သိန္နီမြို့နယ် စာသင်ကျောင်းများ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား

သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေး ယန္တရားစတင်လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံပြီး ညွှန်ကြားချက် ၆ ချက်ထုတ်ပြန်ပြီးနောက် စာသင်ကျောင်းများ၌ တရုတ်စာမှလွှဲ၍ အခြားဘာသာစကား သင်ကြားခွင့်မရ သတင်းမှား ဖြန့်ဝေနေသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ဖြစ်သည့် (မှိုင်းဝေ) အကောင်းတစ်ခုမှ “သိန္နီမှာ MNDAAက ယနေ့ဝန်ထမ်းတွေကို အစည်းအဝေးခေါ်တယ်။ အုပ်ချုပ်ရေးစတင်ဖို့ ညွှန်ကြားချက် ခြောက်ချက် ထုတ်ပြန်တယ်။ စာသင်ကျောင်းတွေမှာ တရုတ်စာကလွဲလို့ အခြားဘာသာ စာမသင်ရ၊ မြန်မာငွေ မသုံးစွဲရလည်းပါတယ်”ဟု ဆိုကာ ပြည်သူလူထု စိုးရိမ်မှုမြင့်တက်အောင် ရည်ရွယ်ချက်ဖြင့် လှည့်ဖြားမှားယွင်းစွာ ရေးသား ဖြန့်ဝေနေသည်။

Archive Link- https://archive.ph/KnN5o
သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများက အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြု လုပ်ခဲ့သည်။ ယင်းမှာ အချက်အလက် မှားယွင်းနေကြောင်း တွေ့ရသည်။
ကိုးကန့်တပ်ဖွဲ့မှ ကြေညာထားသည့် အချက် ၆ ချက်ထဲမှာ ဒေသအတွင်းရှိ ဆရာဝန်နှင့် ဆရာ/ဆရာမ စာရင်းပေးပို့ရန်၊ ကိုးကန့်စစ်သားများ ပြည်သူများကို အနိုင်ကျင့်လျှင် တိုင်ကြားရန် နှင့် မူးယစ်ဆေးဝါး၊ ရာမဆေးပြား သုံးစွဲသူများကို ဖမ်းမိလျှင် စစ်သားအဖြစ် စုဆောင်းခံရမည် စသဖြင့် ညွှန်ကြားချက်များ သာပါရှိပြီး စာသင်ကျောင်းများ၌ တရုတ်စာလွှဲ၍ အခြားဘာသာ သင်ကြားခွင့်မရှိဆိုသည့် အချက်မပါရှိကြောင်း ဒေသခံများပြောချက်အရ သျှမ်းသံတော်ဆင့်မှ ရေးသားဖော်ပြထားသည်။

မူရင်လင့် – https://burmese.shannews.org/archives/38828

လွတ်လပ်ပြီး ယုံကြည်ရသည့် အခြားမီဒီယာများတွင်လည်း အဆိုပါအကြောင်းအရင်းကိစ္စနှင့် ပတ်သက်၍ ရေးသားဖော်ပြခြင်း မရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ သိန္နီမြို့ဒေသခံတစ်ဦးက “အစည်းအဝေးလုပ်တာတော့ သိတယ်။ စာသင်ကျောင်းမှာ တရုတ်စာကလွဲလို့ အခြားဘာသာ စကားတွေ သင်လို့မရဘူးဆိုတာ မကြားသေးဘူး။ ကျောင်းလည်း မဖွင့်ဘူး။ ကျပ်ငွေ သုံးစွဲလို့မရဘူးဆိုတဲ့သတင်းလည်း မဟုတ်ဘူး။ သိန္နီမြို့က မနက်ဈေးနေ့တွေမှာ ကျပ်ငွေနဲ့ သုံးလို့ရတယ်” ဟု အတည်ပြု ပြောဆိုထားသည်။

ထို့ကြောင့် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့မှ ညွှန်ကြားချက် ၆ ချက်ထုတ်ပြန်ပြီးနောက်ပိုင်း စာသင်ကျောင်းများ၌ တရုတ်စာမှလွှဲ၍ အခြားသာဘာစကား သင်ကြားခွင့်မရကြောင်း သတင်းမှာ အမှားဖြစ်ပြီး လူအများ စိုးရိမ်မှု မြင့်တက်အောင် ရေးသားဖြန့်ဝေနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်ရဲ့ Chat Box မှ တစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့လာခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...