လားရှိုး အမှတ် (၂) ရဲစခန်းအပါအဝင် စစ်ကောင်စီ စခန်း ၂ နေရာ ပစ်ခတ်ခံရ

သျှမ်းပြည် လားရှိုးမြို့လယ်ရှိ အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ စခန်း (၂) နေရာကို ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် လိုက်ကြောင်း စုံစမ်းသိရသည်။

Photo – Local

ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်း ၃ နာရီဝန်းကျင်တွင် လားရှိုးမြို့လယ်၊ ကန်မိန်းကျောင်းအတွင်းသို့ ကိုးကန့်တပ်ဖွဲ့ (MNDAA ) က ဝင်ရောက်လာပြီး ရပ်ကွက် ၁၂ ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၃ နာရီလောက်မှာ ပစ်ခတ်သံတွေ စတင်ထွက်လာတယ်။ ကိုးကန့်အင်အား ၈၀ ကျော်လောက်က ကန်မိန်း ကျောင်း အနီးမှာ နေရာယူပြီးတော့ အမှတ် (၂) ရဲစခန်းကို ပစ်တာ။ ပစ်ခတ်မှုက နာရီဝက်လောက်တော့ ကြာသွားတယ်၊ ရဲစခန်းဘက်က ထိခိုက်သေဆုံးမှုတွေ ရှိမယ်ထင်တယ်၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု လားရှိုးမြို့ ဒေသခံ အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- Local

အဆိုပါ အမှတ် (၂) ရဲစခန်း ပစ်ခတ်မှုတွင် လက်နက်ကြီး လက်နက်ငယ် အသုံးပြုမှု ရှိပြီး ရဲစခန်း တံခါးပေါက် နှင့် အုတ်တံတားများ၌ ကျည်ဆန်များ ထိမှန်သည့် အပေါက်များ ရှိနေကြောင်းလည်း သိရသည်။

အမှတ် (၂) ရဲစခန်းဘက် ပစ်ခတ်သံများသည် နာရီဝက် နီးပါးကြာမြင့်ပြီး ယင်းပစ်ခတ်သံ ထွက်ပေါ်လာပြီး မရှေ့မနှောင်းတွင် လားရှိုးမြို့နယ် မန်အိုင်ကျေးရွာ ဘက်တွင်လည်း ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း သိရသည်။

“မန်အိုင်ဘက်ကို တက်လာတဲ့ ကိုးကန့်တပ်ဖွဲ့က ကုန်းညောင်လမ်းကြောင်းကနေ တက်လာတာ။ ကင်းစောင့်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို သေနတ်နဲ့ အချက် ၁၀ ချက်လောက်၊ လက်နက်ကြီး ၂ လုံးလောက် ပစ်ပြီးတော့ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ စစ်ကောင်စီက လူနေအိမ် ရွာတွေထဲ နေရာယူပြီးတော့ တစ်ဖက်သတ် ဆက်ပစ်တာ ၁၀ မိနစ် ကျော်သွားတယ်” ဟု လားရှိုးမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- Local

စစ်ကောင်စီ တပ်ဖွဲ့သည် မန်အိုင်ကျေးရွာ အတွင်း ဝင်ရောက်နေရာယူကာ ကိုးကန့်တပ်ဖွဲ့ MNDAA ကို လိုက်လံ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းတွင် ကျည်ဆံများ၊ လက်နက် ဗုံးခွံများကိုလည်း မြင်တွေ့ရကြောင်း ဒေသခံ များက ဆက်ပြောသည်။

မန်အိုင်ကျေးရွာဘက်မှ ပစ်ခတ်မှုများ ဖြစ်ပေါ်လာခြင်း နှင့် ပတ်သက်ပြီး မန်အိုင်ဘက်မှ ကိုးကန့်တပ်ဖွဲ့သည် ကန်မိန်းကျောင်းနားရှိ အဖွဲ့ကို ထွက်ပေါက်လွယ်ကူစေရန် စစ်ကူ သဘောမျိုးဖြင့် လာရောက်ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်း အမျိုးသားက ဆက်ပြောသည်။

“ကျနော်တို့ အထင်ပြောရတာပေါ့နော်။ ဘာလို့လဲဆိုရင် အမှတ် (၂) ရဲစခန်း နဲ့ မန်အိုင်ရွာက တောင်နဲ့ မြောက်လို ဖြစ်နေတယ်။ ဆိုတော့ ကိုးကန့်တပ်ဖွဲ့က မြို့တွင်း (ကန်မိန်းကျောင်း) မှာ ရှိတဲ့ အဖွဲ့တွေ ပြန်ထွက်ရလွယ်အောင်၊ စစ်ကောင်စီ ပျာများအောင် လုပ်လိုက်တဲ့ သဘောလို့ပဲ မြင်မိတယ်။ ကိုးကန့်လို့ ပြောနိုင်တာလည်း သူတို့ ဘက်တံဆိပ်တို့ကို တွေ့ရတယ်လေ” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

စစ်ကောင်စီ နှင့် လားရှိုးမြို့တွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် ပြီးခဲ့သည့် ဇွန်လ ၁ နှင့် ၂ ရက်အထိ ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့်အတူ မိုင်းလားမြို့၌ စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိ အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...