Wednesday, January 28, 2026

လားရှိုးတွင် တရားမဝင် လက်နက်ခဲယမ်းကိုင်ဆောင်သည့် အမျိုးသားတဦးဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် တရားမဝင်လက်နက်ခဲယမ်း ကိုင်ဆောင်သည့် အမျိုးသားတဦးကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

လားရှိုးမြို့တွင် ယောက္ခမဖြစ်သူအား သေနတ်ဖြင့် ခြိမ်းခြောက်မှုဖြင့် အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ မုံးဟပြည်သူ့စစ်အဖွဲ့ယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများကို တရားမဝင်သုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ဇန်နဝါရီ (၆)ရက်တွင် လားရှိုးမြို့ ရပ်ကွက်(၇)တွင်နေထိုင်သည့် ဦးပီရှန်းသည် သေနတ်ဖြင့် ခြိမ်းခြောက်ခံရကြောင်း မြို့မရဲစခန်းကို ဆက်သွယ်တိုင်ကြားသဖြင့် အဆိုပါ နေအိမ်ကို သွားရောက် စစ်ဆေးခဲ့သည်။

ယင်းနောက် ဦးပီရှန်းနေအိမ်သို့လာပြီး ဇနီးဖြစ်သူအား ထုတ်ပေးရန် သေနတ်ဖြင့်ခြိမ်းခြောက်ခဲ့သည့် လီဖူရှိုး (ခ) စန်းတီ နေထိုင်ရာ ရပ်ကွက် (၇)၊ နယ်မြေ (၆)၊ အေးသာယာလမ်း၊ အိမ်အမှတ်(ဆ/၆/၃၃၂) နေအိမ်သို့ သွားရောက် စစ်ဆေးခဲ့ရာ လီဖူရှိုး (ခ) စန်းတီအား နေအိမ်တွင် မောင်းပြန် ရိုင်ဖယ်သေနတ် (၁) လက် ကိုင်ဆောင်ထားပြီး ငါးလုံးပြူးသေနတ် (၁) လက်ကို ခါးတွင် ချိတ်လျှက်တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး လီဖူရှိုး စီးနင်းသည့် မော်တော်ယာဉ်ပေါ်တွင်လည်း Type-81 မောင်းပြန်ရိုင်ဖယ် သေနတ် (၁) လက်နှင့် ၎င်းကျည် (၁၁၈) တောင့်၊ ၎င်းကျည်အိမ် (၄) ခု၊ Luger (38 mm Special) ငါးလုံးပြူး သေနတ် (၁) လက်နှင့် ၎င်းကျည် (၃၂) တောင့်၊ လက်ထိပ် (၂) စုံ၊ TDK အမှတ်တံဆိပ် စကားပြောစက် (၃) လုံး၊ RUIZHONGLONG အမှတ် တံဆိပ်ပါ စကားပြောစက် (၁) လုံး၊ EPOLO စာတမ်းပါ စကားပြောစက် (၁) လုံး၊ မုံးဟ ပြည်သူစစ် ဘက်တံဆိပ်ပါ ယူနီဖောင်း (၃) စုံ၊ ဘက်တံဆိပ်မပါ ယူနီဖောင်း (၅) စုံ၊ မုံးဟပြည်သူစစ် ဘက်တံဆိပ် (၂) စုံ၊ စစ်စိမ်းရောင် ကျောပိုး အိတ် (၁) လုံး၊ စစ်စိမ်းရောင် ဖိုက်ဘာ ဦးထုပ် (၁)လုံး၊ ပစ္စတိုသေနတ်ထည့်သည့် သေနတ်အိတ် (၂) ခု၊ ကျည်ခါးပတ် (၂) ခု၊ စစ်စိမ်းရောင် Equipment (၁) စုံ၊ ပြောက်ကျား ဘေးလွယ်အိတ် (၁)လုံး၊ စစ်စိမ်းရောင်ခါးပတ် (၁) ချောင်း၊ ပလပ်စတစ် လက်ပစ်ဗုံး (fuse ပါ) (၁) လုံး၊ ဝါယာလက် မီးလုံး (၁) လုံး၊ ငွေကျပ် (၄)သိန်းတို့အား စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လီဖူရှိုး (ခ) စန်းတီ ကိုင်ဆောင်သုံးစွဲသည့် လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်းများနှင့်ပတ်သက်၍ မုံးဟ ပြည်သူ့စစ်သို့ အတည်ပြုရာ လီဖူရှိုး(ခ)စန်းတီမှာ ၎င်းတို့၏တပ်ဖွဲ့ဝင် မဟုတ်ကြောင်းနှင့် တွေ့ရှိရသည့် လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်း များမှာလည်း တပ်ဖွဲ့ပိုင်ပစ္စည်းများမဟုတ်ကြောင်း မုံးဟပြည်သူ့စစ်မှ လားရှိုးရုံးတာဝန်ခံ ဦးစိုင်းစံအေးက အတည်ပြုထားကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့် ဆက်စပ်သည့်ပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများအား တရားဝင် ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်အသုံးပြု လက်ဝယ်ထားရှိသူ လီဖူရှိုး (ခ) စန်းတီအား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၇)ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...