လားရှိုးမြို့ပေါ် ထိ TNLA စစ်သားကောက်ယူနေ၊ သျှမ်းလူမျိုးများပါ ဖမ်းဆီးခေါ်သွား

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ်သို့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က စစ်သားသစ်အတွက် ပြည်သူများကို ဝင်ရောက်ဖမ်းဆီးရာတွင် သျှမ်းလူမျိုးများပါဝင်ကြောင်း စုံစမ်းသိရသည်.

TNLA

ပြီးခဲ့သည့် သောကြာနေ့ (မေလ ၁၁ ရက်နေ့) တွင် လားရှိုးမြို့ အမှတ် (၁၀) နှင့် (၁၁) ရပ်ကွက်အတွင်းသို့ TNLAတပ်ဖွဲ့မှဝင်ရောက်လာပြီး ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားရာ သျှမ်းလူမျိုး ၃ ဦးထက်မနည်း ပါကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရွာကနေ မြို့ပေါ်ကို ပြောင်းလာတဲ့ တအာင်းလူမျိုးတွေကို တပ်သားသစ် အတွက် လာဖမ်းခေါ်တာလို့ သိရတယ်၊ သူတို့ကလည်း ရွာမှာ စစ်မှုထမ်းဖို့ စာရင်းပါလာလို့ မြို့ပေါ်ကို ရှောင်ပြေးလာကြတဲ့သူတွေပေါ့၊ ဒါပေမဲ့ အဲ့နေ့က လာဖမ်းတာ တအာင်းလူမျိုးပဲ မဟုတ်ဘူး၊ သျှမ်းလူမျိုးလည်း ၃/၄ ယောက်ပါသွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ TNLA တပ်ဖွဲ့သည် အီနိုင်း – နမ္မတူ လမ်းကြောင်းမှ ကားလမ်းမကြီးကို ရှောင်ကာ တောလမ်းများကို အသုံးပြုပြီး လားရှိုးမြို့ ပေါ်သို့ ရောက်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆက်ပြောသည်။

ယင်းကဲ့သို့ TNLA တပ်ဖွဲ့မှ တပ်သားသစ်ကောက်ယူစုဆောင်းမှုတွင် သျှမ်းလူမျိုးများကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခြင်း နှင့် ပတ်သက်ပြီးတော့ ဒေသခံ သျှမ်းလူမျိုးများက ထပ်မံကောက်ခံရမည်ကို စိုးရိမ်ကြောက်လန့် နေရ ကြောင်း လည်း သိရသည်။

လားရှိုးမြို့

“အခုလိုမျိုး နိုင်ငံရေး ရှုပ်ထွေးနေတဲ့ အချိန်မှာ နီးရာဓားကို ကြောက်နေရတဲ့ ပြည်သူတွေကတော့ ဘယ်အဖွဲ့ လာလာ ကြောက်နေရတာပါပဲ။ TNLA က သူတို့လူပဲ ကောက်တာ မဟုတ်ဘူး၊ စာရင်းထဲ မပါတဲ့ သျှမ်းလူမျိုး တွေကိုလည်းခေါ်သွားတော့ နောက်ထပ်လာမှာပဲ ကြောက်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးခံသွားရသည့် သျှမ်းလူမျိုး ဒေသခံများပြန်လည်လွှတ်ပေးရန်အတွက် မိသားစုဝင် များက တောင်းဆိုကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လားရှိုးမြို့ပေါ်အထိ စစ်သားသစ်အတွက် လူသစ်ကောက်ယူဖမ်းဆီးခြင်း ကိစ္စ ဖြစ်စဥ်နှင့် ပတ်သက် ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ကို ဆက်သွယ်မေးမြန်းရာ အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီသတင်းကို ကျနော်ကြားမိပါတယ်၊ လားရှိုးမြို့အထိ ရောက်နေတာကိုရောပါ့၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ ကျနော် မသိရသေးဘူး၊ တပ်သား စုဆောင်းတာက ကျနော်တို့ လှုပ်ရှားတဲ့နယ်မြေထဲမှာ လုပ်ဆောင်တာတော့ ရှိပါတယ်” ဟု TNLA ၏ ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ (သောကြာနေ့) တွင် သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ ပြောဆို ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် TNLA တပ်ဖွဲ့မှ တအာင်း (ပလောင်) လူမျိုးများကို အခွန်ကောက်ခြင်း၊ စစ်သားကောက်ခြင်းများ မပြုလုပ်ရန် SSPP/SSA တပ်ဖွဲ့ကို လိပ်မူပြီး တားမြစ် ထုတ်ပြန် ပြောဆိုမှု ရှိခဲ့သည်။

ထို့အပြင် TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသမှ စစ်ဘေးရှောင်စခန်းအတွင်း ဝင်ရောက်နေထိုင်ပြီး စစ်ရှောင်များ ထံမှ ဆန် တောင်းယူနေကြောင်းလည်း သိရသည်။

လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထု နှင့် အတူ ရောနှော နေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...