Thursday, May 2, 2024

လားရှိုး စစ်သားစုဆောင်းရေးတပ် တွင်း လက်လုပ်မိုင်း ပစ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ စစ်သားစုဆောင်းရေးတပ် ဝန်းအတွင်း ယနေ့ (ဧပြီ ၂)ရက် နေ့လည်ပိုင်း ၌ လက်လုပ်မိုင်း ပစ်ခံရကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ ရပ်ကွက်(၁) ကံကော်လမ်း အမှတ်(၄) စစ်သားစုဆောင်းရေးတပ် ဝန်းအတွင်း ယနေ့ နေ့လည် ၁၂နာရီခွဲဝန်းကျင် တွင် လက်လုပ်မိုင်း ပစ်ခံရပြီး၊ လူထိခိုက်မှုမရှိကြောင်း လားရှိုး မျက်မြင်တဦးက ပြောသည်။

“ ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ လက်လုပ်မိုင်းလို့ပြောတာပဲ။ လူတော့မထိဘူး။ အဲ့နားမှာ လူမရှိဘူး” ဟု မျက်မြင်ဒေသခံ တဦးက ဆိုသည်။

ယခုရက်ပိုင်းအတွင်း လားရှိုးမြို့ ရပ်ကွက်(၅) အုပ်ချုပ်ရေးမှူးရုံးဘေးရှိ ရဲကင်းနှင့် ရပ်ကွက်(၁) နယ်မြေ(၉ )ရှိ တပ်အငြိမ်စားနေအိမ် ဗုံးပစ်ဖောက်ခံခဲ့ရသည်။

ထို့ပြင် ရပ်ကွက်(၄) ရဲရိပ်သားတွလည်း လက်လုပ်မိုင်း ပစ်ခံခဲ့ရကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article