လားရှိုး

လားရှိုး – တန့်ယန်း လမ်းမကြီး ကား နှင့် ဆိုင်ကယ်တိုက် တစ်ဦး သေဆုံး

သျှမ်းပြည် လားရှိုးခရိုင် လားရှိုး - တန့်ယန်း လမ်းမကြီးပေါ်ရှိ ဘိလပ်မြေစက်ရုံအနီးတွင် ကားနှင့်ဆိုင်ကယ် တိုက်မိကြပြီး ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၄ ရက်) မနက်ပိုင်း ၁၁ နာရီခွဲ အချိန်၌ လားရှိုး - တန့်ယန်း လမ်းမကြီးပေါ်ရှိ ဘိလပ်မြေစက်ရုံ...

လားရှိုး ဗုံးပေါက် (၄) ဦးသေ၊ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား ဗဟိုမဏ္ဍပ် အနီးတွင် ယနေ့ (ဧပြီ ၁၃) ရက် နံနက် ၁၁ နာရီခွဲကျော်တွင် ဗုံးထပ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ (၄) ဦး ထက်မနည်းရှိကာ (၁၀) ဦး အထက် ထိခိုက်ဒဏ်ရာ ရရှိကြောင်း လားရှိုးမြို့...

ကိုရင်လေးများ ဂေါ်လီကစားသည်ဟုဆိုပြီး ညိုမဲအောင် ရိုက်ခံရ

သျှမ်းပြည် လားရှိုးခရိုင် တာပုံကျေးရွာအုပ်စု တာပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် ကိုရင်လေးများ ဂေါ်လီကစားသည်ဟုဆိုပြီး ဦးဇင်းမှ ရိုက်နှက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့တွင် ကိုရင်လေးများသည် ဂေါ်လီကစားသည်ဟုဆိုပြီး ကိုရင်ထိန်း ဦးဇင်းက ရိုက်နှက်ခဲ့ကြောင်း၊ ထိုထဲတွင် အသက် ၁၂ နှစ်အရွယ်...

လားရှိုးမြို့နယ်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၇ ရက်) နံနက် ၈ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ် နားမခေါ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်မှုကြောင့် အသက် ၁...

လားရှိုးမြို့နယ် အတွင်း တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းဆုံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ တိုက်ပွဲသည် ယမန်နေ့ (မတ် ၁၂) ရက် နံနက် ၆ နာရီခွဲ ဝန်းကျင်မှစတင်ကာ လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းဆုံရွာ အနီးတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့...

သင်္ကြန်အတွက်ဟုဆိုပြီး လားရှိုးမြို့နယ် စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်၊ ကားသမားများထံ ပိုက်ဆံကောက်ယူ

သျှမ်းပြည် လားရှိုးခရိုင် ၊ လားရှိုးမြို့နယ်အတွင်း သင်္ကြန်ပြုလုပ်ရန်အတွက် စည်းကမ်းမဲ့ ယာဉ်မောင်း လာသူများကို စောင့်ဆိုင်းစစ်ဆေးနေပြီး ငွေကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လ ပထမပတ်က စပြီး လားရှိုးမြို့နယ်အတွင်း ကား ၊ ဆိုင်ကယ် များကို စစ်ဆေးနေပြီး လိုင်စင်မပါရှိသည့် ဆိုင်ကယ်သမားကို ငွေ ၃...

လားရှိုး လောင်းကစားဝိုင်း ဗုံးပေါက်ကွဲ လူ ၂ ဦး သေဆုံးဦး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ လောင်းကစားဝိုင်းရုံတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦး သေဆုံးကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညနေ ၉ နာရီတွင် လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းရှိ...

သျှမ်းမြောက်တွင် စစ်ကောင်စီ ရှောင်တခင် စစ်ဆေးမှုပိုတင်းကြပ်လာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မိုင်းရယ် နှင့် တန့်ယန်းဘက် လမ်းမကြီးပေါ်တွင် စစ်ကောင်စီမှ ရှောင်တခင် စစ်ဆေးမှု ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။ ယခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက PDF ဟု အကြောင်းပြပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်မချတော့ဘဲ ကြုံသလို စစ်ဆေးနေလျက်ရှိကြောင်း ခရီးသွားတစ်ဦး က...

တန့်ယန်းမြို့ ဝင်လာသည့် လိုင်စင်မဲ့ကား တစ်စီး ကျပ်ငွေ ၅သိန်း ကောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့အဝင်သို့ ဝင်လာသည့် လိုင်စင်မဲ့ ကားသစ်များကို တစ်စီးလျှင် ငွေကျပ် ငါးသိန်းနှုန်း ဖြင့် စစ်ကောင်စီများက အခွန်ကောက်ခံ တောင်းယူနေကြောင်း သတင်းသိရသည်။ တန့်ယန်းမြို့အဝင်တွင် တရားမဝင်ဂိတ်ကြေး၊ တံတားကြေး၊ တပ်ထိန်းကြေး၊ ယာဉ်ထိန်းကြေး အပါအဝင် တရားမဝင် ဆက်ကြေးများ ကောက်ခံလာဘ်စားပြီး လိုင်စင်မဲ့ကားတစ်စီးကို ငွေကျပ်...

လားရှိုးမြို့နယ် နေအိမ်တစ်လုံး ဗုံးဖောက်ကွဲခံရပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ကျွဲ၊ နွား ရောင်းဝယ်သည့် နေအိမ်တစ်လုံး ယနေ့ (နိုဝင်ဘာ ၁၆)ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဗုံးဖောက်ခွဲခံရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်သည် စစ်ကောင်စီလက်အောက်ခံရဲစခန်းအနီးတွင်ရှိပြီး ပျက်စီးမှုအများပြားရှိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အိမ်ရှင်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

Latest news