Wednesday, January 28, 2026

လားရှိုး အမှတ် (၂) ရဲစခန်းအပါအဝင် စစ်ကောင်စီ စခန်း ၂ နေရာ ပစ်ခတ်ခံရ

သျှမ်းပြည် လားရှိုးမြို့လယ်ရှိ အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ စခန်း (၂) နေရာကို ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် လိုက်ကြောင်း စုံစမ်းသိရသည်။

Photo – Local

ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်း ၃ နာရီဝန်းကျင်တွင် လားရှိုးမြို့လယ်၊ ကန်မိန်းကျောင်းအတွင်းသို့ ကိုးကန့်တပ်ဖွဲ့ (MNDAA ) က ဝင်ရောက်လာပြီး ရပ်ကွက် ၁၂ ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၃ နာရီလောက်မှာ ပစ်ခတ်သံတွေ စတင်ထွက်လာတယ်။ ကိုးကန့်အင်အား ၈၀ ကျော်လောက်က ကန်မိန်း ကျောင်း အနီးမှာ နေရာယူပြီးတော့ အမှတ် (၂) ရဲစခန်းကို ပစ်တာ။ ပစ်ခတ်မှုက နာရီဝက်လောက်တော့ ကြာသွားတယ်၊ ရဲစခန်းဘက်က ထိခိုက်သေဆုံးမှုတွေ ရှိမယ်ထင်တယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု လားရှိုးမြို့ ဒေသခံ အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- Local

အဆိုပါ အမှတ် (၂) ရဲစခန်း ပစ်ခတ်မှုတွင် လက်နက်ကြီး လက်နက်ငယ် အသုံးပြုမှု ရှိပြီး ရဲစခန်း တံခါးပေါက် နှင့် အုတ်တံတားများ၌ ကျည်ဆန်များ ထိမှန်သည့် အပေါက်များ ရှိနေကြောင်းလည်း သိရသည်။

အမှတ် (၂) ရဲစခန်းဘက် ပစ်ခတ်သံများသည် နာရီဝက် နီးပါးကြာမြင့်ပြီး ယင်းပစ်ခတ်သံ ထွက်ပေါ်လာပြီး မရှေ့မနှောင်းတွင် လားရှိုးမြို့နယ် မန်အိုင်ကျေးရွာ ဘက်တွင်လည်း ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း သိရသည်။

“မန်အိုင်ဘက်ကို တက်လာတဲ့ ကိုးကန့်တပ်ဖွဲ့က ကုန်းညောင်လမ်းကြောင်းကနေ တက်လာတာ။ ကင်းစောင့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို သေနတ်နဲ့ အချက် ၁၀ ချက်လောက်၊ လက်နက်ကြီး ၂ လုံးလောက် ပစ်ပြီးတော့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ စစ်ကောင်စီက လူနေအိမ် ရွာတွေထဲ နေရာယူပြီးတော့ တစ်ဖက်သတ် ဆက်ပစ်တာ ၁၀ မိနစ် ကျော်သွားတယ်” ဟု လားရှိုးမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- Local

စစ်ကောင်စီ တပ်ဖွဲ့သည် မန်အိုင်ကျေးရွာ အတွင်း ဝင်ရောက်နေရာယူကာ ကိုးကန့်တပ်ဖွဲ့ MNDAA ကို လိုက်လံ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းတွင် ကျည်ဆံများ၊ လက်နက် ဗုံးခွံများကိုလည်း မြင်တွေ့ရကြောင်း ဒေသခံ များက ဆက်ပြောသည်။

မန်အိုင်ကျေးရွာဘက်မှ ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး မန်အိုင်ဘက်မှ ကိုးကန့်တပ်ဖွဲ့သည် ကန်မိန်းကျောင်းနားရှိ အဖွဲ့ကို ထွက်ပေါက်လွယ်ကူစေရန် စစ်ကူ သဘောမျိုးဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်း အမျိုးသားက ဆက်ပြောသည်။

“ကျနော်တို့ အထင်ပြောရတာပေါ့နော်။ ဘာလို့လဲဆိုရင် အမှတ် (၂) ရဲစခန်း နဲ့ မန်အိုင်ရွာက တောင်နဲ့ မြောက်လို ဖြစ်နေတယ်။ ဆိုတော့ ကိုးကန့်တပ်ဖွဲ့က မြို့တွင်း (ကန်မိန်းကျောင်း) မှာ ရှိတဲ့ အဖွဲ့တွေ ပြန်ထွက်ရလွယ်အောင်၊ စစ်ကောင်စီ ပျာများအောင် လုပ်လိုက်တဲ့ သဘောလို့ပဲ မြင်မိတယ်။ ကိုးကန့်လို့ ပြောနိုင်တာလည်း သူတို့ ဘက်တံဆိပ်တို့ကို တွေ့ရတယ်လေ” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

စစ်ကောင်စီ နှင့် လားရှိုးမြို့တွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် ပြီးခဲ့သည့် ဇွန်လ ၁ နှင့် ၂ ရက်အထိ ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့်အတူ မိုင်းလားမြို့၌ စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိ အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...