လားရှိုးမြို့
လားရှိုး စစ်သားစုဆောင်းရေးတပ် တွင်း လက်လုပ်မိုင်း ပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စစ်သားစုဆောင်းရေးတပ် ဝန်းအတွင်း ယနေ့ (ဧပြီ ၂)ရက် နေ့လည်ပိုင်း ၌ လက်လုပ်မိုင်း ပစ်ခံရကြောင်း သတင်းရရှိသည်။ လားရှိုးမြို့ ရပ်ကွက်(၁) ကံကော်လမ်း အမှတ်(၄) စစ်သားစုဆောင်းရေးတပ် ဝန်းအတွင်း ယနေ့ နေ့လည် ၁၂နာရီခွဲဝန်းကျင် တွင် လက်လုပ်မိုင်း ပစ်ခံရပြီး၊ လူထိခိုက်မှုမရှိကြောင်း...
လားရှိုး ရပ်ကွက်(၅) ရဲကင်းအနီး ပေါက်ကွဲမှု ဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၅) အုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရဲကင်း တွင် ယနေ့(မတ် ၃၁)ရက် နေ့လည် (၁)နာရီကျော်တွင် ဗုံးတလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ လားရှိုးရပ်ကွက်(၅) အုပ်ချုပ်ရေးမှူး အနီးရှိ ရဲကင်းတွင် ယနေ့ နေ့လည်ပိုင်း (၁)နာရီတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုများလည်း ရှိပြီး၊ လူထိခိုက်မှု...
လားရှိုးတွင် ပေါက်ကွဲမှု တရက်တည်း ၂ကြိမ်ဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် (၁) နားမခေါ်၊ နတ်ရေကန်လမ်းသွယ် (၉) ရှိ နေအိမ်တလုံံး ယနေ့ ( မတ် ၂၃) ရက် ညနေပိုင်းတွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေအိမ်သည် တပ်အငြိမ်းစား တဦး ဖြစ်သည့် ဦးသန်းတင်၏...
လားရှိုး ညသံပုံးတီးမှုကြောင့် လက်ပစ်ဗုံးပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့ (မတ် ၁၅)ရက် ည ၈နာရီကျော်တွင် သံပုံးတီး သည်ဟုဆိုကာ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်းလုံး ပြည်သူများသည် ည(၈)နာရီရောက်တိုင်း စစ်အာဏာရှင်ကို အလိုမရှိသည့် အနေဖြင့် သံပုံးတီး ဆန္ဒပြမှုကို ပြုလုပ်ကြသည်။ ထို့ကြောင့် ယနေ့ ည (၈)နာရီတွင်လည်း...
လားရှိုး ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ခန့်အပ်မှု အလိုမရှိ ဆန္ဒထုတ်ဖော်သူ ၃ဦး ပြန်မလွှတ်သေး
SHAN -
သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့ ရပ်ကွက် (၁၁) တွင် အသစ်ခန့်အပ်မည့် အုပ်ချုပ်ရေးမှူး ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူ (၃)ဦး ဖမ်းဆီးခံရပြီး ယနေ့ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ် ၁၀)ရက် မနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၁၁)တွင် အသစ်ခန့်အပ်မည့် အုပ်ချုပ်ရေးမှူး ကို...
လားရှိုးတွင် တရားမဝင် လက်နက်ခဲယမ်းကိုင်ဆောင်သည့် အမျိုးသားတဦးဖမ်းဆီးရမိ
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်သည့် အမျိုးသားတဦးကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ လားရှိုးမြို့တွင် ယောက္ခမဖြစ်သူအား သေနတ်ဖြင့် ခြိမ်းခြောက်မှုဖြင့် အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ မုံးဟပြည်သူ့စစ်အဖွဲ့ယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများကို တရားမဝင်သုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ဇန်နဝါရီ (၆)ရက်တွင် လားရှိုးမြို့ ရပ်ကွက်(၇)တွင်နေထိုင်သည့် ဦးပီရှန်းသည်...
လားရှိုးတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး ဓားခုတ်ဒဏ်ရာဖြင့်သေဆုံး
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အသက်၁၈နှစ် အရွယ် အမျိုးသား တဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။ မေလ ၁၇ ရက် ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ ဟူးမွန်ဆည်နှင့် ကောက်ကွေးဆည်ကြားရှိ ချုံထဲတွင် အသက် ၁၈ နှစ်...
လားရှိုးမြို့နယ်အတွင်း ကျေးလက်ဒေသခံများ လူ၊ ကား ချောဆွဲခံနေရ
သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ် မိုင်းကျက်အုပ်စုဘက်လှုပ်ရှားသည့်အစိုးရတပ်မတော်သည် ဒေသခံရွာသားများထံမှ ၀ါး၊ သစ်များဆင့်ဆိုခြင်း ကား၊ထော်လာဂျီများအား ချောဆွဲခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။ လားရှိုးမြို့အရှေ့ဘက်ရှိ မိုင်းကျက် အုပ်စု တွင်အခြေချသည့် အစိုးရတပ်မတော် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၆၅ သည် မိုင်းကျက်ဒေသခံများထံမှ ကား၊ ထော်လာဂျီများ တရက်လျင် ၄ စီးဆင့်ဆိုချောဆွဲနေ...
လားရှိုးမြို့ တွင် အသက် ၅၀ကျော် အမျိုးသမီးကို မုဒိမ်းကျူးလွန်ရန်ကြိုးစား
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ တွင် ယနေ့ မနက်ပိုင်းက အသက် ၅၀ကျော် အမျိုးသမီးတဦးအား အမျိုးသားတဦးမှ မုဒိမ်းကျူးလွန်ရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဧပြီ ၈ ရက် ယနေ့ မနက် ၆နာရီ ဝန်းကျင်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လမ်းလျှောက်ထွက်သည့် အသက် ၅၀ကျော်...
လားရှိုးရောက် ဒေါ်အောင်ဆန်းစုကြည် အား အယုံအကြည်မရှိသည့်စာများ ဖြန့်ဝေ
လားရှိုးမြို့သို့ လာရောက်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်စာများ နေရာ အနှံ့ ဖြန့်ဝေနေကြောင်းတွေ့ရသည်။ မတ်လ ၁၀ ရက် ယနေ့ မနက်ပိုင်းက လားရှိုးမြို့သို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိလာပြီး မြို့တော်ခန်းမတွင် လူထုနှင့်တွေ့ဆုံပွဲ ပြုလုပ်ကြောင်း သိရသည်။ လူထုတွေ့ဆုံပွဲ ပြုလုပ်နေချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား လက်မခံ အယုံအကြည်မရှိ...





