည်း မဖွင့်ဘူး။ ကျပ်ငွေ သုံးစွဲလို့မရဘူးဆိုတဲ့သတင်းလည်း မဟုတ်ဘူး။ သိန္နီမြို့က မနက်ဈေးနေ့တွေမှာ ကျပ်ငွေနဲ့ သုံးလို့ရတယ်” ဟု အတည်ပြု ပြောဆိုထားသည်။

ထို့ကြောင့် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့မှ ညွှန်ကြားချက် ၆ ချက်ထုတ်ပြန်ပြီးနောက်ပိုင်း စာသင်ကျောင်းများ၌ တရုတ်စာမှလွှဲ၍ အခြားသာဘာစကား သင်ကြားခွင့်မရကြောင်း သတင်းမှာ အမှားဖြစ်ပြီး လူအများ စိုးရိမ်မှု မြင့်တက်အောင် ရေးသားဖြန့်ဝေနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်ရဲ့ Chat Box မှ တစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့လာခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...