Tuesday, January 27, 2026

လားရှိုးမြို့နယ်အတွင်း လက်ကြိုးတုတ်ပြီး ပစ်သတ်ခံရသည့် အလောင်းတွေ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် လက်ကြိုးတုတ်ပြီး သေနတ်ပစ်သတ်ခံရသည့် အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။

လားရှိုး အမျိုးသားတစ်ဦး လက်ကြိုးတုတ် သေနတ်ပစ်သတ်ခံရ

ယနေ့ (မေလ ၂၇) ရက် မွန်းလွဲ၂ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် ကောင်းကြဲ (အီ) ကျေးရွာအုပ်စုအတွင်းရှိ ခိုက်ချန်ရွာမှ ငါးပါးသီလသင်္ချိုင်းအနီးတွင် လက်ကြိုးတုတ်ပြီး သေနတ်ပစ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

“ ဒီနေ့လယ်ပိုင်းလောက်က တွေ့တာ။ ငါးပါးသီလ သင်္ချိုင်းနားမှာ ကြိုးတုပ်ပြီး သတ်ခံရတဲ့ အလောင်းတွေ့တာ။ လက်ကိုကြိုးတုတ်ထားပြီး ခေါင်းမှာ သေနတ်ပစ်ထားတဲ့ ဒဏ်ရာတွေ့တယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ အမျိုးသားတစ်ဦးကို မည်သည့် အဖွဲ့အစည်းမှ လုပ်ကြံသတ်ဖြတ်ခဲ့သည်ကို အသေးစိတ် မသိရှိရသေးပေ။

လက်ကို ကြိုးတုတ်ပြီး သေနတ်ပစ်သတ်

ထို့အပြင် သေဆုံးသွားသည့် အမျိုးသား၏ ရုပ်အလောင်းကို လားရှိုး လူမှုကူညီရေးအသင်းတစ်ခုမှ သွားရောက် သယ်ယူပြီး လားရှိုးဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိ အသတ်ခံရသည့် အမျိုးသား၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးပေ။

အလားတူ ယမန်နေ့ (မေ၂၆) ရက် ညအချိန်၌ လားရှိုးမြို့ ဘူတာလမ်းမကြီးအနီးရှိ လားရှိုးတက္ကသိုလ်၊ ညောင်ပင်ကွေ့ အနီးတွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး ထိခိုက်ဒဏ်ရာများစွာရရှိခဲ့သည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ အပါအဝင် မန့်နားပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ် (KDA)၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စသည်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...