လားရှိုးတိုင်းရင်းသားလယ်ယာမြေ ဘုံပျောက်လာနိုင်

သို့

သျှမ်းသံတော်ဆင့် သတင်းဌာနမှ တဆင့် အများပြည်သူ သိရှိစေရန် ဖော်ပြပေးစေလိုခြင်း။

သျှမ်းပြည် လားရှိုးမြို့က လယ်ယာမြေ ပွဲစား နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လယ်ယာမြေတွေကို အကွက်ရိုက်ပြီး တရုတ်တွေဆီ ရောင်းချနေပါတယ်။ လယ်ယာမြေတွေ တရားမဝင် ရောင်းဝယ်နေကြပြီး ပွဲစား နဲ့ ပေါင်းပြီး အကွက်စိတ်ရိုက်ပြီး ရောင်းနေကြတယ်ဗျ။

ပေးစာကဏ္ဍ

အဲ့ဒီ အကွက်ရိုက် ရောင်းချတဲ့ နေရာကတော့ အဓိက ရပ်ကွက် (၅) ကုန်းညောင်ကျေးရွာသွားတဲ့ လမ်း နဲ့ နမ့်ကျန်ရွာ တွေ ဖြစ်နေကြတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ တိုင်းရင်းသားတွေက မရှိဆင်းရဲတော့ ကိုယ့်မြေကို တရုတ်တွေဆီ ထိုးရောင်းပြီး တရုတ်တွေက အွန်လိုင်း ငွေလိမ်လည်ပြီး ရတဲ့ ငွေတွေနဲ့ တရားမဝင် ဝယ်နေတော့ ကျနော်တို့ လက်ရှိ လားရှိုးဒေသခံတွေရဲ့ အခြေနေက money laundarying (ငွေကြေးခဝါချခြင်း) လုပ်နေသလို ခံစားရပါတယ်။

ဒါတွေကို ပွဲစား နဲ့ မြို့နယ်ထွေအုပ်က ခန့်ထားတဲ့ ရပ်ကျေးစာရေးတွေ ကျေးရွာအုပ်ကြီးတွေ ပေါင်းပြီး ရောင်းစားနေတာဗျ။ ကျေးရွာ စာချုပ်သဘောမျိုး နဲ့ ရောင်းဝယ်နေကြတယ်။ တကယ်ရောင်းတာက သိန်း (၁) ထောင်ဆိုရင် စာချုပ်ထဲမှာ သိန်း (၁၅၀) လောက်ပဲ ထည့်တယ်။ဒါကို ကြည့်ချင်းအားဖြင့် အဓိက အကြောင်းအရာ (၃) ခု ရှိမယ်ထင်ပါတယ်။

၁ – အချက်က ငွေကြေးခဝါချခြင်း၊ တရုတ်တွေက အွန်လိုင်း ငွေကြေးလိမ်လည်မှုကနေရတဲ့ ငွေမည်း တွေကို ငွေဖြူ လာလုပ်တယ်လို့ မြင်တယ်။

လားရှိုး တိုင်းရင်းသားလယ်ယာမြေ အကွက်ရိုက် ရောင်း

၂ – တိုင်းရင်းသားတွေ ပိုင်တဲ့ လယ်မြေတွေကို အဆမတန် ပေးဝယ်ပြီး တိုင်းရင်းသားတွေက ဘုံပျောက်အောင် ပွဲစားတွေ မြို့နယ်အုပ်ချုပ်ရေးက ခန့်ထားတဲ့ ရပ်ကျေး စာရေးတွေ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပေါင်းစားတယ်လို့ မြင်ပါတယ်။

၃ – တချို့ ရောင်းစားထားတဲ့ နယ်မြေတွေက သစ်တောပိုင်နယ်မြေတို့ ရေလွဲရေဝင် နယ်မြေတို့ ဘုန်းကြီးကျောင်း ပိုင်နယ်မြေတို့ ဒါမျိုးလည်း ပါတယ်ဗျ။ ဒါတွေကို တချို့ တိုင်းရင်းသားတွေက ငွေစုပြီး ဝယ်တဲ့အခါကျတော့ မသိပဲဝယ်မိရင် နောက်ဆို ပိုရှုပ်ထွေးလာမယ်ဗျ။

၄ – သဘာဝ ပတ်ဝန်းကျင် နဲ့ ပတ်သက်ရင် ပျက်စီးပါတယ်။ ရှိပြီးသား သစ်တောမြေတွေ လယ်ယာမြေတွေကို အခြားမြေယာ သုံးစွဲခွင့် နဲ့ ဝိုင်းပြီး အိမ်ဆောက်နေတဲ့အတွက် လက်ရှိမှာတော့ အပင်တွေ ဆက်တိုက်ခုတ်ပြီးတော့ သစ်တောတွေ ပြုံးတီးနေတာတွေ ရှိပါတယ်။

ဒီလို အကွက်ရိုက်ပြီး လုပ်တဲ့ ပွဲစားတွေ အုပ်ချုပ်ချုပ်ရေးမှူးတွေ စတာတွေကို ကျနော်တို့ဆီမှာ နာမည်စာရင်း အတိအကျ ရှိပြီး မီဒီယာကနေ တစ်ဆင့် ထိန်းကျောင်းပေးစေချင်ပါတယ်။ ဒီလိုမှ မထိန်းကျောင်းရင် နောင်တချိန် အတော် နောင်တရ ရကြမယ်ဗျ။

မှ/
လားရှိုးဒေသခံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...