လားရှိုး အိမ်မွေးခွေးများကို လိုက်လံခိုးနေသည့်သူများရှိနေ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့တွင် ယခုရက်ပိုင်း၌ အိမ်မွေးတိရိစ္ဆာန်ခွေးများကို လိုက်လံခိုးယူနေသည့် သူခိုးအုပ်စု ခပ်စိပ်စိပ်ရှိလာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလပိုင်းမှစ၍ လားရှိုးမြို့ပေါ်တွင် အိမ်တွင်းမွေး တိရိစ္ဆာန်ဖြစ်သည့် အလှမွေးခွေး၊ မျိုးကောင်းခွေး ပျောက်ဆုံးမှု မကြာခဏ ဖြစ်ပေါ်နေပြီး အဆိုပါ ပျောက်ဆုံးမှုဖြစ်စဉ် အချို့တွင် အမည်မသိ လူအုပ်စုတစ်စုမှ အိမ်ထဲရှိ ခွေးကို ကားပေါ်သို့ ခေါ်တင်ဆောင်သွားခြင်း၊ ခိုးယူခြင်းများ ခပ်စိပ်စပ် ပြုလုပ်လာနေကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးမှာ ခွေးခိုးတဲ့ ဂိုဏ်းရှိပုံရတယ်။ ခွေးတွေလည်း ခဏခဏ ပျောက်နေတယ်။ တချို့ CCTV တပ်ထားတဲ့အိမ်က ခွေးကိုတောင် ကားပေါ် တင်သွားကြတာရှိတယ်။ ခွေးတွေကို ခိုးပြီး ဘာလုပ်ကြတာလဲတော့ ကျွန်မလည်း သေချာမသိဘူး။ ရောင်းစားကြတာလည်း ဖြစ်နိုင်တယ်။ ပြီးခဲ့တဲ့ လပိုင်းက ကိုယ့်အိမ်ရှေ့က ဟတ်စကီးစပ် ခွေးလည်း ပျောက်သေးတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အိမ်တွင်းမွေး တိရိစ္ဆာန်ဖြစ်သည့် ခွေးများဟာ လက်ရှိ ခွေးပေါက်စ တစ်ကောင်ကို ကျပ် ၂ သိန်းအထက် ပေးပြီး ဝယ်ယူနေရသလို အချို့ မျိုးကောင်းခွေးသည် တစ်ကောင်ကို ၁၀ သိန်းအထက် ပေးပြီးဝယ်ယူရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် (ဧပြီ ၂၇ ရက်) တွင် အိမ်တွင်းမွေးထားသည့် ခွေးတစ်ကောင် ပျောက်ဆုံးသွား၍ လိုက်ရှာနေသူ အမျိုးသမီးတစ်ဦးက လက်ရှိအချိန်ထိ ၎င်းခွေးကို ပြန်လည်ရှာဖွေ မတွေ့ရှိသေးကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အရင်လ နောက်ဆုံးပတ် စနေနေ့က ကျမရဲ့ ခွေးလည်း ပျောက်သွားတယ်။ အခုထိ ပြန်ရှာလို့ မတွေ့သေးဘူး။ လမ်းမှားနေရင်း တွေ့ပြီးခေါ်မွေးလိုက်ကြလား မသိပါဘူး။ ခွေးက ရုပ်ချောပြီး အကောင်လည်းကြီးတယ်။ လူယဉ်ပြီး လိမ္မာတယ် “ ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေး၊ ပညာရေး ကျဆင်းလာမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာမှုကြောင့် အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေး ပိုမို ကြပ်တည်းလာပြီး တစ်ဖက်တွင် သူခိုး၊ ဓားပြ နှင့် ဒုစရိုက်များ ပေါများလာပြီး ပြည်သူများ၏ လုံခြုံရေးလည်း တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...