သျှမ်းမြောက်တွင် စစ်ကောင်စီ ရှောင်တခင် စစ်ဆေးမှုပိုတင်းကြပ်လာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ မိုင်းရယ် နှင့် တန့်ယန်းဘက် လမ်းမကြီးပေါ်တွင် စစ်ကောင်စီမှ ရှောင်တခင် စစ်ဆေးမှု ပိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

လားရှိုး စစ်ဆေးရေး

ယခုနှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီက PDF ဟု အကြောင်းပြပြီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်မချတော့ဘဲ ကြုံသလို စစ်ဆေးနေလျက်ရှိကြောင်း ခရီးသွားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပြီးခဲ့တဲ့ ရက်ပိုင်းလေးက သူတို့ မိုင်းရယ်မြို့အဝင်မှာ စစ်ဆေးနေတာ။ အခုဆို စစ်ဆေးနေကျ ဂိတ်မှာ မစစ်ဆေးတော့ဘူး။ သူတို့ကြုံရာစစ်ဆေးတာ။ သူတို့ စစ်ချင်တဲ့နေရာမှာ စောင့်ပြီးတော့ စစ်ဆေးတာ။ လားရှိုး၊ သီပေါ လမ်းတွေပေါ်မှာဆို အရမ်းကို စစ်ဆေးနေတယ်။ သီပေါ တိုးဂိတ်မှာလည်း ထပ်စစ်ဆေးသေးတယ်” ဟု စစ်ဆေးခံရသည့် ခရီးသည်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ် များပြားလာသောကြောင့် ပြည်သူများ ခရီးသွားလာရာတွင် ခက်ခဲလာကြောင်းလည်း သျှမ်းမြောက် လားရှိုးလူငယ် တစ်ဦးက ပြောသည်။

“ ခရီးသွားလာရတာတော့ ခက်ခဲတာပေါ့။ တကယ်တော့ သူတို့ လက်နက်ကိုင်တွေ၊ PDF လူငယ်တွေကို စစ်ဆေးချင်တာ။ လူငယ်တွေတော့ ပိုပြီးစစ်ခံရတာပေါ့။ အကုန်မေးခံရတယ်။ လွယ်အိတ်တွေထဲကော သူတို့ အကုန်စစ်တာ။ မသင်္ကာရင် သူတို့ ခေါ်ထားတာ” ဟု စစ်ဆေးခံရသည့် လူငယ်တစ်ဦးက ပြောသည်။

အလားတူ လက်ရှိတွင်လည်း မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တို့တွင်လည်း စစ်ကောင်စီက အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ပိတ်သိမ်းထားပြီး စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ထိုအပြင် တရုတ်နိုင်ငံတွင်းမှ ပြန်ထွက်လာသည့် ကုန်တင်ကားကြီးများကိုလည်း စစ်ကောင်စီက စစ်ဆေးရေးဂိတ်တိုင်းတွင် စစ်ဆေးမေးမြန်းပြီး ကားနံပါတ်ကို ကြည့်ကာ ဖမ်းဆီးနေလျက်ရှိသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများ ခရီးသွားလာရန်ခက်ခဲသည့်အပြင် ကူးသန်းရောင်းဝယ်ရေးအတွက်လည်း လုံခြုံမှုမရှိတော့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...