ကိုရင်လေးများ ဂေါ်လီကစားသည်ဟုဆိုပြီး ညိုမဲအောင် ရိုက်ခံရ

သျှမ်းပြည် လားရှိုးခရိုင် တာပုံကျေးရွာအုပ်စု တာပုံကျေးရွာ ဘုန်းကြီးကျောင်းတွင် ကိုရင်လေးများ ဂေါ်လီကစားသည်ဟုဆိုပြီး ဦးဇင်းမှ ရိုက်နှက်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့တွင် ကိုရင်လေးများသည် ဂေါ်လီကစားသည်ဟုဆိုပြီး ကိုရင်ထိန်း ဦးဇင်းက ရိုက်နှက်ခဲ့ကြောင်း၊ ထိုထဲတွင် အသက် ၁၂ နှစ်အရွယ် ကိုရင်လေး တစ်ပါးကို ပိုရိုက်ခဲ့ပြီး မနက်တစ်ကြိမ်ရိုက်ခဲ့သည့်အပြင် ညအိပ်ယာဝင်ခါနီးတွင် အကြောင်းပြချက်မရှိ ထပ်မံရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသည့် ကိုရင်လေး၏ မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြန်ပြောပြသည်။

“ ရိုက်တာက ဂေါ်လီ ကစားလို့ ရိုက်ခံရတာတဲ့။ ကိုရင်လေးတွေက နေ့လည်ချိန် ကစားကြတာ။ အဲ့ဒါကို တစ်ခါရိုက်တယ်။ ပြီးတော့ ညအိပ်ယာ ဝင်ခါနီးတစ်ချိန်လည်း ထပ်လာရိုက်တယ်တဲ့။ ရိုက်ခံရတဲ့ ကိုရင်တွေ ကများတယ်။ ဘယ်နှစ်ပါးရှိလဲ သေချာတော့မသိဘူး။ ကျမတို့ အပါးကတော့ ပိုပြီးရိုက်ခံရတာတဲ့” ဟု ၎င်းက ပြောသည်။

ရိုက်နှက်ခံရသည့် ကိုရင်လေးသည် သက်တော် ၁၂ နှစ် အရွယ်ရှိပြီး၊ ရိုက်ခံရသည့် ဒဏ်ရာမှာ ပေါင်တစ်ဝိုက်တွင် ညိုမဲနေကြောင်း သိရသည်။

အဆိုပါ ရိုက်နှက်ခံထားရမှု နှင့် ပတ်သက်၍ ဧပြီ ၁၁ ရက်နေ့တွင် ကျောင်းထိုင်ဆရာတော် နှင့် သွားရောက်ညှိနှိုင်းဆွေးနွေးရန် ပြုလုပ်ခဲ့သော်လည်း ဆရာတော်က နာမကျန်း ဖြစ်နေသည့်အတွက်ကြောင့် မတွေ့ဆုံခဲ့ရပေ။

“ ကျောင်းထိုင် ဆရာတော် နဲ့ မနေ့ကတော့ သွားပြီးဆွေးနွေမယ်လို့တော့ ပြောတယ်။ ဒါမဲ့ ကျောင်းထိုင် ဆရာတော်က နေမကောင်းတော့ မတွေ့လိုက်ရဘူး။ အခုတော့ ကိုရင်လေးကို ကျောင်းပြောင်းထားလိုက်ပြီ” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

အလားတူ သျှမ်းသံတော်ဆင့် သတင်းဌာန အနေဖြင့်လည်း တာပုံကျောင်းထိုင်ဆရာတော်ကို ဆက်သွယ်ရန် မရရှိသေးပေ။

သို့သော် ကျောင်းထိုင်ဆရာတော် နှင့် ရပ်ရွာ အုပ်ချုပ်ရေးမှူး လူကြီးတို့က ကိုရင်လေးအပေါ်ရိုက်နှက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆွေနွေးနေကြောင်း ဒေသခံများထံ သတင်းရရှိသည်။

အဆိုပါ ကိုရင်လေး ရိုက်နှက်ခဲ့ရသည့် ကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် သတင်းဌာနမှ အသေးစိတ် ဆက်လက်ဖော်ပြသွားပါမည်။

မည်သို့ပင် ဆိုစေကာမှု အသက် ၁၈ နှစ် မပြည့်သေးသည့် ကိုရင်လေးကို ညိုမဲအောင် ရိုက်နှက်ခြင်း၊ သေဆုံးထိ ရိုက်နှက်ခြင်းက မပြုလုပ်သင့်ကြောင်း သျှမ်းပြည်အတွင်း နာမည်ကြီးသည့် သံဃာတော်တစ်ပါးက သျှမ်းသံတော်ဆင့်ကို ၂၀၂၁ ခုနှစ်က မိန့်ကြားခဲ့ဖူးသည်။

၂၀၁၉ ကလေးသူငယ်များဆိုင်ရာ ဥပဒေအရ ပုဒ်မ ၁၀၃(က)(၄)တွင် ကလေးသူငယ်ကို အဓမ္မအလုပ်ခိုင်း စေလျှင်၊ အဓမ္မဝန်ဆောင်မှုပေးစေလျှင် ထောင်ဒဏ် ၈ လမှ ၅ နှစ်ထိ နှင့် ဒဏ်ငွေ ကျပ် ၈ သိန်းမှ ၁၆ သိန်း ထိ ကျခံနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင်လည်း ကျေးသီးမြို့နယ် မိုင်းကောင်ကျေးရွာထဲတွင် ကိုရင်လေးတစ်ပါး ညအချိန် နို့ခိုးသောက်ရာမှ အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...

လားရှိုးတွင် မူးယစ်ဆေးဝါးအကြောင်းပြပြီး MNDAA ဖမ်းဆီးသွားသည့်လူငယ်(၇၀)ကျော် ပြန်မလွတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မူးယစ်ဆေးဝါးအကြောင်းပြကာ လူငယ်အမျိုးသား (၇၀) ယောက်ကျော်ကို ဖမ်းဆီးသွားခဲ့ပြီးနောက် သုံးပတ်ကျော် ကြာသည်အထိ ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သွားလာလှုပ်ရှားနေသည့် ၁၂ မိုင်၊ ၁၃ မိုင်၊ အီနိုင်းနှင့် မန်တောင်းကျေးရွာများတွင်...

လားရှိုးမြို့ပေါ် ကားသမားတစ်ဉီး သေနတ်ဖြင့် ပစ်ခတ်ခံရ

0
သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်း လားရှိုးမြို့ ရပ်ကွက် (၃) တွင် ကားသမား အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

လောက်ကိုင်တွင် MNDAA နှင့် TNLA တွေ့ဆုံဆွေးနွေး၊ နေရာအချို့ ထပ်မံတပ်ဆုတ်ခိုင်းဟုဆို

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် MNDAA နှင့် TNLA နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် လားရှိုးမြို့အနီးရှိ TNLA တပ်စခန်းအချို့ကို ထပ်မံတပ်ဆုတ်ပေးရန် MNDAA ဘက်မှ တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းမှ စတင်ပြီး လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့်...