Wednesday, January 28, 2026

လားရှိုး ဗုံးပေါက် (၄) ဦးသေ၊ ၁၀ ဦး အထက် ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရား ဗဟိုမဏ္ဍပ် အနီးတွင် ယနေ့ (ဧပြီ ၁၃) ရက် နံနက် ၁၁ နာရီခွဲကျော်တွင် ဗုံးထပ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ (၄) ဦး ထက်မနည်းရှိကာ (၁၀) ဦး အထက် ထိခိုက်ဒဏ်ရာ ရရှိကြောင်း လားရှိုးမြို့ ဒေသခံများထံမှ စုံစမ်းသိရသည်။

လားရှိုးဗုံးပေါက်ကွဲစဥ် မြင်တွေ့ရတဲ့ပုံ

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော နေရာသည် လားရှိုးမြို့ ရန်တိုင်းအောင် ဗဟိုမဏ္ဍပ် အနီးရှိ ကားပါကင်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄) ဦး အထက်ရှိကာ ထိုထဲမှ ၃ ဦး သည် ရုပ်ပျက်ဆင်းပျက်နေကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူ (၁၀) ဦး အထက်ရှိကြောင်း ကူညီကယ်ဆယ်ရေး ပါဝင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သေဆုံးသူ (၄) ဦး ထဲက ၃ ဦးကတော့ ရုပ်တော်တော် ပျက်သွားတယ်။ ဘယ်သူမှန်းတောင် ခန့်မှန်းလို့ မရဘူး။ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၀ ဦး ရှိတယ်။ ဒီထက်လည်း များနိုင်တယ်” ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူ တစ်ဦးက ဆိုသည်။

ယနေ့ ပေါက်ကွဲသည့် နေရာသည် စစ်ကောင်စီ မှ ဦးစီးပြုလုပ်သည့် ဗဟိုမဏ္ဍပ်ဖြစ်ပြီး ယနေ့ (ဧပြီ ၁၃) ရက် သင်္ကြန် အကြိုနေ့ ညနေပိုင်းတွင် ဖွင့်ပွဲပြုလုပ်ရန် စီစဥ်ထားကြောင်း သိရသည်။

လားရှိုးဗုံးပေါက်ကွဲမှုဖြစ်စဥ်မြင်ကွင်း

“ မဏ္ဍပ်ထဲ ပေါက်ကွဲတာ မဟုတ်လို့ တော်သေးတယ်။ အဲ့ထဲဆိုရင် လူတော်တော် သေမှာ။ ကျနော်တို့ အိမ်တောင် တုန်ခါသွားတယ်။ အခု မဏ္ဍပ် အဝင်၊ အထွက် ပိတ်လိုက်ပြီ၊ အထဲက လူလည်း အပြင်ထွက်လာလို့ မရသေးဘူး။ အပြင်က ကျနော်တို့လည်း သွားကြည့်လို့မရဘူး” ဟု လားရှိုးမြို့ အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရသည့်အပြင် ကား၊ ဆိုင်ကယ် ပျက်စီး ဆုံးရှုံးမှုများလည်း ရှိကြောင်း၊ လက်ရှိမှာ စစ်ကောင်စီ တပ်ဖွဲ့မှ လုံခြုံရေး စစ်ဆေးရေး တင်းကြပ်ထားကြောင်း သိရသည်။

သင်္ကြန်ကာလအတွင်း စစ်ကောင်စီမှ ပြုလုပ်ကျင်းပသည့် ရေကစား မဏ္ဍပ်များတွင် သွားရောက် ဆော့ကစားခြင်း၊ ပါဝင်ပတ်သက်ခြင်း မရှိရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက စာထုတ် ပြန်ခဲ့သေးသည်။

လက်ရှိ ဗုံးပေါက်ကွဲသော ကိစ္စသည် မည်သည့်အဖွဲ့လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...