Wednesday, January 28, 2026

လားရှိုး

သျှမ်းမြောက်တွင် စစ်ကောင်စီ ရှောင်တခင် စစ်ဆေးမှုပိုတင်းကြပ်လာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မိုင်းရယ် နှင့် တန့်ယန်းဘက် လမ်းမကြီးပေါ်တွင် စစ်ကောင်စီမှ ရှောင်တခင် စစ်ဆေးမှု ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ ယခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက PDF ဟု အကြောင်းပြပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်မချတော့ဘဲ ကြုံသလို စစ်ဆေးနေလျက်ရှိကြောင်း ခရီးသွားတစ်ဦး က...

တန့်ယန်းမြို့ ဝင်လာသည့် လိုင်စင်မဲ့ကား တစ်စီး ကျပ်ငွေ ၅သိန်း ကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့အဝင်သို့ ဝင်လာသည့် လိုင်စင်မဲ့ ကားသစ်များကို တစ်စီးလျှင် ငွေကျပ် ငါးသိန်းနှုန်း ဖြင့် စစ်ကောင်စီများက အခွန်ကောက်ခံ တောင်းယူနေကြောင်း သတင်းသိရသည်။ တန့်ယန်းမြို့အဝင်တွင် တရားမဝင်ဂိတ်ကြေး၊ တံတားကြေး၊ တပ်ထိန်းကြေး၊ ယာဉ်ထိန်းကြေး အပါအဝင် တရားမဝင် ဆက်ကြေးများ ကောက်ခံလာဘ်စားပြီး လိုင်စင်မဲ့ကားတစ်စီးကို ငွေကျပ်...

လားရှိုးမြို့နယ် နေအိမ်တစ်လုံး ဗုံးဖောက်ကွဲခံရပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ကျွဲ၊ နွား ရောင်းဝယ်သည့် နေအိမ်တစ်လုံး ယနေ့ (နိုဝင်ဘာ ၁၆)ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဗုံးဖောက်ခွဲခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်သည် စစ်ကောင်စီလက်အောက်ခံရဲစခန်းအနီးတွင်ရှိပြီး ပျက်စီးမှုအများပြားရှိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အိမ်ရှင်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

လားရှိုး မြို့တော်ခန်းမ ဖောက်ခွဲမှု N.S.S.A.A လက်ချက်ဟု ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့ မြို့လည်ခေါင်ရှိ မြို့တောင်ခန်းမ ဖောက်ခွဲမှုကို မြောက်ပိုင်းမဟာမိတ် တပ်ရင်း (N.S.S.A.A) ကပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်လာသည်။ ယနေ့ ( နိုဝင်ဘာ ၂)ရက် နေ့လည်ပိုင်း ၁နာရီတွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ကျဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူများကိုတော့ မသိရှိရကြောင်း ဆိုသည်။ “...

ခရီးသွား ပြည်သူထံ စစ်ကောင်စီ မှ မှတ်ပုံတင် နှင့် ရပ်ကွက်ထောက်ခံစာ စစ်ဆေးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် - လားရှိုး ပြည်ထောင်စု လမ်းမပေါ် ရှိ ခရီးသွား ပြည်သူများထံ မှတ်ပုံတင် နှင့် ရပ်ကွက် ထောက်ခံစာ ဆောင်ထားခြင်း မရှိလျှင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများက ငွေကြေးတောင်းယူမှု ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး...

လားရှိုးမြို့ ကျောင်းသား (၁) ဦး ဆိုင်ကယ်လုယက်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ကျောင်းသားတစ်ဦးသည် ယနေ့ (စက်တင်ဘာ ၄) ရက် နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဉ် ဆိုင်ကယ် လုယက် ခံရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဥ်မှာ ကျောင်းသားတစ်ဦးသည် ယနေ့ နံနက် (၇) နာရီဝန်းကျင်၌ ကျောင်းသို့ သွားနေစဥ် လားရှိုးမြို့...

လားရှိုးမြို့နယ် လူငယ် ၂၀ ကျော်ဖမ်းဆီးခံရ၊ ထောက်ပို့နှင့် အလှူငွေကောက်ခံသူများ ပိုမိုခက်ခဲလာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် နှစ်ရက်အတွင်း လူငယ် အယောက် ၂၀ ကျော် ဖမ်းဆီးခံရသည့်အပြင် PDF များအတွက် ထောက်ပို့လုပ်ငန်းနှင့် အလှူငွေကောက်ခံသူများ ပိုမိုခက်ခဲလာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ နှင့် ၂၀ ရက်တွင် စစ်ကောင်စီမှ လားရှိုးမြို့ပေါ်နေ အမျိုးသား ၂၀...

လားရှိုး – ကျောက်မဲလမ်းတွင် စစ်ကောင်စီက တင်းကြပ်စွာစစ်ဆေး၊ ပိုက်ဆံကောက်ယူနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ - လားရှိုး လမ်းကြားတွင် စစ်ကောင်စီတပ်သား နှင့် ရဲ တို့သည် ခရီးသည်များ နှင့် ကားသမားများကို တင်းကြပ်စွာ စစ်ဆေးပြီး ပိုက်ဆံ ကောက်ယူနေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က လားရှိုး - ကျောက်မဲ...

လားရှိုးမြို့ တစ်နေ့တည်း ဆိုင်ခန်း သုံးခန်း ဖောက်ထွင်းခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မီးပျက်နေသည့်အချိန် တစ်နေ့တည်း ဆိုင်ခန်းသုံးခန်း ဖောက်ထွင်းခံရပြီး မြန်မာကျပ်သိန်း (၂၀) ကျော် ဆုံးရှုံးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၁၆ )ရက် နံနက် ၃ နာရီကျော်တွင် လားရှိုးမြို့ ဗျူဟာလမ်းပိုင်းမှာ ဖွင့်လှစ်ထားသည့် အဝတ်အထည်ဆိုင်ခန်း ၃ ခန်း ဖောက်ထွင်းခံရကြောင်း...

လားရှိုးမြို့နယ်အတွင်း ပစ်ခတ်မှု ဖြစ်ပွား၊ နေအိမ်ထိခိုက်ပျက်စီးမှုရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ရပ်ကွက် ၁၂ တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၁)ရက် ညပိုင်းတွင် ပစ်ခတ်သံ များကြားရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သေနတ်ပစ်သံတွေရော၊ လက်နက်ကြီးသံတွေရော ကြားရတယ်၊ မိနစ် ၂၀ လောက်တော့ ကြာတယ်၊ ညအချိန်ကြီးဆိုတော့ ဘယ်သူနဲ့ ဘယ်သူပစ်မှန်း မသိရဘူး၊...

Latest news