လားရှိုး ညသံပုံးတီးမှုကြောင့် လက်ပစ်ဗုံးပစ်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့ (မတ် ၁၅)ရက် ည ၈နာရီကျော်တွင် သံပုံးတီး သည်ဟုဆိုကာ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်းလုံး ပြည်သူများသည် ည(၈)နာရီရောက်တိုင်း စစ်အာဏာရှင်ကို အလိုမရှိသည့် အနေဖြင့် သံပုံးတီး ဆန္ဒပြမှုကို ပြုလုပ်ကြသည်။

ထို့ကြောင့် ယနေ့ ည (၈)နာရီတွင်လည်း သံပုံတီးမှုကြောင့် လားရှိုးမြို့ ရပ်ကွက် (၁၀) ကျောက်စိမ်းလမ်းထဲ သံပုံးတီးသည့် အိမ်ဘေး “ ပလောင်တောင်တန်း ”ကားဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ အမိုးအနည်းငယ်ပျက်စီးသွားကြောင်း သိရသည်။

“ ည (၈)နာရီ သံပုံးတီးတဲ့အချိန်မှာ ကားတစီး နဲ့ ရောက်လာပြီး ဗုံးပစ်လိုက်တာပဲ။ အသံတော်တော်မြည်သွားတယ်။ အသံ တအုန်းအုန်းပဲ။ မီးပွင့်တာမြင်ရတယ်။ အသံ က ၄ချက်လောက် ကြားရတယ်” ဟု ထိုရပ်ကွက်တွင်နေထိုင်သည့် သူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ပစ်ဗုံးလာရောက်ပစ်သူသည် စစ်ဝတ်စုံ အပြည့်ဝတ်ဆင်လာသည့် သူများဖြစ်ကြောင်း၊ မည်သူ အဖွဲ့အစည်း လာရောက်ပစ်သည်ကို သေချာမသိရှိကြောင်းလည်း ၎င်းက ပြောပြသည်။

“ ဒါက သံပုံးတီးတဲ့သူတွေ နောက်မတီးအောင် ခြိမ်းခြောက်လိုက်တဲ့သဘောပဲ။ ညဆိုရင်လည်း ရဲကားတွေက နေရာတိုင်း လိုက်ပတ်နေတာ။ ပြည်သူတွေကို လိုက်ခြောက်နေတာပဲ” ဟု လားရှိုး ရက်ကွက် (၁၂)ဒေသခံ အမျိုးသမီး တဦး ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...
Mogok View

TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့တွင် စစ်အာဏာရှင်လက်မခံကြောင်း သံပုံးတီးဆန္ဒပြ

0
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် TNLA ဆုတ်ခွာမည်ဟုဆိုထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...