သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။

ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်လိုက်ပြီး မြန်မာစာ အသုံးပြုလိုပါက တရုတ်စာလည်း ထည့်သွင်းရေးသားရမည်ဟု MNDAA အရာရှိများက ပြောဆိုကြောင်း သိန္နီဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု ဗွီနိုင်းအသစ် သွားလုပ်တာ၊ သျှမ်းစာနဲ့ အင်္ဂလိပ်စာပါတဲ့ ဆိုင်းဘုတ်အဟောင်းတော့ ပေးမသုံးတော့ဘူး။ အသစ်လုပ်ခိုင်းတာ၊ တရုတ်စာပါတဲ့ ဆိုင်းဘုတ်လုပ်ရမှာ။ ဗမာစာနဲ့ ဆိုင်းဘုတ်ထောင်ချင်ရင် တရုတ်စာလည်း ထည့်ရမယ်။ လာပြောတဲ့ ကိုးကန့်တရုတ်နဲ့ဆို ရန်ဖြစ်တော့မလို့၊ ဒါပေမယ့် သူတို့က သေနတ်လည်းပါတော့ ဟုတ်ကဲ့ လို့ပဲ ပြန်ပြောနိုင်တယ်”ဟု သိန္နီမြို့ ဈေးသည်တစ်ဦးက ပြောသည်။

သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကို အခွန်မျိုးစုံ ပေးဆောင်နေရသည့်အပြင် ကား၊ ဆိုင်ကယ်၊ ဈေးဆိုင်ခန်းနှင့် တပိုင်တနိုင် ဈေးသည်များမှအစ ၎င်းတို့ဖွင့်လှစ်ထားသည့် ရုံးတွင် အခွန် သွားရောက်ပေးဆောင်ရကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်တွင် သိန္နီမြို့ ရပ်ကွက် (၁) ဈေးတန်းရပ်ရှိ ပျက်စီးသွားသည့် သိန္နီမြို့မဈေးထဲ မူလဆိုင်ခန်းနေရာတွင် ပြန်လည်ဖွင့်လှစ် ရောင်းချနေသည့် ဈေးသည်များကို ကိုးကန့်တပ်ဖွဲ့ MNDAA ရဲများက လာရောက်နှင်ထုတ်ခဲ့ပြီး ၎င်းတို့ အသစ်ဖွင့်လှစ်ထားသည့် ပန်လော့ရွာဘက်သို့ သွားရောက်ရောင်းချခိုင်းကြောင်း ဒေသခံများက ပြောသည်။

“ဧပြီလကုန် ၂၈ ရက် နောက်ဆုံးထားပြီး မြို့မဈေးထဲက ဈေးသူဈေးသားအားလုံး ဖယ်ရမယ်။ ၁၉ ရက်နေ့က ဈေးထဲ အစည်းအဝေး လုပ်ကြတာ မြို့မဈေးကို ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးရမယ်။ ဆိုင်ခန်းအစားထိုး ပေးမလား ဒါမှမဟုတ် လျော်ကြေးပေးမလား ရွေးချယ်စရာ နှစ်မျိုးပဲ ရှိတယ်၊ လောလောဆယ်တော့ စာတင်ထားတယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဈေးသည်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ် ကိုးကန့်တပ်ထံ တရုတ်လောပန်း လုပ်ငန်းရှင်များမှ လေလံဆွဲကာ ပန်လော့ကျေးရွာဘက် အသစ်ပြန်လည်‌တည်ဆောက်ထားသည့် ဈေးသစ်သည် မြို့ထဲရှိ မြို့မဈေးနှင့် ၂ မိုင်ကျော် ကွာဝေးပြီး ပေးဆောင်ရမည့် ဈေးဆိုင်ခန်း အခွန်အခ များပြားခြင်းကြောင့် အခက်တွေ့နေကြောင်း ဈေးသည်များက ပြောသည်။

ထို့ကြောင့် စီးပွားရေး ကြပ်တည်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုကြား ပြည်သူများ၏ တစ်ပိုင်တစ်နိုင် လုပ်ငန်းများကိုပါ အခွန်ကောက်ယူမှုအပေါ် ရပ်ဆိုင်းပေးရန် (သို့မဟုတ်) လျှော့ချပေးရန် ဒေသခံများက MNDAA ထံ တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိတွင် သိန္နီမြို့ပေါ် လမ်းမကြီးတလျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ CCTV များ တပ်ဆင်ကာ စောင့်ကြည့်နေပြီး လောင်းကစားဝိုင်းများလည်း ဆက်လက်ဖွင့်လှစ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

သိန္နီမြို့သည် သျှမ်းပြည်မြောက်ပိုင်းရှိ စော်ဘွားနယ်များအနက် ခေတ်အဆက်ဆက် သျှမ်းစော်ဘွားများ အုပ်ချုပ်ခဲ့သည့် နယ်ကြီးတစ်ခု ဖြစ်ခဲ့ပြီး ရှေးယခင်ကတည်းက မြန်မာနှင့် တရုတ်အကြား ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် အရေးပါခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စကတည်းက ၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းတွင် သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားပြီး လားရှိုးမြို့နှင့် မိုင် ၃၀ ခန့်သာ ကွာဝေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...