Thursday, May 2, 2024

သိန္နီမြို့နယ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

Must read

သျှမ်းပြည် သီန္နီမြို့နယ်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

နမ့်စလပ်

သီန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု အတွင်း နိုဝင်ဘာ ၂၁ ရက် နေ့လည်ပိုင်းတွင် လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့

“ကျည်ထိပြီးသေသွားတဲ့သူ အလောင်းကို သွားမယူရသေးဘူး။ ဒီမနက်ထိတော့ သွားမယူရသေးဘူး။ ဘေးအိမ်ကလူတွေလည်း ၂ ယောက် ဒဏ်ရာရသွားတာ။ သူတို့တွေက အိမ်မှာ စောင့်ပြီးကျန်နေခဲ့တဲ့လူတွေပေါ့” ဟု ၎င်း ကပြောသည်။

ထိုသေဆုံးသွားသည့် အမျိုးသားသည် အသက် ၇၀ ဝန်ကျင်ရှိပြီဖြစ်ကြောင်းဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်လာသည့် အောက်တိုဘာ ၂၇ ရက်မှစ၍ သိန္နီမြို့နယ် နမ့်စလပ်နှင့် စယ်အူကျေးရွာအုပ်စုရှိ ကျေးရွာများမှ လူငယ် ၂၀ ဦးထက်မနည်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိန္နီမြို့နယ် ဒေသခံများက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် “၁၀၂၇ စစ်ဆင်ရေး” တစ်လနီးပါး ကာလအတွင်း စစ်ကောင်စီ၏ တပ်စခန်း ၁၅၀ ကျော်နှင့် ချင်းရွှေဟော်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် လောက်ကိုင်မြို့ကို ဝိုင်းရံပိတ်ဆို့လျက်ရှိကာ အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် စစ်အင်အား အများအပြား ဖြန့်ကျက်ထားကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article