လားရှိုးမြို့နယ် နေအိမ်တစ်လုံး ဗုံးဖောက်ကွဲခံရပြီး ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ကျွဲ၊ နွား ရောင်းဝယ်သည့် နေအိမ်တစ်လုံး ယနေ့ (နိုဝင်ဘာ ၁၆)ရက် နံနက် ၃ နာရီဝန်းကျင်တွင် ဗုံးဖောက်ခွဲခံရကြောင်း စုံစမ်းသိရှိရသည်။

ဗုံးပေါက်ကွဲခံရသည့်နမ့်ပေါင်အိမ်

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်သည် စစ်ကောင်စီလက်အောက်ခံရဲစခန်းအနီးတွင်ရှိပြီး ပျက်စီးမှုအများပြားရှိပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း အိမ်ရှင်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဗုံးကဘယ်ကနေ ပစ်လာလဲတော့မသိဘူး။ တစ်လုံးပဲပေါက်တာ။ အိမ်နံရံကလည်း အပေါက်ကြီးဖြစ်နေတာ။ ပေါက်ကွဲတာနဲ့ အိမ်ထဲက ပစ္စည်းတွေ အကုန်ပျက်စီးသွားတယ်။ အိမ်ထဲက ကလေးတစ်ယောက်တော့ နည်းနည်းလေး ထိခိုက်ဒဏ်ရာ ရသွားတယ်။ မစိုးရိမ်ရတော့ဘူး” ဟု ၎င်းကဆိုသည်။

ထိုဗုံးပေါက်ခွဲခံရသည့် အိမ်သည် မှန်များ၊ တခြားပစ္စည်းများလည်း အကုန်ပျက်စီးကာ တန်ဖိုးငွေ ကျပ်သိန်း ၁၀၀ ခန့်ဆုံးရှံးကြောင်းသိရသည်။

ဗုံးဖောက်ခံရသည့် နမ့်ပေါင်နေအိမ်

“ အဲအိမ်က ရဲစခန်းနဲ့ နီးတယ်။ သူများက ရဲစခန်းကို ပစ်ချင်လို့ ပစ်မှတ်မှားသွားတာလားတော့မသိဘူး။ ပြီးတော့ အဲအိမ် ကလည်း ကျွဲ၊ နွားရောင်းဝယ်ရေးလုပ်တဲ့အိမ်ဖြစ်တယ်။ ဘယ်သူလက်ချက်လည်းတော့ မသိရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

သို့သော် ဗုံးပေါက်ကွဲပြီးနောက်ပိုင်း တာဝန်ရှိသည့် အုပ်ချုပ်ရေးမှူးပိုင်းကလာရောက်ကြည့် သော်လည်း လမ်းသွားလမ်းလာများသည် ပုံမှန်သွားလာလို့ရနေကြောင်း သိရသည်။

“ ပုံမှန်ဆိုရင်ဗုံးပေါက်ကွဲရင် သူတို့က လုံခြုံရေးတွေတင်းကြပ်ပြီးစစ်ဆေးတာရှိတယ်လေ။ အခုတော့ မရှိဘူး။ ကျနော်ဒီနေ့မနက် ခရီးသွားလာလည်း ပုံမှန်ပဲ။ လမ်းမှာဂိတ်စောင့်နေတဲ့ ရဲတွေ၊ စစ်သားတွေလည်း အေးဆေးပဲနေ နေတာ။ ဘာမှ မဖြစ်သလိုပဲ။ နည်းနည်းတော့ထူးခြားတာပေါ့” ဟု နမ့်ပေါင်ကျေးရွာဒေသခံတစ်ဦး ကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမတိုင်ခင် ၂ ရက်အလိုတွင်လည်း စစ်ကောင်စီဘက်မှ ထူးခြားမှုရှိလာနိုင်သည်ဟုဆိုကာ နမ့်ပေါင်ကျေးရွာအတွင်းရှိ စာသင်ကျောင်းကိုပိတ်ခိုင်းပြီး အရပ်သားများကို သတိထားခိုင်းထားကြောင်း ဒေသခံအမျိုးသားက ပြောသည်။
ထိုကြောင့် ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။
“ ဗုံးပေါက်ကွဲမှုမဖြစ်ခင်မှာတော့ စစ်ကောင်စီဘက်တော့ ထူးခြားမှုရှိလာနိုင်တယ်ဆိုပြီးကျောင်းတွေ ပိတ်ခိုင်းထားတာ။ ဘာကြောင့်လဲဘာအတွက်လည်းလို့တော့ မပြောဘူး။ အရပ်သားတွေကိုလည်း သတိထားခိုင်းတာ” ဟု ၎င်းကပြောသည်။

နမ့်ပေါင်ကျေးရွာတွင် ယခုလို ဗုံးပေါက်ကွဲမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...