တရားဥပဒေ ကင်းမဲ့မှုကြားက သက်ငယ်မုဒိမ်း

တစ်ခါတလေမှာ တယောက်တည်း ရယ်ချင် ရယ်နေပြီး၊ စကားပြောချင်ရင်လည်း တစ်ယောက်တည်း ပြောနေသလို ယောင်္ကျားတွေကိုမြင်ရင်လည်း ထိတ်လန့်မှုတွေ ဖြစ်နေပါတယ်။

အဲ့လို ဖြစ်နေသူကတော့ အသက် (၁၁) နှစ်အရွယ်တာရှိသေးတဲ့ သဇင် (အမည်လွှဲ)ပါပဲ။

“ကျနော် ရဲ့ တူမ (သဇင်)ကို မြင်ရတာ စိတ်မကောင်းဖြစ်တယ်။ ကြောက်စိတ်လွန်ပြီး စိတ္တဇ တယောက်လို ဖြစ်နေတယ်” လို့ သဇင်ရဲ့ ဦးလေး တော်စပ်သူ ကိုမင်းက စိတ်မကောင်းစွာ ပြောပြပါတယ်။

သဇင် တို့ဟာ သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် (၁) နယ်မြေ (၈) မှာနေထိုင်ပြီး ၊ မသဇင်ရဲ့ ဖခင်ဟာ ဆုံးပါးသွားခဲ့ပြီး မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုလာခဲ့တာ (၅) နှစ် ရှိလာပါပြီ။

မိခင်ရဲ့ နောက်အိမ်ထောင်ပြု လိုက်တဲ့သူ အသက် (၃၅) နှစ်အရွယ် ဦးမျိုးဟာ မသဇင်ကို အကြိမ်ကြိမ် မုဒိမ်းကျင့် ခဲ့ပါတယ်။

အသက် (၁၁) နှစ်အရွယ်ရှိ မသဇင်ကို ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် မှာ မိခင်ဖြစ်သူ တရားစခန်းသို့ သွားနေချိန် ၎င်းရဲ့ ပထွေး ဖြစ်သူက မုဒိမ်းကျင့် ခဲ့ပါတယ်။

“အဲ့ညက သူ့အမေက တရားစခန်းသွားတာ။ သူ့ ပထွေးက အိမ်မှာ သူငယ်ချင်းတွေနဲ့ အရက်သောက်နေတာ။ သူ့ သူငယ်ချင်းတွေ ပြန်သွားတယ် ထင်ပြီးတော့ အိမ်ထဲဝင်ပြီး ကလေးအဝတ်တွေကို ချွတ်လိုက်တာ။ သူ့ သူငယ်ချင်းတွေ ပြန်ဝင်လာတော့ တွေ့သွားတာ။ အဲ့ကစပြီး သိရတာ” လို့ ကိုမင်းက စိတ်မကောင်းစွာ ပြန်ပြောပြပါတယ်။

အဲ့နောက်မှာ မသဇင်ကို မိသားစုဝင်တွေက မေးမြန်းကြည့်ရာမှာ ပထွေးက သူမကို မုဒိမ်းပြုကျင့်လာရာမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း ပြောပြလာပါတယ်။

“ ကလေးပြန်ပြောပြတာကတော့ ဒါပထမဆုံးအကြိမ် မဟုတ်ဘူး။ သူခဏခဏ လုပ်တယ်တဲ့။ မုဒိမ်းမှုလည်း မြောက်ခဲ့တယ်။ လုပ်လာခဲ့တာ နည်းနည်းတော့ ကြာပြီတဲ့” မသဇင်ရဲ့ ဦလေးက ပြန်ပြောပြလာပါတယ်။

google

သူမရဲ့ မိခင်နဲ့ ပထွေးတို့ အိမ်ထောင်ပြုပြီးနောက်မှာ သမီးလေးဟာ ကုတင်အောက်မှာ အိပ်ရပြီး၊ ပထွေးက ညအချိန် သဇင်ရဲ့ ဘေးမှာ လာအိပ်ပြီး မဖွယ်မရာ ကိုယ်ထိလက်ရောက် လာလုပ်ကြောင်း ပြောပါတယ်။

“ ကလေးမ ထပ်ပြောပြတာတော့ ညညဆိုရင်လည်း သူ့အမေ အိပ်ပျော်ရင် သူ့နား လာလာအိပ်တယ်တဲ့။ သူတို့ အမေ နဲ့ ပထွေး တို့က ကုတင်ပေါ်မှာ အိပ်တာ။ ကလေးကို ကုတင်အောက်မှာ အိပ်ပြီး လိုက်ကာနဲ့ပဲ ခြားထားတာ။ သူ အဲ့လို လုပ်နေတာ ကြာပြီတဲ့” လို့ ကိုမင်းက ကလေးပြောပြတာတွေကို ပြန်ပြောတာ ဖြစ်ပါတယ်။

ဦးမျိုး (ပထွေး) ဟာ သဇင်အပေါ် မုဒိမ်းကျင့်လာခဲ့တာ (၅) ကြိမ်ထက်မနည်းရှိလာပြီ ဖြစ်ကြောင်းလည်း မိသားစုဝင်များက ပြောပါတယ်။

မုဒိမ်းပြုကျင့်တဲ့ ပထွေးဖြစ်သူကတော့ မသဇင် က တခြားသူကို တိုင်ကြားပြောဆိုပါက မိခင်နဲ့အတူ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

အဲ့ဒါကြောင့် ကလေးကလည်း တိတ်ဆိတ်နေခဲ့ရကြောင်း ကိုမင်းက စိတ်မကောင်းစွာဖြင့် အခုလို ပြောပါတယ်။

“ အဲ့ညတုန်းက သူ့ သူငယ်ချင်းဝင်လာတာ တွေ့တော့ အဝတ်တွေ မြန်မြန်ဝတ်ဆိုပြီး ပြန်ဝတ်ခိုင်းတယ်။ ပြီးတော့ ဘယ်သူမှ မပြောနဲ့နော်။ ပြောရင် သူ့အမေနဲ့ကိုပါ သတ်ပစ်မယ်ဆိုပြီးတော့ ကလေးကို ခြိမ်းခြောက်ခဲ့သေးတယ်။ ဒါကြောင့် ကလေးကလည်း တိတ်တိတ်လေးနေခဲ့တာ” လို့ ကိုမင်းက ထပ်လောင်းပြောပါတယ်။

လက်ရှိ ကလေးကို ကျန်းမာရေး စစ်ဆေးထားသော်လည်း အဖြေကို မသိရှိရသေးပေ။

“ ကျန်းမာရေးတွေကို စစ်ထားတယ်။ စိတ်ကျန်းမာရေးအတွက်လည်း ပြထားတယ်။ သူ အဲ့လိုခံရပြီးနောက်တော့ တစ်ယောက်ထဲလည်း ပြောချင်တာပြော ၊ လုပ်ချင်တာလုပ်နေတာမျိုးပဲ ရှိလာတယ်။ ကျန်တာတော့ အရင်လိုပါပဲ”လို့ ကိုမင်းက ပြောပါတယ်။

မုဒိမ်းကျင့်ပြုတဲ့ ဦးမျိုးကိုတော့ လက်ရှိမှာ လားရှိုးမြို့ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး အမှုဖွင့်ဆို ထားပါတယ်။

“ အခုတော့ ရဲစခန်းမှာ ပို့ထားပါတယ်။ သူလည်း ကျနော် နဲ့ ရင်းနှီးပါတယ်။ အကိုအရင်းလို ပေါင်းတယ်။ သူကလေးအပေါ် လုပ်တတ်မယ့် ပုံစံလည်း မပေါက်ဘူး။ မထင်ရဘူးပေါ့။ အခုတော့ စိတ်နာတယ်။ စိတ်မကောင်း ဖြစ်ရတယ်။ အရေးယူသွားမှာပါ” လို့ ၎င်းက ပြောပါတယ်။

သက်ငယ်မုဒိမ်းအများစုဟာ မိဘဆွေမျိုးများနဲ့ နီးစပ်သူတွေ၊ ဆွေမျိုးတွေ၊ မိခင်ရဲ့နောက်အိမ်ထောင်၊ ဖခင်အရင်းတွေက ကျူးလွန်မှုရှိကြောင်းလည်း ရှေ့နေအသိုင်းအဝန်း ကဆိုပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၇၆ မှာ အသက် ၁၂ အောက် အမျိုးသမီးအပေါ် မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် တသက်တကျွန်း (သို့) ထောင်ဒဏ်အနှစ် ၂၀ ချမှတ်နိုင်ကြောင်း ၂၀၁၉ ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းထဲတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်တစ်ဝှမ်း သက်ငယ်မုဒိမ်းမှု ၁၀ ရာခိုင်နှုန်း လောက်မြင့်တက် လာခဲ့ကြောင်း သျှမ်းပြည်တွင်း ကလေး နှင့် အမျိုးသမီးရေးရာ လှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ အရင်က သက်ငယ်မုဒိမ်းက ၅ ရာခိုင်နှုန်းလောက်ဆိုရင် အခုကတော့ ၁၀ ရာခိုင်နှုန်း ကျော်လောက်ရှိ လာနိုင်တယ်။ အခုဆိုရင် သျှမ်းပြည်ထဲမှာ သက်ငယ်မုဒိမ်းမှုဖြစ်တာက အများစုက ကျေးရွာဘက်တွေ မှာ ဖြစ်တာ။ ဟိုတစ်ခေါက်က လိုက်ကူညီပေးတဲ့ သက်ငယ်မုဒိမ်းမှုဆိုရင် ကလေးက ၇ နှစ်ပဲရှိသေးတယ်” လို့ ၎င်း ကပြောပါတယ်။

မြန်မာနိုင်ငံတွင်း သက်ငယ် မုဒိမ်းမှု ပပျောက်သွားဖို့အတွက် လူမှုကူညီရေးအဖွဲ့အစည်းတွေ နှင့် လူ့အသိုင်းအဝိုင်းတွေက ကြိုးစားဆောင်ရွက်နေပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမို မြင့်တက်လာနေပါတယ်။

ဒါ့အပြင် ဥပဒေအရ ဆောက်ရွက်မှု ၊ တရားစီရင်မှုလည်း အားနည်းလျက် ရှိနေပါတယ်။

မည်သို့ပင်ဖြစ်စေကာမှု ကိုမင်းကတော့ တူမလေးအတွက် မျှတသော တရားစီရင်မှု ရရှိဖို့နဲ့ ကလေး စိတ်ကျန်းမာရေး ပြန်ကောင်းမွန်လာရန်အတွက် ပြင်ဆင်လုပ်ဆောင်နေရပါတယ်။

“ အဓိကတော့ ကလေး ကျန်းမာရေး ပြန်ကောင်းလာဖို့လိုတယ်။ ပြီတော့ ကျနော်တို့တော့ တရားမျှတတဲ့ တရားစီရင်မှုတွေရအောင် လုပ်ဆောင်သွားမှာပါ။ အခုတော့ ကလေးက ပုံမှန်ဖြစ်ဖို့ ဆေးကုသနေရတာ။ ဘယ်လိုပဲ ခက်ခဲနေပါစေ တူမအတွက် ကြိုးစားသွားမယ်”လို့ ကိုမင်း က ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

ရွာငံတွင် သက်ငယ်မုဒိမ်းကျူးလွန်သူ ဖမ်းမိပြီးနောက် ရဲလက်မှ ထွက်ပြေးလွတ်မြောက်နေ

0
“ သက်ငယ်မုဒိမ်းကျူးလွန်တဲ့သူ ဖမ်းမိပြီး၊ ပြန်လွှတ်သွားတယ်” ပြီးခဲ့သည့် မေ ၇ ရက်တွင် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် တပင်ပျော်ကျေးရွာနေ အသက် ၁၄နှစ် အရွယ်ရှိ မဖြူ(အမည်လွှဲ)ကို အသက် (၄၀)အရွယ်ရှိ မောင်တူးက သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည်။ ဖြစ်စဉ်မှာ အသက် (၁၄)နှစ်အရွယ် မဖြူသည် တောထဲရှိ လက်ဖက်ခြံသို့ လက်ဖက်ခူးရန်...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...