Wednesday, January 28, 2026

လားရှိုးတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး ဓားခုတ်ဒဏ်ရာဖြင့်သေဆုံး

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အသက်၁၈နှစ် အရွယ် အမျိုးသား တဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။

Photo by လားရှိုး လူငယ်များ လူမှုကူညီရေး အဖွဲ့

  မေလ ၁၇ ရက် ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ ဟူးမွန်ဆည်နှင့် ကောက်ကွေးဆည်ကြားရှိ ချုံထဲတွင် အသက် ၁၈ နှစ် အရွယ် ရှိ အမျိုးသားတဦး ဦးခေါင်းတွင် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရကြောင်း၊ မည်သည့် အကြောင်းကြောင့် သေဆုံးနေသည် ကို သက်ဆိုင်ရာ က စုံစမ်းနေဆဲ ဖြစ်ကြောင်း  လားရှိုးလူငယ်များ လူမှုကူညီရေး အဖွဲ့မှ စိုင်းဝသုန်ထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အစကတော့ ရေနစ်သေဆုံးဆိုပြီး သတင်းပို့လာတယ်။ သေချာ သွားကြည့်တော့ ရေနစ်တာ မဟုတ်ဘဲ ဦးခေါင်း ဓားခုတ်ဒဏ်ရာနဲ့ သေနေတာ ကိုတွေ့ရတယ်။ ဘာကြောင့်ဆိုတာတော့ ကျနော်တို့သေချာ မသိရသေးဘူး” ဟု စိုင်းဝသုန်ထွန်းက ဆိုသည်။

ထိုလူငယ် သေဆုံးမှု နှင့် ပတ်သက်ပြီး လားရှိုးမြို့မရဲစခန်းကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပေ။

လားရှိုးမြို့ ရှိ ဟူးမွန်ဆည် နှင့် ကောက်ကွေးဆည် ကို လူငယ်များ လာရောက်လည်ပတ်  သောက်စားကြပြီး  အချင်းများ ရန်ဖြစ်စကားများရာမှ ဓားခုတ်သည့် အဆင့် ဖြစ်သွားသည် ဟုလည်း လားရှိုး ဒေသခံများ ပြောပြချက် အရ သိရသည်။

Photo by လားရှိုး လူငယ်များ လူမှုကူညီရေး အဖွဲ့

“ လူငယ်တွေ အချင်းချင်း စကားများရန်ဖြစ်ရာကနေ ဓားနဲ့ခုတ်တယ်လို့လည်းကြားတယ်။ နောက် အဲ့နေရာက လူတွေ သိပ်မသွားကြဘူး။ သေချာ ကတော့ မသိရသေးဘူး” ဟု လားရှိုး ဒေသခံ ကိုစိုင်းထွန်း က ဆိုသည်။

ထို့ပြင် လွန်ခဲ့သည့် ရက်ပိုင်းကလည်း လားရှိုးမြို့နယ် အတွင်း ပုပ်ပွနေသည့် ရုပ်အလောင်း ၂လောင်းကို သွားရောက် သယ်ဆောင်ပြီး လားရှိုးမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း လားရှိုး လူငယ်များ လူမှုကူညီရေး အဖွဲ့ က ပြောသည်။

မေလ ၁၁ ရက်က  လားရှိုးမြို့ နယ် မယ်ဟန်ကျေးရွာ အုပ်စု နောင်ယုံးကျေးရွာ တွင် ပုပ်ပွ အလောင်း တလောင်းနှင့်   မေ ၁၃ ရက်က အမည်မသိ ပုပ်ပွ အလောင်း တလောင်းတို့ဖြစ်ကြောင်း စိုင်းဝသုန်ထွန်းက ပြောသည်။

ယခုရက်ပိုင်း လားရှိုးမြို့နယ် အတွင်း လုယက်မှု၊ ဆိုးခိုးမှုများ များပြားလာပြီး ဓားခုတ်မှုလည်း များလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

0
“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...