လက်နက်ကြီး
လားရှိုး နမ့်ပေါင် အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန် ပွဲချင်းပြီး သေဆုံး
သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်တွင် အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ ဟိုနားကုန်းသာရွာတွင် လက်နက်ကြီးကျကာ အသက် ၂၇ နှစ်အရွယ်ရှိ နန်းကြည်ကို...
ကျောက်မဲမြို့ ဦးဇင်းတစ်ပါး နှင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်
သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဦးဇင်းတစ်ပါး နှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၇)ရက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခုံး ပရဟိတအသင်းမှ တာဝန်ရှိသူ...
လားရှိုးမြို့နယ် နေအိမ်ပေါ် လက်နက်ကြီး ကျပေါက်ကွဲ ပျက်စီး
သျှမ်းပြည် လားရှိုးမြို့နယ် ကုန်းသာကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( နိုဝင်ဘာလ ၅ ရက် ) ညပိုင်း ၈ နာရီဝန်းကျင် လားရှိုးမြို့အတွင်း လက်နက်ကြီး ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မိနစ်ပိုင်းအကြာတွင် ကုန်းသာကျေးရွာ နှင့် ပန်စုံရွာအတွင်းသို့...
လားရှိုးမြို့နယ်မှာ ၄၁ တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး
SHAN -
လားရှိုးမြို့နယ်တွင် ယနေ့ ( နိုဝင်ဘာလ ၄) ရက် နံနက်ပိုင်း ၇ နာရီခန့်တွင် စစ်ကောင်စီ ၄၁ တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ပန်ဟုန်းအုပ်စု ဟွေလော့ကျေးရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ "၁၀၂၇ စစ်ဆင်ရေး" စတင်ပြီးနောက် လားရှိုးမြို့နယ် မြို့တွင်း နှင့်...
သိန္နီမြို့နယ် စစ်ကောင်စီ နှင့် KIA တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်
သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဘုန်းကြီး ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၇) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်...
မူဆယ်မြို့နယ်အတွင်း ညအချိန် ပစ်ခတ်သံကြောင့် ဒေသခံများ ထိတ်လန့်
သျှမ်းပြည် မူဆယ်မြို့နယ်အတွင်း ညဘက် လူခြေတိတ်ချိန်တွင် ပစ်ခတ်သံများ ဖြစ်ပေါ်သည့်အတွက် ဒေသခံများမှ ထိတ်လန့်တုန်လှုပ်ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃) ရက် ည ၁၀ နာရီဝန်းကျင်တွင် မူဆယ်မြို့ပေါ် လက်နက်ကြီး အသံ နှစ်ချက် ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာပြီး အချင်းချင်း ပစ်ခတ်သည့် သေနတ်သံများလည်း...
မိုးကုတ်မြို့ နယ် နေအိမ်တစ်လုံး လက်နက်ကြီး ကျရောက်ပေါက်ကွဲ အသက် (၅) နှစ်အရွယ် သေဆုံး
မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာရှိ နေအိမ် ခြံဝန်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အသက် (၅) နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် မနက်ပိုင်း အချိန်တွင် ညောင်ကုန်းကျေးရွာမှ နေအိမ်တစ်လုံးအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ထဲရှိ အသက်...
နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်၊ ပြည်သူများ စိုးရိမ်ကြောက်လန့် အိမ်ပြင်မထွက်ရဲ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးဖြင့် တစ်နေကုန်နီးပါး ဆက်တိုက်ပစ်ခတ်နေသောကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၀) ရက် နံနက်ပိုင်း ၁၁ နာရီကျော်မှ ညနေ ၅ နာရီအထိ နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃)...
စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် စယ်လန့်ကျေးရွာနေ အမျိုးသမီး ကျည်စထိမှန်
သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . ယမန်နေ့ စက်တင်ဘာလ ၁၈ ရက် ညနေပိုင်းအချိန်တွင် စယ်လန့်ကျေးရွာအုပ်စု မန်ကန်ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးကို လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း...
ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ကြီးကျပေါက်ကွဲ နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံး
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မိုင်းယုကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးများ ကျပေါက်ကွဲမှုကြောင့် နေအိမ်များ နှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) ည ၁၀ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် မိုင်းယုကျေးရွာ...





