လားရှိုးမြို့ အမျိုးသား၂ဦး ဘဏ်ငွေထုတ်ပြီးအပြန်လမ်း ဓားပြတိုက်ခံရ

သျှမ်းပြည် လားရှိုးမြို့ရှိ CB ဘဏ်မှ ပိုက်ဆံထုတ်ပြီး ပြန်လာသည့် အမျိုးသား ၂ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့

ယခု အောက်တိုဘာ ပထမပတ်အတွင်း လားရှိုးမြို့ ရပ်ကွက်(၇)တွင်နေထိုင်သည့် အမျိုးသား ၂ဦးသည် CB ဘဏ်မှ ငွေသွားထုတ်ပြီး အိမ်အပြန်လမ်းတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့က ဓားပြတိုက်ခဲ့ပြီး၊ ဘဏ်မှ ထုတ်လာသည့် ကျပ်သိန်း ၈၀၀ကျော် ပါသွားကြောင်း ဓားပြတိုက်ခံရသူနှင့်နီးစပ်သူ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဘဏ်ကနေ ငွေထုတ်ပြီး အိမ်ခြံတံခါးအရောက်မှာ ဓားပြ (၃)ယောက် က ကားပေါ်ကနေ ဆင်းပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ပြီးတော့ ထုတ်လာတဲ့ ငွေအိတ်တွေ၊ ရွှေတွေ ယူသွားတယ်။ တန်းဖိုးကတော့ စုစုပေါင်း ကျပ်သိန်း ၈၀၀ ကျော် ပါသွားတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဓားပြတိုက်တစ်စုသည် အမျိုးသား ၃ ဦးဖြစ်ပြီး မျက်နှာဖုံးစွပ်ထားကာ သေနတ်ကိုင်ဆောင်ထားကြောင်း သိရသည်။

လားရှိုးမြို့ပေါ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ပေါ်တွင် သေနတ်ကိုင်ဆောင်ပြီး ဓားပြတိုက်သည့်သူများပြားလာကြောင်း၊ လားရှိုးဒေသခံများ၏ လုံခြုံရေးသည် တနေ့ထက် တနေ့ ပိုမိုးဆိုးရွားလာနေကြောင်းလည်း လားရှိုးမြို့နေ အသက် ၄၀ကျော် အရွယ်ရှိ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လားရှိုးမှာတော့ လုံခြုံရေးမရှိဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးက ပိုဆိုးလာတယ်။ သေနတ်တွေလည်း နေရာတိုင်းမှာ ဝယ်လို့ရနေတယ်။ စီးပွားရေးသမားတွေက ပိုက်ဆံရဖို့အတွက် ကြည့်ပြီး သေနတ်ကို ရောင်းပေးနေတာပဲသိတယ်။ အဲ့သေနတ်ကြောင့် လူတွေဘယ်လောက်သေမယ်ဆိုတာ မစဉ်းစားပေးဘူး “ဟု ၎င်းက ပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့များသည်လည်း ပြည်သူများ၏ လုံခြုံရေးကို အရေးမနိုင်တော့သလို ပြီးခဲ့သည့် ၂၂ ရက်တွင် လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်ရှိ မီးပွိုင့်မှ ယာဉ်ထိန်းရဲတစ်ဦးသည် ကားတစ်စီးကို ပိုက်ဆံလိုက်တောင်းခံရာမှ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...