လားရှိုးမြို့ တစ်ရက်အတွင်း အိမ်ခြေမဲ့အလောင်း ၃ လောင်းတွေ့

သျှမ်းပြည် လားရှိုးမြို့နယ်တွင် တစ်ရက်အတွင်း အိမ်ခြေမဲ့အလောင်း ၃ လောင်းတွေ့ရှိထားသည့်အနက် တစ်လောင်းတွင် ကိုဗစ်ပိုး တွေ့ရှိကြောင်း စုံစမ်းသိရသည်။

လားရှိုးပိုင်ရှင်မဲ့အလောင်း

ယမန်နေ့ (မေလ ၂၃) ရက်တွင် လားရှိုးမြို့ ရပ်ကွက် ၄ အတွင်းရှိ ပန်အုပ်ကျောင်းတွင် အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦး၏ အလောင်း၊ ရပ်ကွက် ၁ အတွင်း မြို့ပတ်လမ်းနှင့် ရေကန်လမ်းထောင့်တွင် သေဆုံးနေလျက်ရှိ အမျိုးသားတစ်ဦး၏ အလောင်းနှင့် ရပ်ကွက် ၆ စိန်ပန်းလမ်းပေါ်၌ အင်္ကျီမပါ သေဆုံးနေလျက်ရှိ အမျိုးသားတစ်ဦး၏ အလောင်း စုစုပေါင်း (၃) လောင်းတွေ့ရှိထားသည်။

အဆိုပါ အိမ်ခြေမဲ့ အလောင်း ၃ လောင်းအနက် ရပ်ကွက် ၁ အတွင်း မြို့ပတ်လမ်းနှင့် ရေကန်လမ်းထောင့်မှ တွေ့ရှိထားသည့် အမျိုးသားတစ်ဦး၏ အလောင်းကို ဆေးရုံ၌ စစ်ဆေးမှုပြုလုပ်နေစဉ် ကိုဗစ်ကူးစက်မှုရောဂါ တွေ့ရှိထားကြောင်း ကမ္ဘောဇ နာရေးနှင့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ ပန်အုပ်ဘုန်ကြီးကျောင်းထဲက တစ်ယောက်တော့ ပုံမှန်နေတိုင်း သူထမင်းလာလာစားတယ်။ မနေ့က ၁၀ နာရီခွဲလောက် လာတယ်။ ထမင်းစားဖို့လာတာလား မသိဘူး။ အဲ့မှာ ထိုင်စောင့်နေရင်းနဲ့ ရုတ်တရက် ဆုံးသွားတာ။ ရပ်ကွက် ၁ မြို့ပတ်လမ်းကတော့ တွေ့တဲ့တစ်ယောက်တော့ သူကအိမ်ခြေရာမဲ့နေရင်း ဆုံးသွားတာ။ ဆုံးသွားတော့ နယ်ထိန်းကိုအကြောင်းကြားပြီးဆေးရုံပို့တော့ ကိုဗစ်တွေ့တယ် “ ဟု ၎င်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ လားရှိုးမြို့ ရပ်ကွက် ၆ အတွင်း စိန်ပန်းလမ်းပေါ်မှ အင်္ကျီမပါ သေဆုံးနေလျက်ရှိသည့် အမျိုးသားတစ်ဦး၏ အလောင်းကိုထပ်တွေ့ရှိထားပြီး ၎င်းကိုလားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သည်။

ထို့အပြင် လားရှိုးမြို့ ပြည်သူ့ဆေးရုံတွင် ယခုရက်တပတ်အတွင်း သေသွားသည့် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး အပါအဝင် နေမကောင်း၊ မကျန်းမာသည့် ပြည်သူတစ်ဦးလည်း စစ်ဆေးမှုပြုလုပ်ရာမှာ ကိုဗစ်-၁၉ ကူးစက်မှု ရောဂါတွေ့ရှိထားကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ၊ လူနေထူထပ်မှု များလာသည်နှင့်အမျှ မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူများလည်း ပေါများလာနေရာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...