Wednesday, January 28, 2026

လားရှိုး ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ခန့်အပ်မှု အလိုမရှိ ဆန္ဒထုတ်ဖော်သူ ၃ဦး ပြန်မလွှတ်သေး

သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့ ရပ်ကွက် (၁၁) တွင် အသစ်ခန့်အပ်မည့် အုပ်ချုပ်ရေးမှူး ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူ (၃)ဦး ဖမ်းဆီးခံရပြီး ယနေ့ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ် ၁၀)ရက် မနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၁၁)တွင် အသစ်ခန့်အပ်မည့် အုပ်ချုပ်ရေးမှူး ကို အလိုမရှိကြောင်း ဆန္ဒပြ ကန့်ကွက်မှုပြုလုပ်ရာထိုထဲမှာ (၃)ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့ထိတိုင် မလွှတ်ပေးသေးကြောင်း လားရှိုးမှ မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

“ ဆန္ဒပြတာကတော့ ၂၀ကျော်တယ်။ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒလာပြတော့ ရဲတွေ ရောက်လာတယ်။ အဲ့မှာ ဆန္ဒပြတဲ့သူ (၃)ဦးကိုဖမ်းသွားတာပဲ။ အမျိုးသား ၂ဦး ၊ အမျိုးသမီး ၁ဦးပါသွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့တဲ့ လားရှိုးဒေသခံ အမျိုးသားက ဆိုသည်။

စစ်အာဏာရှင်ကျဆုံးရေးအတွက် လားရှိုး လူထုသပိတ် ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ က နေ့စဉ် အကြမ်းဖက် ဖြိုခွင်းမှုပြုလုပ်ပြီး ဆန္ဒပြသည့်နေ့မှ စကာ ယနေ့ထိ ဖမ်းဆီးခံရသူ ၃၇ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့ မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်၊ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူများကိုခေါ်စောင့်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မဲရုံစောင့်ဝန်ထမ်းများ မလုံလောက်သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၎င်းနှင့်နီးစပ်သူများကို ခေါ်ယူပြီးစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၈ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာမှ မဲရုံများ၌ ကြိုတင်ဆန္ဒမဲများ...

မဲမထည့်လျှင် နောက်ဆက်တွဲပြဿနာ တာဝန်မယူဟု သျှမ်းတောင် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် နမ့်စန်မြို့နယ်တို့တွင် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ စစ်ကော်မရှင် လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများက မဲမထည့်လျှင် နောက်ဆက်တွဲပြဿနာ တာဝန်မယူဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်)တွင် ဟိုပုံးမြို့နယ် စံဖူးကျေးရွာအုပ်စုတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး...

ရွာငံတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦး ထပ်မံသတ်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်တွင် အမည်မသိ လက်နက်ကိုင်အုပ်စုမှ ကျောက်ပိဇပ်ကျေးရွာသို့ လာရောက်ပြီး အသက် ၄၀ ကျော် အရွယ် ရွာလူကြီး ဦးတင့်ဝေ နှင့် အရပ်သား ဖြစ်သူ အသက်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...