လားရှိုးမြို့နယ် အတွင်း တိုက်ပွဲဖြစ်

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းဆုံကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ပုံ – ဟောင်း (စစ်ကောင်စီ တပ်ဖွဲ့)

အဆိုပါ တိုက်ပွဲသည် ယမန်နေ့ (မတ် ၁၂) ရက် နံနက် ၆ နာရီခွဲ ဝန်းကျင်မှစတင်ကာ လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းဆုံရွာ အနီးတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များနှင့် စစ်ကောင်စီ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က မနက် ၆ နာရီခွဲမှာ တိုက်ပွဲဖြစ်တာပါ။ စစ်ကောင်စီတပ်ဖွဲ့ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်တယ်လို့ သိရတယ်။ တိုက်ပွဲက တနာရီ လောက်ကြာတယ်” ဟု နမ့်ပေါင်ကျေးရွာအုပ်စုက အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းဆုံရွာအတွင်းသို့ လက်နက်ကြီး တလုံးကျရောက်ပေါက်ကွဲသည့် အတွက် ကုန်းဆုံရွာခံအပါအဝင် ဖာပလန်ရွာမှ ဒေသခံများက စစ်ရှောင်ထွက်ပြေးရကြောင်း လည်းသိရသည်။

“ကုန်းဆုံရွာထဲကို လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲတယ်၊ ထိခိုက်မှုတော့ မရှိဘူး၊ ဒေသခံတွေက နားယရွာ ဘက်ကို စစ်ရှောင်ထွက်ပြေးသွားရတယ်၊ စစ်ရှောင် ဦးရေကိုတော့ မသိရသေးဘူး” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် နယ်မြေအတွင်းတွင် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ တပ်ဖွဲ့ဝင်များ ဖြစ်ကြ သည့် ကိုးကန့်တပ်မတော် MNDAA၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ရက္ခိုင့် တပ်မတော် AA တပ်ဖွဲ့နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှားနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း လားရှိုးခရိုင်ရှိ မိုင်းရယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်ကောင်စီတပ်၏ တိုင်းရင်းသား ဒေသများထံ တိုက်လေယာဥ် ဖြင့် ထိုးစစ်ဆင်မှု နှင့် စစ်မြေပြင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...