Thursday, April 25, 2024

လားရှိုးတွင် ပေါက်ကွဲမှု တရက်တည်း ၂ကြိမ်ဖြစ်

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် (၁) နားမခေါ်၊ နတ်ရေကန်လမ်းသွယ် (၉) ရှိ နေအိမ်တလုံံး ယနေ့ ( မတ် ၂၃) ရက် ညနေပိုင်းတွင် ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့် နေအိမ်သည် တပ်အငြိမ်းစား တဦး ဖြစ်သည့် ဦးသန်းတင်၏ နေအိမ်ဖြစ်ပြီး၊ ပေါက်ကွဲမှုကြောင်း လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း လည်း လားရှိုး လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည်။

“ ပေါက်ကွဲသံတော်တော်ကျယ်တယ်။ ညနေ ၃နာရီမှာ တကြိမ်၊ ၄နာရီမှာတကြိမ်ဖြစ်တယ်။ တရပ်ကွက်လုံးဆူညံသွားတာပဲ။ ၂ဦးဒဏ်ရာ ရထားတယ်” ဟု လားရှိုးဒေသခံ တဦးက ပြောသည်။

ယနေ့ မနက်ပိုင်းတွင်လည်း လားရှိုး စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသည့် ဆိုင်ကယ်သပိတ်ကို အရပ်သားဝတ် အကြမ်းဖက် စစ်ကောင်စီ က WISH ကားဖြင့် လိုက်တိုက်ကြောင်း လည်း မျက်မြင်သက်သေ က ပြောဆိုသည်။

“ ဒီနေ့ ရဲတွေ စစ်သားတွေလမ်းတိုင်းလိုလိုမှာ စောင့်နေတယ်။ နောက်ပြီး စစ်ဆေးမှုတွေ အရမ်းများတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယမန်နေ့ မတ် ၂၂ ရက်တွင်လည်း လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ ရဲရိပ်သာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ သေးသည်။

Leave a Comments

- Advertisement -spot_img

Latest article