Monday, May 6, 2024

လားရှိုး – တန့်ယန်း လမ်းမကြီး ကား နှင့် ဆိုင်ကယ်တိုက် တစ်ဦး သေဆုံး

Must read

သျှမ်းပြည် လားရှိုးခရိုင် လားရှိုး – တန့်ယန်း လမ်းမကြီးပေါ်ရှိ ဘိလပ်မြေစက်ရုံအနီးတွင် ကားနှင့်ဆိုင်ကယ် တိုက်မိကြပြီး ဆိုင်ကယ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယာဥ်တိုက်မှု

ယနေ့ (ဧပြီလ ၂၄ ရက်) မနက်ပိုင်း ၁၁ နာရီခွဲ အချိန်၌ လားရှိုး – တန့်ယန်း လမ်းမကြီးပေါ်ရှိ ဘိလပ်မြေစက်ရုံ အနီးတွင် ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြပြီး ဆိုင်ကယ်သမားတစ်ဦး နောက်ကျောပေါက်ထွက် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီသည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ယာဉ်နှစ်စီး ဘယ်လိုတိုက်မိကြတာလည်းတော့ မသိဘူး။ ဆိုင်ကယ်သမားတော့ မျက်ခုံးကွဲ၊ နောက်ကျောပေါက်ထွက်တယ်။ နောက်စေ့ဖုရောင်တယ်။ ဒဏ်ရာကတော့ ပြင်းတယ်ဗျ။ အဲ့ဒဏ်ရာ နဲ့ဘဲ ဆေးရုံမှာ ဆုံးသွားတာ “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးနေသူ အမျိုးသားအား လားရှိုးပြည်သူ့ဆေးရုံကြီး (အရေးပေါ်ဌာန) သို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် သျှမ်းပြည် လားရှိုးမြို့တွင် တစ်လလျှင် အများဆုံး ယာဉ်တိုက်မှု ၆ မှုဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးသူများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article